ကမ္ဘာပေါ်က အလှပဆုံး တိရစ္ဆာန် (၁၀) မျိုး

ရွှေခေတ် ပရိတ်သတ်ကြီးအားလုံး မင်္ဂလာပါနော်…။ ပရိတ်သတ်ကြီးရေ.. ကမ္ဘာပေါ်မှာ နေထိုင်ကြတဲ့ တိရိစ္ဆာန် အားလုံးက တစ်မျိုးစီ လှပကြပါတယ်။ မတူညီတဲ့ ပုံစံ၊ အရွယ်အစား၊ အရောင်အသွေး၊ အမူအကျင့်တွေနဲ့ ရှင်သန်နေထိုင်ကြပါတယ်။ ဒါ့ကြောင့် အခုပြောပြပေးချင်တဲ့အကြောင်းကတော့ ကမ္ဘာပေါ်က အလှပဆုံးလို့ သတ်မှတ်ခံထားရတဲ့ တိရိစ္ဆာန် ( ၁၀ ) မျိုးအကြောင်းပဲဖြစ်ပါတယ်။

၁။ Macaw

Macaw လို့ခေါ်တဲ့ ကြက်တူရွေးအမျိုးအစားငှက်ဟာဆိုရင် ထူးခြားဆန်းပြားတဲ့ ငှက်မျိုးစိတ်ဖြစ်ပြီး တောင်အမေရိကတိုက်ရဲ့ မိုးသစ်တောတွေထဲမှာ နေထိုင်ကြပါတယ်။ သူတို့တွေရဲ့ တောက်ပတဲ့ အရောင်အဆင်းနဲ့ အမွှေးအတောင်တွေဟာဆိုရင် အဝါရောင်၊ ကတ္တီပါနီရောင်၊ မြစိမ်းရောင်၊ မိုးပြာရောင်နဲ့ လိမ္မော်ရောင်တို့ပေါင်းစပ်ထားပါတယ်။ ဒီကြက်တူရွေးလေးတွေက ပုံမှန်ခန္ဓာကိုယ်ဖြစ်နေပေမယ့် သူတို့အတောင်ပံတွေဖြန့်ကျက်လိုက်တဲ့အခါ ကြီးမားလွန်းတာက သူတို့ရဲ့ ဆွဲဆောင်မှုဖြစ်နေပါတယ်…။သူတို့လေးတွေ ကောင်းကင်မှာ အုပ်စုလိုက် ပျံသန်းကြတဲ့အခါ အရမ်းကို ချစ်စရာကောင်းကြပါတယ်။ သက်တန့်ကြီးရေးဆွဲထားသလို လှပလွန်းတာကြောင့်လည်း အလှဆုံးတိရိစ္ဆာန်တွေထဲက တစ်ခုအပါအဝင်ဖြစ်နေရခြင်း ဖြစ်ပါတယ်..။ shwekhitonlinetv.com

၂။ White Bengal Tiger

အဖြူရောင် ဘင်္ဂလားကျားတွေကတော့ ကမ္ဘာပေါ်ကကြီးမြတ်တဲ့ အစွမ်းသတ္တိတွေပိုင်ဆိုင်ထားတဲ့ ဘုန်းကြီးတဲ့ သတ္တဝါအဖြစ် မှတ်တမ်းတင်ခြင်း ခံထားရပါတယ်။ ဒီကျားဖြူကြီးကို မြင်လိုက်ရတဲ့ ဘယ်သူမဆို ပါးစပ်အဟောင်းသားဖြစ်သွားရပါတယ်တဲ့..။ ဒါကြောင့် တရုတ်၊ ဂရိနဲ့ ပါရှန်းလူမျိုးတွေရဲ့ ဒဏ္ဏာရီတွေမှာ အဓိကဇာတ်ကောင်တွေအဖြစ် ကျားဖြူတွေကို မြင်တွေ့နေရတာ အထူးအဆန်းတော့မဟုတ်ပါဘူးနော်..။ရှားပါးမျိုးစိတ်ဖြစ်ပြီး လှပလွန်းတာကြောင့် ဒီစာရင်းမှာ ပါဝင်နေရခြင်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Swan

ပုံပြင်တွေထဲမှာဆိုရင် ဘဲရုပ်ဆိုးလေးအဖြစ်ကနေ လှပတဲ့ငန်းဖြူလေးအဖြစ်ပြောင်းလဲသွားကြတာကို ကြားဖူးကြမယ်ထင်ပါတယ်နော်…။ဒီအချက်တွေက ငန်းတွေကသူတို့မွေးဖွားချိန်ထက် အရွယ်ရောက်လာချိန်မှာ သူတို့ရဲ့ အမွှေးအတောင်တွေက တောက်ပပြီး အဖြူရောင် ပြောင်းလဲသွားတတ်ကြလို့ပဲ ဖြစ်ပါတယ်။လှပခြင်းဟာ အချိန်တစ်ခုရောက်မှ ထွက်ပေါ်လာတတ်တယ်ဆိုတာ ငန်းတွေကိုကြည့်ရင်သိနိုင်ပါတယ်။ ငန်းတွေကလည်း ကမ္ဘာပေါ်က အလှဆုံးသတ္တဝါ တွေပဲဖြစ်ပါတယ် ပရိတ်သတ်ကြီးရေ…။ shwekhitonlinetv.com

၄။ Albino peacock

အလှဆုံး တိရိစ္ဆာန် ( ၁၀ ) မျိုးရဲ့ ပုံတွေကိုကြည့်နေရင်းကနေ အဖြူရောင်အဆင်းနဲ့ ဥဒေါင်းငှက်ရဲ့ ပုံကို ဘာနဲ့ကိုယ်စားပြုရမလဲရွေးချယ်ဖို့ အချိန်အတော်ကြာပါတယ်တဲ့…။ဒီဥဒေါင်းငှက်ရဲ့ အမွှေးတွေက နှင်းလိုမျိုး ဖြူစွတ်နေပြီးတော့ ပန်းချီကားတစ်ချပ်လို အရမ်းကိုလှပပါတယ်။ သူတို့တွေက Super model တွေလို စွဲဆောင်နိုင်ပြီး သူတို့ရဲ့ လှပမှုတွေကို ပြကြပါတယ်တဲ့…။သူတို့တွေဟာ အလှပဆုံး တိရိစ္ဆာန်ဖြစ်ရုံမက မိတ်လိုက်ဖို့အတွက် ပြိုင်ဘက်ကင်းတဲ့ ချဥ်းကပ်နည်းတွေကိုလည်း ချစ်စရာကောင်းအောင် ပြုမူကြပါသေးတယ်။ဒီလိုမျိုး အမွှေးအတောင်တွေက စွတ်စွတ်ဖြူနေရခြင်းကတော့ မျိုးရိုးအလိုက်ပါတဲ့…။ shwekhitonlinetv.com

၅။ Dolphin

လင်းပိုင်လေးတွေကတော့ သူတို့ရဲ့ပုံစံလေးတွေကိုက ချစ်စရာကောင်းနေတာပါနော်…။လူတော်တော်များများက လင်းပိုင်လေးတွေကို ချစ်ကြပြီးတော့ သူတို့ရဲ့ တင်ဆက်မှုတွေကို သဘောကျနှစ်ခြိုက်လေ့ရှိကြပါတယ်။ သင်က လင်းပိုင်လေးတွေကိုတွေ့တဲ့အခါမျိုး၊ သူတို့အုပ်စုလိုက်ကူးခတ်ကြတဲ့အခါ လှိုင်းတွေဖြစ်ပေါ်လာတာကို မြင်တွေ့ရရင် သင့်ရဲ့ခံစားချက်တွေက တိုးတက်လာနိုင်ပါသေးတယ်တဲ့..။ လင်းပိုင်လေးတွေကို ကြည့်လိုက်ရင် အမြဲပြုံးနေသလို ပါပဲနော်…။ shwekhitonlinetv.com

၆။Mandarinfish

သမုဒ္ဒရာထဲမှာ လှပတဲ့ငါးမျိုးစုံ နေထိုင်ကြတဲ့အထဲကမှ Mandarinfish လို့ခေါ်တဲ့ ဒီငါးလေးတွေကတော့ အရောင်အသွေးစုံလင်ပြီး ထည်ဝါစွာနဲ့ ရှင်သန်နေထိုင်ကြပါတယ်။ သူတို့ခန္ဓာကိုယ်ကနေ လျှပ်စစ်ဓာတ်တစ်မျိုးကို ထုတ်နိုင်ပြီး ဒါကလဲသူတို့ကိုပိုပြီး တောက်ပစေတဲ့အကြောင်းပါပဲ ပရိတ်သတ်ကြီးရေ…။ဒီငါးတွေကတော့ ပင်လယ်ရေအောက်မှာ ဓာတ်ပုံရိုက်တဲ့ ဓာတ်ပုံဆရာတွေရဲ့ ရှာဖွေမှုအများဆုံး ငါးလဲဖြစ်ပါတယ်။ ကိုယ်ပိုင်အလင်းရောင်ကို ထုတ်လွှတ်နိုင်ပေမယ့်လည်း သူတို့လေးတွေကအရမ်းကိုရှက်တတ်ပါတယ်တဲ့…။ ညအခါမှ သာ သူတို့ရဲ့အဖော်နဲ့ အပြင်ထွက်လေ့ရှိပါတယ်။ သူတို့လေးတွေ ကူးခတ်သွားတာကို သင်သာတွေ့လိုက်ရမယ်ဆိုရင် ကမ္ဘာပေါ်မှာ ဒီငါးလေးတွေက အလှပဆုံးဆိုတာ လက်ခံသွားပါလိမ့်မယ်တဲ့နော်…။ shwekhitonlinetv.com

၇။Chameleon

ဒီမျိုးစိတ်ကတော့ ပုတ်သင်ညိုမျိုးစိတ်ထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ သူတို့တွေက သူတို့ရောက်ရှိနေတဲ့ ပါတ်ဝန်းကျင်အလိုက် အရောင်အပြောင်းအလဲ ပြုလုပ်နိုင်ကြပါတယ်။သူတို့တွေရဲ့ အရေပြားထဲမှာ chromatophores လို့ခေါ်တဲ့ ဆဲလ်တွေပါဝင်နေတာကြောင့် အရောင်ပြောင်းလဲမှုတွေပြုလုပ်နိုင်တာပဲဖြစ်ပါတယ်။ ဒီအရေပြားဆဲလ်ကြောင့် သူတို့တွေဟာ ပါတ်ဝန်ကျင်နဲ့ ရောနှောနေထိုင်တာမျိုး၊ တစ်ခြားသားကောင်ကြီးတွေရန်ကလွတ်အောင် ပုန်းကွယ်နေထိုင်ခြင်းမျိုးတွေ ပြုလုပ်နိုင်ကြတာပါတဲ့ ပရိတ်သတ်ကြီးရေ…။ shwekhitonlinetv.com

၈။Friesian horse

ဒီမြင်းတွေကတော့ အရမ်းကို လှပကြော့ရှင်းတဲ့ မြင်းအမျိုးအစားပဲဖြစ်ပါတယ်။နယ်သာလန်နိုင်ငံကနေ ဆင်းသက်လာပြီးတော့ ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး အိမ်တွင်းမွေးတဲ့ မြင်းမျိုးစိတ်ပဲဖြစ်ပါတယ်။ သူတို့ရဲ့ ဘိုးဘေးတွေဟာဆိုရင် ( ၂၀ ) ရာစုလောက်က လူသားတွေကို အလွန်အကျွံ အမဲလိုက်ခဲ့ခြင်းကြောင့် သုတ်သင်ရှင်းလင်းခံခဲ့ရတဲ့ တာပန် မြင်းအမျိုးအစားတွေပဲဖြစ်ပါတယ်။ သူတို့တွေကိုတော့ သမိုင်းမှာ အရိုင်းစိုင်းဆုံးမြင်းလို့ လူသိများကြပါတယ်။ shwekhitonlinetv.com

၉။Siberian Husky

ဆိုက်ဘေးရီးယားဟက်စကီးအမျိုးအစားခွေးတွေကတော့ အလှပဆုံးခွေးအမျိုးအစားအဖြစ် သတ်မှတ်ခံထားရပါတယ်။ အပြာရောင်မျက်လုံးတွေကို ပိုင်ဆိုင်ထားပြီးတော့ အဖြူရောင်နဲ့ မီးခိုးရောင်ပေါင်းစပ်ထားတဲ့ ခန္ဓာကိုယ်နဲ့ တစ်ကယ့်ကို လှပကြော့ရှင်းနေတဲ့အချက်က သူတို့ရဲ့ ဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။Glasswinged butterfly

ဒီလိပ်ပြာလေးတွေကတော့ သူတို့ရဲ့ ဖန်သားလိုမျိုးဖြစ်နေတဲ့ တောင်ပံလေးတွေကြောင့် ဒီစာရင်းမှာ ပါဝင်ခဲ့ရခြင်းဖြစ်ပါတယ်။အညိုရောင် အနားသတ်တွေနဲ့ အဖြူရောင်အစင်းလေးတွေကလွဲပြီး ကျန်တဲ့နေရာကအရောင်ပြောင်းနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့် သူတို့တွေဟာ အပင်တွေနဲ့ရောနှောနေနိုင်ပြီး သားကောင်တွေရဲ့ရန်ကနေ ကာကွယ်နိုင်ခြင်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီတိရိစ္ဆာန်တွေကတော့ ခမ်းနားထည်ဝါတဲ့ တိရိစ္ဆာန် စာရင်းမှာပါဝင်ပြီးတော့ မတူညီတဲ့ကိုယ်ပိုင်ဟန်တွေနဲ့ လှပနေကြတဲ့ တိရိစ္ဆာန်တွေပဲ ဖြစ်ပါတယ်…။တစ်ကယ်လို့ ဒီထဲမှာ ပရိတ်သတ်ကြီးအကြိုက်နဲ့ ထပ်တူညီတာရှိရင်လည်း ပြောခဲ့ပေးပါဦးနော်…။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။