ဒေါ်လာသန်းချီ တန်ကြေးရှိတဲ့ ဂျက်လေယာဥ်တွေကို ပိုင်ဆိုင်ထားကြတဲ့ နာမည်ကျော် ဆယ်လီများ

နာမည်ကျော်ဆယ်လီတွေဆိုတာကတော့ ငွေကြေးချမ်းသာကြွယ်ဝသူတွေဖြစ်တာနဲ့အညီ တန်ဖိုးကြီးမားတဲ့ဇိမ်ခံပစ္စည်းတွေကိုလည်း အမြောက်အမြားပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နာမည်ကျော်ဆယ်လီတွေထဲကမှ တန်ဖိုးကြီးမားတဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တွေကို ပိုင်ဆိုင်ထားတဲ့သူတွေအကြောင်းဖော်ပြလိုက်ပါတယ်။ shwekhitonlinetv.com

၈။ လာရီပေ့ချ် – အမေရိကန်ဒေါ်လာ (၂၅) သန်း

Google ကုမ္ပဏီကိုပူးတွဲတည်ထောင်ခဲ့တဲ့ လာရီပေ့ချ်ကတော့ Boeing 767-200 အမျိုးအစားလေယာဉ်တစ်စီးကို အမေရိကန်ဒေါ်လာ (၂၅) သန်းအကုန်အကျခံပြီးဝယ်ယူခဲ့ကြပါတယ်။ ဒီလေယာဉ်ကိုတော့ သူတို့အနေနဲ့ Google Jet လို့အမည်ပေးထားခဲ့ပါတယ်။ တန်ဖိုးအရကြည့်မယ်ဆိုရင်တော့ ဒီ Google Jet ဟာ ဒီစာရင်းမှာ အဆင့် (၈) နေရာမှာရှိနေပါတယ်။ shwekhitonlinetv.com

၇။ ဂျေဇီး – အမေရိကန်ဒေါ်လာ သန်း (၄၀)

နာမည်ကျော်ရက်ပါတစ်ဦးဖြစ်တဲ့ ဂျေဇီး (Jay-Z) ကတော့ ချမ်းသာကြွယ်ဝမှုစာရင်းတွေအတော်များများမှာ ပါဝင်နေကြသူတစ်ဦးဖြစ်ပါတယ်။ ဂျေဇီးနဲ့ ဘီယွန်းဆေးတို့စုံတွဲဟာ ဇိမ်ခံအိမ်တွေ၊ ဇိမ်ခံရွက်လှေတွေ၊ ဇိမ်ခံကားတွေအများအပြားပိုင်ဆိုင်ထားတဲ့ ဆယ်လီစုံတွဲလို့လူသိများထားသလို အခုစာရင်းမှာလည်း အမေရိကန်ဒေါ်လာသန်း (၄၀) တန် ကိုယ်ပိုင်လေယာဉ်ကို ပိုင်ဆိုင်ထားတာကြောင့် ပါဝင်လာရခြင်းဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ဘီလ်ဂိတ် – အမေရိကန်ဒေါ်လာ (၄၁) သန်း

မိုက်ခရိုဆော့သူဌေးကြီးဖြစ်တဲ့ ဘီလ်ဂိတ်ကတော့ အမေရိကန်ဒေါ်လာ (၄၁) သန်းတန်တဲ့ Dassault Falcon 7X ဆိုတဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ကိုပိုင်ဆိုင်ထားတာကြောင့် ဒီစာရင်းမှာပါဝင်လာရခြင်းဖြစ်ပါတယ်။ သူ့ကိုယ်ပိုင်လေယာဉ်ရဲ့ထူးခြားချက်ကတော့ လုံခြုံရေးမြင့်မားပြီး ဖြေးညင်းစွာဆင်းသက်နိုင်အောင် စီမံထားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ တွမ်ခရု – အမေရိကန်ဒေါ်လာ (၄၅) သန်း

မင်းသားချောတွမ်ခရုကတော့ လေယာဉ်တွေကိုခရေဇီဖြစ်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါ့ကြောင့်သူ့ရဲ့ကိုယ်ပိုင်လေယာဉ်ဖြစ်တဲ့ Gulfstream IV ကိုခေတ်မီဆန်းသစ်တဲ့ ပရိဘောဂတွေနဲ့ အလှဆင်ထားပါတယ်။ သူ့ရဲ့ လေယာဉ်ဟာ ခရီးသည် (၁၉) ဦးအထိလိုက်ပါစီးနင်းနိုင်ပြီး အကောင်းဆုံးကိုယ်ပိုင်လေယာဉ်တွေထဲကတစ်စီးအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ တွမ်ခရုအနေနဲ့တော့ သူ့ရဲ့ အိမ်တွေကနေ ရိုက်ကွင်းတွေသွားတဲ့အခါမျိုး၊ သူ့ရဲ့အငယ်ဆုံးသမီးဖြစ်တဲ့ Suri ကို Disney World လိုနေရာမျိုးတွေလိုက်ပို့ဖို့အတွက် ဒီလေယာဉ်ကိုပုံမှန်အသုံးပြုလျှက်ရှိပါတယ်။ shwekhitonlinetv.com

၄။ စီလင်းဒီယွန် – အမေရိကန်ဒေါ်လာ (၄၈) သန်း

ကနေဒါနွယ်ဖွားအဆိုတော် စီလင်းဒီယွန်နဲ့ အော်ပရာဝင်းဖရေးတို့ဟာအလွန်ဆင်တူတဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တွေကိုပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။ သူမရဲ့ကိုယ်ပိုင်လေယာဉ်မှာတော့ အိမ်တစ်လုံးလိုမျိုးပရိဘောဂတွေပါဝင်တဲ့အပြင် ရေချိုးခန်းတွေနဲ့ မီးဖိုချောင်ပါ ပါဝင်တယ်လို့သိရပါတယ်။ လေယာဉ်အမှုထမ်းတွေအပြင် ခရီးသည် (၁၈) ဦးလိုက်ပါစီးနင်းနိုင်တဲ့ ဒီလေယာဉ်အတွက်ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ (၄၈) သန်းဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ အော်ပရာဝင်းဖရေး – အမေရိကန်ဒေါ်လာ (၅၂) သန်း

အော်ပရာဝင်းဖရေးကတော့ ကမ္ဘာပေါ်မှာအအောင်မြင်ဆုံးပုဂ္ဂိုလ်တွေထဲကတစ်ဦးဖြစ်ပါတယ်။ သူမဟာ အောက်ခြေကနေပြီး ထိပ်ဆုံးကိုရောက်ရှိလာတဲ့သူတစ်ယောက်လည်းဖြစ်သလို လက်ရှိအချိန်မှာဝင်ငွေတွေအများအပြားရရှိနေတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူတစ်ချိန်ကဝယ်ယူခဲ့ဖူးတဲ့ Bombardier Global Express XRS လို့အမည်ရတဲ့ လေယာဉ်ကတော့ အမြင့်ပေ (၅၁၀၀၀) လောက်ထိကို ပျံသန်းနိုင်တယ်လို့သိရပါတယ်။ ဒီလေယာဉ်ကိုသူမအနေနဲ့ အမေရိကန်ဒေါ်လာ (၅၂) သန်းအကုန်အကျခံပြီး ဝယ်ယူခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဂျင်မ်ကာရေး – အမေရိကန်ဒေါ်လာ (၅၉) သန်း

နာမည်ကြီးဟာသသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဂျင်မ်ကာရေးကလည်း တစ်ချိန်တုန်းကဟောလိဝုဒ်မှာကြေးအကြီးဆုံး အနုပညာရှင်တစ်ဦးဖြစ်ခဲ့တဲ့သူပါ။ ဒါကြောင့်လည်းသူဟာ ဇိမ်ခံကိုယ်ပိုင်ဂျက်လေယာဉ်တွေထဲမှာ အလှပဆုံးနဲ့ အဆင့်အတန်းအမြင့်ဆုံးလို့ ဆိုနိုင်တဲ့ Gulfstream V ကို အမေရိကန်ဒေါ်လာ သန်း (၆၀) နီးပါးအသုံးပြုပြီးဝယ်ယူခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ငွေကြေးတွေကို ဒီအတွက်သုံးစွဲလိုက်လို့ ဘယ်တော့မှနောင်တရမှာမဟုတ်ဘူးလို့လည်း ဂျင်မ်ကဆိုပါတယ်။ shwekhitonlinetv.com

၁။ ဒေါ်နယ်ထရန့် – အမေရိကန်ဒေါ်လာ သန်း (၁၀၀)

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်ပ်ကတော့ ဒီစာရင်းရဲ့နံပါတ် (၁) နေရာမှာရှိနေပြီး သူပိုင်ဆိုင်တဲ့ကိုယ်ပိုင်လေယာဉ်ရဲ့ တန်ဖိုးကလည်း ဒီစာရင်းမှာပါဝင်တဲ့ အခြားသူတွေရဲ့လေယာဉ်တွေထက် တန်ဖိုးများစွာကြီးမားနေပါတယ်။ အခုလိုတန်ဖိုးကြီးမားရခြင်းကတော့ လေယာဉ်ထဲက အသုံးအဆောင်တွေနဲ့ ထိုင်ခုံတွေကို ရွှေဖြင့်ပြုလုပ်ထားခြင်း၊ မီးချောင်းတွေကို ဈေးကြီးလွန်းတဲ့ Waterford Crystal များဖြင့်ပြုလုပ်ထားခြင်း၊ လေယာဉ်အပြင်ဘက်မှာ သူ့ရဲ့အမည်ကို (၂၄) ကာရက်ရွှေဖြင့်ရေထိုးထားခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply