နိုင်ငံတကာက ပညာရှင်တွေ တီထွင်နိုင်ခဲ့တဲ့ ထူးခြားသော ခေတ်လွန်နည်းပညာ ( ၇ ) မျိုး

အခုတစ်ခါ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ နိုင်ငံတကာက ပညာရှင်တွေ တီထွင်နိုင်ခဲ့တဲ့ ထူးခြားသော ခေတ်လွန်နည်းပညာတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ နည်းပညာဆိုတာ တစ်နေ့ထက် တစ်နေ့ အလျင်အမြန် တိုးတက်နေတဲ့ အရာ ဖြစ်ပြီး ထွက်ပေါ်လာတဲ့ နည်းပညာတွေ ထဲကမှ စိတ်ဝင်စားစရာ ကောင်းတာတွေလည်း အများကြီး ရှိလာပါတယ် ။ ဒါ့ကြောင့် ဘယ်နည်းပညာတွေက ခေတ်လွန် နည်းပညာတွေ ဖြစ်မလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းဆီကို ကြည့်လိုက်ပါ ဦးနော် …. shwekhitonlinetv.com

၁ ။ FLYTE မီးသီး

ဆွီဒင်နိုင်ငံမှာ ဒီဇိုင်းဆွဲပြီး ဖန်တီးထားတဲ့ FLYTE မီးသီး ဟာဆိုရင် ပုံမှန်မြင်နေကျ မီးသီးတွေ ထက် ထူးခြားပြီး လေပေါ်ဝဲနေတဲ့ ပုံစံမျိုး ဖြစ်နေတာပါ ။ သံလိုက်ဆွဲငင်အားကို အသုံးပြုထားတဲ့ ဒီ မီးသီးဟာဆိုရင် အောက်ခြေကိုတော့ ပိတောက်သား ၊ ပြာ နဲ့ သစ်ကြားသားတို့ကို ပေါင်းစပ်ပေးထားတာကြောင့် ကြာရှည်ခံမှာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် FLYTE မီးသီးတွေကို မရပ်မနား ဖွင့်ထားမယ်ဆိုရင် နာရီပေါင်း ( ၅ ) သောင်းအထိ ဖွင့်လို့ရမှာ ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ပြောရရင် ( ၁၁ ) နှစ် နီးပါး အသုံးပြုပြီး မီးထွန်းနိုင်မှာပါ ။ shwekhitonlinetv.com

၂ ။ Flexwarm စမတ် ဂျာကင်

နောက်ထပ် ပြောပြပေးမယ့် နည်းပညာ ကတော့ အေးတဲ့ အရပ်ဒေသမှာ နေထိုင်သူတွေအတွက် အတော်လေးကို အဆင်ပြေစေမှာပဲ ဖြစ်ပါတယ် ။ ဒါကတော့ Flexwarm က နေ ထုတ်လုပ်ထားသော စမတ် ဂျာကင်လေးပဲ ဖြစ်ပါတယ် ။ ဒီ ဂျာကင်ဆိုရင် ရာသီဥတု အေးတဲ့ အခါ သက်သာစေရန်အတွက် ဂျာကင် ရဲ့ ရင်ဘတ် ၊ လက်ကောက်ဝတ် ၊ နောက်ကျောဘက် နားတွေမှာ အပူပေး ကိရိယာလေးတွေ တပ်ပေးထားတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ဂျာကင်ဝတ်ထားသူကို သက်တောင့်သက်သာ ရှိစေရန်အတွက် အလိုအလျောက် အပူချိန်ကို ထိန်းညှိပေးထားတဲ့ Sensor လည်း ပါဝင်ပါသေးတယ် ။ ဒီဇိုင်းပိုင်းကို ကြည့်မယ်ဆိုရင်လည်း အားကစား ဖက်ရှင် နဲ့ အပြင် ထသွား ထလာ ဖက်ရှင် အဖြစ်လည်း ဝတ်လို့ ရအောင် ပုံဖော်ပေးထားပါသေးတယ် ။ shwekhitonlinetv.com

၃ ။ Dolfi အဝတ်လျှော်စက်

Dolfi လို့ ခေါ်တဲ့ အဝတ်လျှော်စက်လေးကတော့ ရှေ့ပြေး ပုံစံ အသစ်အနေနဲ့ ဒီဇိုင်းဆွဲပြီး ထုတ်လုပ်ဖန်တီးထားတဲ့ စက်ကလေးပဲ ဖြစ်ပါတယ် ။ ဒီ အဝတ်လျှော်စက်လေး ရဲ့ အလုပ်လုပ်ပုံကတော့ အသေအချာ ချိန်ညှိထားတဲ့ Ultrasonic လှိုင်းတွေကို အသုံးပြုပြီး အဝတ်အစားပေါ်က ညစ်ပေနေတဲ့ အရာကို အလိုအလျောက် ဖယ်ရှားပြီး သန့်စင်ပေးမှာပဲ ဖြစ်ပါတယ် ။ နေ့တိုင်း ကိုယ်ဝတ်ထားတဲ့ အဝတ်အစားတွေကို ဆပ်ပြာနဲ့ မပြောင်မချင်း လျှော်ရတာကို မကြိုက်သူတွေ အတွက်တော့ Dolfi အဝတ်လျှော်စက်လေးက တစ်ကယ့်ကို အသုံးတည့်စေမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄ ။ ဆိုလာ စွမ်းအင်သုံး လမ်းမကြီး

ဆိုလာ စွမ်းအင်သုံး လမ်းမ ဆိုပေမယ့် တစ်ကယ်တမ်းမှာတော့ လမ်းမတစ်ခုလုံးကို ဆိုလာစွမ်းအင် သုံးထားတာ မဟုတ်ပဲ  ဆိုလာ စွမ်းအင်ပြားတွေကို လမ်းလယ် အမှတ်အသား အဖြစ် ထားရှိပေးထားတာပါ ။ ဒါ့အပြင် ထို ဆိုလာ ပြားတွေကို အကြမ်းခံစေရန် နာမည်ကြီး Gorilla Glass မှန်ကို အသုံးပြုထားပြီး ဆိုလာပြားတွေပေါ်မှာ ဖုံးအုပ်ပေးထားပါတယ် ။ ဆောင်းတွင်းရောက်ရင်လည်း လမ်းမပေါ်ရှိနေတဲ့ ဆီးနှင်းတွေကို အလွယ်တကူ အရည် ပျော်အောင် ဆိုလာပြားကနေ တဆင့် အပူထုတ်ပေးနိုင်သေးတာကြောင့် ဆောင်းရာသီရောက်ရင်တောင် ကားမောင်းသူတွေအတွက် အမြင်ရှင်းရှင်းလင်းလင်း နဲ့ မောင်းနှင်နိုင်မှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅ ။ Ruggie

Ruggie ဆိုတာကတော့ ပုံမှန် နှိုးစက် မတိုးတော့ပဲ အအိပ်ကြီးသူတွေအတွက် ဖန်တီးပေးထားတဲ့ ခြေနင်းဖျာ ပုံစံ နှိုးစက်ပဲ ဖြစ်ပါတယ် ။ တစ်ကယ်လို့ နှိုးစက်ကို ပိတ်ချင်တယ်ဆိုရင် အိပ်ယာက ထပြီး ခြေထောက် ( ၂ ) ချောင်း လုံးနဲ့ ( ၃ ) စက္ကန့်ကြာဖိထားပေးမှ alarm မြည်တာ ရပ်မှာပဲ ဖြစ်ပါတယ် ။ အိပ်ယာက မထမချင်း နှိုးစက်က မရပ်မနား မြည်နေမှာ ဖြစ်ပြီး ပုံမှန်နှိုးစက်နဲ့ အလုပ်မဖြစ်တော့တဲ့သူတွေကတော့ ဒီနှိုးစက်လေးနဲ့မှ အဆင်ပြေနိုင်မှာပါ ။ shwekhitonlinetv.com

၆ ။ ရေသန့်စင်ပေးတဲ့ စက်

Lifestraw လို့ အမည်ပေးထားတဲ့ ဒီရေသန့်စင် စက်လေးရဲ့ အစွမ်းကတော့ ဘက်တီးရီးယား ( ၉၉.၉ ) ရာခိုင်နှုန်း နဲ့ ဗိုင်းရပ်စ်ပိုး ( ၉၆.၂ ) ရာခိုင်နှုန်း အထိ ဖယ်ရှား ရှင်းလင်းပေးနိုင်ပါတယ်တဲ့ ။ ဒီ စက်ကလေးကိုတော့ အရေးပေါ် သန့်ရှင်းသော ရေ သောက်ဖို့ နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ရေရှားပါးသော ဒေသတွေမှာ အသုံးပြုနိုင်အောင် တီထွင်ပေးထားတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ထို ရေသန့်စင် စက်လေးဟာ ကမ္ဘာပတ်ပြီး ခရီးသွားသူတွေ အကြား အတော်လေးကို ရေပန်းစားနေပြီး မြစ်ချောင်း ၊ အင်းအိုင်တို့က ရေ တွေကို ဒီစက်လေးသုံးပြီး ဘေးကင်းစွာ သောက်သုံးနိုင်မှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၇ ။ Husband-hunting bra

နောက်ထပ် ထူးထူးဆန်းဆန်း တီထွင်ထားတဲ့ ပစ္စည်းကတော့ Husband-hunting bra ဆိုတဲ့ ပစ္စည်းလေးပဲ ဖြစ်ပါတယ်။ ဒီပစ္စည်းလေးကိုတော့ ဂျပန်နိုင်ငံက တီထွင်ထားတာဖြစ်ပြီး ဝတ်ဆင် ထားသူ အမျိုးသမီးဟာ အသက် ( ၃၀ ) ပြည့်ဖို့ အချိန် ဘယ်လောက်ပဲ လိုတော့တယ် ဆိုတာကို Bra ပေါ်က ဒီဂျစ်တယ် မျက်နှာပြင်မှာ ပြသ ပေးမှာပဲ ဖြစ်ပါတယ် ။ နောက်ပြီး ဒီအမျိုးသမီးဝတ် ဘရာ ထဲမှာ လက်စွပ်ထည့်ဖို့အတွက် အံကပ်လေးတစ်ခုပါရှိပါသေးတယ် ။ shwekhitonlinetv.com

အကြောင်းကတော့ ဝတ်ဆင်ထားသူ အမျိုးသမီးဟာ လက်ထပ်ခွင့်အတောင်းခံရတဲ့ လက်စွပ်လေးကို ဒီအံကပ်လေးထဲကို ထည့်လိုက်မှသာ အသက် ( ၃၀ ) ပြည့်ဖို့ ရေတွက်နေတဲ့ အချိန်က ရပ်သွားမှာပဲ ဖြစ်ပါတယ် ။ နောက်ပြီး ဒီ အမျိုးသမီး ဝတ် ဘရာကို ဝတ်ဆင်သူတွေ အတွက် လက်မထပ်ခင် နှစ်ဦးသဘောတူ အချက်လေးတွေ ရေးနိုင်ဖို့ စာချုပ်နဲ့ ဘောပင်လေးပါ တီထွင်တဲ့သူက ထည့်ပေးထားပါသေးတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ နိုင်ငံတကာက ပညာရှင်တွေ တီထွင်နိုင်ခဲ့တဲ့ ထူးခြားသော ခေတ်လွန်နည်းပညာ အကြောင်းပဲ ဖြစ်ပါတယ် ။ နောက်တစ်ခေါက်တွေမှာလည်း အခုလိုမျိုး ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာ မို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com