သေသွားပြီလို့ ဆရာဝန်တွေ သတ်မှတ်ပြီးမှ ထူးဆန်းစွာ ပြန်လည်ရှင်သန်လာတဲ့ လူတွေရဲ့ ဖြစ်ရပ်မှန်များ

ပရိသတ်ကြီးကို အခု တစ်ခါမှာတော့ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးက သေသွားပြီလို့ ဆရာဝန်တွေ သတ်မှတ်ပြီးမှ ထူးဆန်းစွာ ပြန်လည်ရှင်သန်လာတဲ့ လူတွေရဲ့ ဖြစ်ရပ်မှန် အကြောင်းပဲ ဖြစ်ပါတယ် ။ ဘ၀ဆိုတာ ဆန်းကြယ်သော အရာတွေ နဲ့ ပြည့်နှက်နေတယ်လို့ ဆိုရမှာ ဖြစ်ကာ အခု ပြောပြပေးမယ့် လူတွေဟာလည်း ဘယ်လို ဆန်းကြယ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com

၁ ။  Anna Bågenholm

ဆရာဝန် တစ်ယောက်ဖြစ်တဲ့  Anna Bågenholm ဟာ ရေတံခွန် အနားမှာ နှင်းလျှောစီးနေရင်း ရုတ်တရက် မတော်တဆ ဖြစ်သွားကာ ခဲနေတဲ့ ရေကန်ထဲကို ပြုတ်ကျသွားကာ ခေါင်းနဲ့ တိုက်မိပြီး နစ်သွားခဲ့ပါတယ် ။ ဒီလိုနဲ့ Anna ဟာ အတော်လေးအေးတဲ့ ရေခဲမျက်နှာပြင်အောက်မှာ မိနစ် (၈၀ ) ကြာအောင် ပိတ်မိနေခဲ့ပြီးတော့ သူမ နဲ့အတူပါလာတဲ့ Air pocket ကလည်း နာရီဝက်လောက်အထိပဲ အသုံးပြုလို့ရတာကြောင့် ရတဲ့အချိန်လေးကို အသက်ရှုဖို့ ကြိုးစားခဲ့ရပါတယ် ။ အချိန်ကြာလာတာနဲ့ အမျှ ရေတွေ အေးစက်မှုကြောင့် Anna ဟာ အသားတွေ ထုံကျင်လာပြီး မောပန်းမှုကို ခံစားလာရကာ ကျန်တဲ့ မိနစ် ( ၄၀ ) ကို ဖြတ်သန်းခဲ့ရပါတယ် ။ shwekhitonlinetv.com

ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ကယ်ဆယ်ရေး အဖွဲ့တွေက သူမကို ရှာတွေ့ခဲ့ပြီး ဆေးရုံကို ပို့ဆောင် ပေးခဲ့ပါတော့တယ် ။ ဆေးရုံကို ရောက်ရှိချိန်မှာတော့ သူမရဲ့ ခန္ဓာကိုယ် အပူချိန်ဟာ ( ၅၆ ) ဒီဂရီ ဖာရင်ဟိုက်အောက်ကို ကျဆင်းနေပြီး နှလုံးကလည်း ( ၂ ) နာရီနီးပါး ရပ်တန့်သွားပါတော့တယ် ။ ဆရာဝန်တွေကတော့ ကယ်တင်ဖို့ ခက်ခဲမှန်း သိပေမယ့်လည်း ကြိုးစားပြီး ကုသပေးခဲ့ရာမှာတော့ ( ၉ ) နာရီလောက်အကြာမှာ Anna တစ်ယောက် အသက်ပြန်ရှင်လာခဲ့ပါတယ် ။ အသက်ပြန်ရှင်လာခဲ့ပေမယ့်လည်း ထိခိုက်မှုကြောင့် ခြေထောက် နဲ့ လက်ရဲ့ အကြောတစ်ချို့ ပျက်စီး သွားခဲ့ရပေမယ့် ဦးနှောက်ထိခိုက်မိတာတော့ မရှိခဲ့ပါဘူး ။ shwekhitonlinetv.com

၂ ။ Gabrielle Giffords

(၂၀၁၁ ) ခုနှစ် ဇန်နဝါရီလတုန်းက အမေရိကန်နိုင်ငံ အရီဇိုးနား ပြည်နယ်က ပြည်ထောင်စု ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ Gabrielle Giffords ဟာ လုပ်ကြံမှု တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ် ။ ထို လုပ်ကြံပစ်ခတ်မှုမှာတော့ လူ ( ၆ ) ဦး ဆုံးပါးသွားပြီး Gifords ကတော့ ခေါင်းကို ကျည်ဆန်မှန်တဲ့ ဒဏ်ရာ အကြီးစား ရရှိသွားခဲ့ပါတယ် ။ ဆရာဝန်တွေကတော့ သူမကို ဦးနှောက် ရောင်ရမ်းခြင်းကနေ ကာကွယ်ဖို့အတွက် ဦးခေါင်းခွံ အစိတ်အပိုင်း တစ်ချို့ကို ဖယ်ထုတ်ပေးခဲ့ကာ ဒီ့ထက်ပိုပြီး မစွမ်းနိုင်တော့တာကြောင့် ကြာရှည် သတိမေ့မျောသွားအောင် လုပ်ပေးခဲ့ပါတယ် ။ shwekhitonlinetv.com

ကံကောင်းစွာနဲ့ပဲ Giffords ခေါင်းကို ထိသွားတဲ့ ကျည်ဆန်ဟာ ဦးခေါင်းခွံရဲ့ အရှေ့ကနေ အနောက်ကို တည့်တည့်ကြီး ဖြတ်သွားတာကြောင့် ဆိုးဆိုးဝါးဝါး မထိခိုက်ခဲ့ပါဘူး ။ နောက်ပိုင်းမှာတော့ Griffords ဟာ ပြန်လည် ကောင်းမွန်လာပြီး အသက်ပြန်ရှင်လာခဲ့ပါတော့တယ် ။ ဒါပေမယ့် ထိခိုက်မှုတစ်ချို့ကြောင့် သူမရဲ့ ညာဘက်လက်ဟာ လေ ဖြန်းသလို ဖြစ်သွားပြီး စကားပြောတာ နဲ့ လမ်းလျှောက်တာတွေမှာလည်း ပြန်လည် ကောင်းမွန်လာအောင် ကြိုးစားနေရဆဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃ ။ Anatoli Bugorski

( ၁၉၇၈) ခုနှစ်တုန်းက ရုရှား ရူပဗေဒပညာရှင် တစ်ယောက်ဖြစ်တဲ့ Anatoli Bugorski မတော်တဆမှု တစ်ခု ကြောင့် ပရိုတွန် ရောင်ခြည်တစ်ခုနဲ့ ခေါင်းကို ထိခိုက်မိခဲ့ပါတယ် ။ Bugorski ဟာ ထို အမှုန်အရှိန် မြင့်စက်ကို အလင်းအရှိန် နီးပါး ရအောင် ကြိုးစားရာကနေ အခုလို ကြုံတွေ့ခဲ့ရတာပါ ။ ဒီလို မတော်တဆမှုမျိုးကို တစ်ခါမှ မကြုံဖူးတာကြောင့် ဆရာဝန် အပါအဝင် လုပ်ဖော်ကိုင်ဖက်တွေဟာ Bugorski ကို အသက်ပြန်ရှင်လိမ့်မယ်လို့တောင် ထင်မထားခဲ့ပါဘူးတဲ့ ။ shwekhitonlinetv.com

ဒါပေမယ့် ထူးဆန်းစွာနဲ့ပဲ Bugorski ဟာ သတိပြန်ရလာခဲ့ပြီး ဘာနာကျင်မှုမှလည်း မခံစားခဲ့ရကာ သတိမေ့နေစဉ်အတွင်းမှာ သူ မြင်ဖူးသမျှ အလင်းရောင်တွေ ထက် တောက်ပတဲ့ အလင်းတန်း တစ်ခုကို မြင်တွေ့ခဲ့ရတယ်လို့ ပြောခဲ့ပါတယ် ။ ဒါပေမယ့် ထိခိုက်မှု ဒဏ်ကြောင့် Bugorski ရဲ့ ဘယ်ဘက် နားဟာ အကြားအာရုံ ပျက်စီးသွားပြီး ဘယ်ဘက် မျက်နှာ တစ်ခြမ်းဟာလည်း သွက်ချာပါဒ လိုက်သလို ဖြစ်သွားခဲ့ရပါတော့တယ် ။ အကောင်းဘက်က ကြည့်ရင်တော့ Bugorski ဟာ အသက်မရှင်နိုင်လောက်ဘူးလို့ ထင်ခဲ့ရတဲ့ အခြေအနေကနေ အသေးစား ဒဏ်ရာလေးတွေသာရခဲ့ပြီး အသက်ဘေးက လွတ်ခဲ့တာကြောင့် ကံကောင်းတယ်လို့ပဲ ပြောရမှာပါ ။ shwekhitonlinetv.com

၄ ။ Tsutomu Yamaguchi 

( ၁၉၄၅ ) ခုနှစ် ဩဂုတ် ( ၆ ) ရက်နေ့တုန်းက Tsutomu Yamaguchi  လို့ ခေါ်တဲ့ အမျိုးသားဟာ ဟီးရိုးရှီးမား မြို့ကို အလည်အပတ် အနေနဲ့ ရောက်ရှိလို့ လာခဲ့ပါတယ် ။ ဒါပေမယ့် ထိုနေ့မှာ အမေရိကန် လေတပ်ဟာ ဟီးရိုးရှီးမား မြို့ပေါ်ကို နျူးကလီးယား ဗုံးကြဲချတဲ့ ဒဏ်ကို Yamaguchi တစ်ယောက် ကြုံတွေ့ခဲ့ရပါတော့တယ် ။ ကြဲချတဲ့ ဗုံးဒဏ်ကြောင့် ဟီးရိုးရှီးမား မြို့ပေါ်က လူတော်တော်များများ ပျက်စီးဆုံးရှုံး သွားခဲ့ရပေမယ့် Yamaguchi နဲ့ တစ်ချို့သူတွေကတော့ အသက်ရှင်ကျန်ခဲ့ရပါတယ် ။ ဒါပေမယ့် ဗုံးဒဏ်ကြောင့် Yamaguchi ရဲ့ ကိုယ် အစိတ်အပိုင်း တစ်ချို့ဟာ ဗုံးဒဏ်ကြောင့် အပူလောင်တာ ခံစားခဲ့ရတဲ့ အပြင် နားစည်ပါ ထိခိုက်မိခဲ့ပါတယ် ။ shwekhitonlinetv.com

ဒီလိုနဲ့ ( ၃ ) ရက်ကြာတဲ့ နောက်မှာတော့ Yamaguchi ဟာ သူ့ဇနီးနဲ့သား နေထိုင်တဲ့ နာဂါစကီ မြို့လေးကို ပြန်လာခဲ့ပါတယ် ။ အားလုံးသိကြတဲ့ အတိုင်း အမေရိကန် က ဂျပန်နိုင်ငံ အပေါ် ကျဲချတဲ့ ဒုတိယမြောက် ပလူတိုနီယမ် ဗုံးဟာ နာဂါစကီ မြို့လေးအပေါ် ကျရောက်ခဲ့ပါတော့တယ် ။ ဒါပေမယ့် ဒီတစ်ခါ ဗုံးဒဏ်ကိုတော့ Yamaguchi အပြင် သူ့ဇနီးနဲ့သားပါ လွတ်မြောက်သွားခဲ့ပါတယ် ။ နယူးကလီးယား ဗုံးဒဏ်ကို ( ၂ ) ကြိမ်တိုင်တိုင် ခံစားခဲ့ရတဲ့ Yamguchi ဟာ ဓာတ်ရောင်ခြည် သင့်မှုကြောင့် ဖျားနာတာမျိုး ဖြစ်ခဲ့ပေမယ့် အသက်ဘေးက လွတ်ခဲ့ပြီး မိသားစုနဲ့အတူ ပျော်ရွှင်စွာ‌ နေထိုင်ခဲ့ပါတယ် ။ shwekhitonlinetv.com

၅ ။ Paul Mutora

(၂၀၁၄ ) ခုနှစ် ၊ ဇန်နဝါရီ လတုန်းက ကင်ညာနိုင်ငံမှာ နေထိုင်တဲ့ Paul Mutora ဆိုသူ အမျိုးသားဟာ ပိုးသတ်ဆေးသောက်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပါတယ် ။ အသက် ( ၂၄ ) နှစ် အရွယ်ရှိတဲ့ Paul ကို ဆေးရုံသို့ ပို့ခဲ့ပေမယ့်လည်း ဆရာဝန်တွေက မကယ်နိုင်တာကြောင့် လက်လျော့ခဲ့ရပါတယ် ။ ဒီလိုနဲ့ မနက်ပိုင်း အချိန်မှာ Paul ရဲ့ မိသားစုတွေဟာ သူ့ရဲ့ ရုပ်အလောင်းကို လာရောက်ကြည့်ရှုခဲ့ပြီး နေ့လည်ခင်းမှာတော့ Paul အတွက် ဈာပန ပြင်ဆင်ဖို့ အိမ်ကိုပြန်လာခဲ့ကြပါတော့တယ် ။ ရုပ်အလောင်းကိုတော့ ဆေးရုံမှာရှိတဲ့ ရေခဲတိုက်မှာပဲ ထားပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။ shwekhitonlinetv.com

ဒီလိုနဲ့ ရေခဲတိုက်မှာ ထားပြီး ( ၂၄ ) နာရီ ကြာမြင့်သွားချိန်မှာတော့ Paul ဟာ အသက်ပြန်ရှင်လာပြီး ရုတ်တရက် ထထိုင်လာတာကြောင့် ဆေးရုံစောင့်နေတဲ့ လူတွေက လန့်ပြီး ထွက်ပြေးသွားခဲ့ကြပါတော့တယ် ။ အသက်ရှင်ပြန်ရှင်လာတဲ့ Paul ကို ဆေးရုံမှာ ပြန်လည် ကုသပေးခဲ့ပြီး ဆေးရုံအုပ် ဒေါက်တာ Joseph Mburu က Paul ရဲ့ နှလုံးခုန်နှုန်း နှေးကွေးတာကို လျော့ချပေးဖို့အတွက် ဆေးကုသမှု လုပ်ပေးခဲ့ရပါတယ် ။ ဆေးရုံအုပ်ကြီးကတော့ ဒီလို ဖြစ်ရပ်ဟာ ဆေးပညာ ရှုထောင့်က ကြည့်ရင် အတော့်ကို ရှုပ်ထွေးပြီး ဖြေရှင်းပြလို့ မရနိုင်ဘူးလို့ ပြောခဲ့ပါတယ် ။ အသက်ပြန်ရှင်လာတဲ့ Paul ကတော့ သူ့ရဲ့ မိသားစု တွေနဲ့ ဆေးရုံ ဝန်ထမ်းတွေကို တောင်းပန်ခဲ့ပြီး နောက်ထပ် ဒါမျိုး မလုပ်တော့ပါဘူးလို့လည်း ကတိပေးခဲ့ပါတယ်တဲ့ …. shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တာကတော့ အသက်ဘေးက နေ လွတ်မြောက်ပြီး ပြန်လည် အသက်ရှင်လာသော လူတစ်ချို့ရဲ့ ဖြစ်ရပ်တွေကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။  နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာလေးတွေကို တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှု ပေးကြပါဦးနော် …. shwekhitonlinetv.com