ဆေးလိပ်သောက်ခြင်းထက်တောင် ပိုပြီး ကျန်းမာရေးထိခိုက်စေတဲ့ အစားအစာ (၅) မျိုး

ကျန်းမာရေးနဲ့ရှုထောင့်ကကြည့်မယ် ဆိုရင်တော့ စီးကရက်သောက်သုံးတဲ့သူတွေဟာ ရေရှည်မှာ ဆိုးရွားတဲ့ရောဂါ ဘယတွေကိုရရှိစေနိုင်တာက အားလုံးသိပြီးသား ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးလိုက်စားသူတော်တော်များများကတော့ ဆေးလိပ် နဲ့ စီးကရက် သောက်သုံးခြင်းကိုရှောင်ကျဉ်လေ့ရှိပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်လည်း လေ့လာမှုတွေအမြဲမပြတ် ပြုလုပ်နေတဲ့ ဆေးပညာသုတေသီတွေရဲ့ နောက်ဆုံးတွေ့ရှိတဲ့ အချက်အလက်တွေကတော့ အံ့အားသင့်ဖွယ်ကောင်းလှပါတယ်။ ဒါကတော့ လူသားတွေနေ့စဉ် အမှုမဲ့အမှတ်မဲ့ စားသောက်နေတဲ့ အစားအစာအချို့ဟာလည်း ရေရှည်မှာ စီးကရက်သောက်သုံးသူတွေထက်တောင် ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့်လည်း ဘယ်လိုအစားအစာတွေက စီးကရက်ထက်တောင် ကျန်းမာရေးကို ဆိုးရွားနိုင်မလဲဆိုတာသိရှိထားနိုင်ဖို့ အခု ဆောင်းပါးလေးကို ဆက်လက်ဖတ်ရှုပေးပါဦးနော် ……

၁။ အသင့်သောက်သုံး သစ်သီးဖျော်ရည်များ

ပုံမှန်အားဖြင့်တော့ လတ်ဆက်တဲ့သစ်သီးဝလံတွေဆိုတာ လူ့ခန္ဓာကိုယ်အတွက် ဗီတာမင်ဓာတ်ကို ပေးစွမ်းနိုင်တယ်လို့ အများစုသိထားကြတာဖြစ်ပါတယ်။ ဒါကလည်း မမှားတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီသစ်သီးတွေကို နည်းလမ်းမျိုးစုံနဲ့ ပြုပြင်ပြီး အသင့်သောက်သုံးနိုင်တဲ့ ဖျော်ရည်တွေအဖြစ် ပြုပြင်လိုက်တဲ့အခါမှာတော့ ဗီတာမင်ဓာတ်အများစုဟာ ဆုံးရှုံးသွားတယ်ဆိုတာကတော့ လူတွေသတိမပြုမိတဲ့ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ shwekhitonlinetv.com

ပိုဆိုးတာက ထုပ်ပိုးမှုပုံစံတွေကို လိုက်ပြီး ရေရှည်သောက်သုံးတဲ့အခါမှာ နောက်ဆက်တွဲရောဂါ တွေကိုခံစားရနိုင်တာပဲဖြစ်ပါတယ်။ အချို့သစ်သီးဖျော်ရည်တွေနဲ့ အချိုရည်တွေဟာ သကြားဓာတ်များစွာပါဝင်တဲ့အပြင် ကြာရှည်ခံနိုင်တဲ့ ဓာတုပစ္စည်းတွေလဲပါဝင်နေတာကြောင့် ဆီးချို နဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေဟာ ဆေးလိပ်သောက်သုံးသူတွေထက်တောင် ရာခိုင်နှုန်းများနေတယ်လို့ သုတေသန ပြုလုပ်မှုတွေအရသိရပါတယ်။ shwekhitonlinetv.com

၂။ ဆူရှီ

ဆူရှီဆိုတာကတော့ ဒီနေ့ခေတ် လူငယ်တွေရဲ့အကြိုက် ပေါ်ပြူလာအဖြစ်ဆုံး အစားအစာတွေထဲကတစ်ခုဖြစ်မယ်ထင်ပါတယ်။ ဈေးဝယ်စင်တာတွေနဲ့ လူစည်ကားတဲ့နေရာတော်တော်များများမှာ ဆူရှီကို ဝယ်ယူသုံးဆောင်နိုင်မှာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဆူရှီက တော့သူ့ချည်းသက်သက်ဆို အန္တရာယ်မရှိဘူးလို့ သိရပေမယ့် မယောနိစ်၊ ချိစ်၊ ကရင်၊ ဆော့စ် လိုအရာတွေနဲ့ မွမ်းမံပြီး အမြင်နဲ့အရသာ ပိုကောင်းအောင် ပြုလုပ်ထားတဲ့အချို့ဆူရှီတွေကတော့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေကို ဖန်တီးပေးမှာဖြစ်ပါတယ်။ အဲ့ဒီအရာတွေကနေရရှိမယ့် များပြားတဲ့ကယ်လိုရီပမာဏကြောင့် ခန္ဓာကိုယ်အလေးချိန်ကို ဆိုးရွားစွာ တိုးလာစေမှာဖြစ်ပြီး ဆေးလိပ်သောက်ခြင်းထက်တောင် ကျန်းမာရေးကို ထိခိုက်သွားနိုင်ပါတယ်။ shwekhitonlinetv.com

၃။ မွေးမြူရေးငါးများ

သဘာဝအတိုင်းရရှိတဲ့ ငါးတွေမှာ ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေတဲ့ Omega-3 Acid တွေပါဝင်ပေမယ့် မွေးမြူရေးငါးတွေမှာတော့ ကျန်းမာရေအတွက်အထောက်အကူဖြစ်စေမယ့် အရာတွေပါဝင်မှု ကရှားပါးလွန်းပါတယ်။ shwekhitonlinetv.com

ဘာလို့လည်းဆိုတော့ ဒီငါးတွေကိုအချိန်တိုတွင်းမှာ မြန်မြန်ကြီးထွားပြီး အသားတိုးအောင် ကျွေးမွေးတဲ့အစာတွေကြောင့်ပဲဖြစ်ပါတယ်။ လယ်သမားတွေ ဓာတ်မြေသြဇာသုံးစွဲတာနဲ့ သဘောတရားချင်းတူတယ်လို့ဆိုနိုင်ပါတယ်။ ဒီငါးတွေလည်း ဆူရှီတွေလိုပါပဲ ရေရှည်စားသုံးမယ်ဆိုရင် နှလုံးနဲ့ဆိုင်တဲ့ရောဂါမျိုးတွေရရှိနိုင်စေမှာဖြစ်ပြီး ဆေးလိပ်သောက်သုံးခြင်းထက် ပိုဆိုးတဲ့ ရောဂါတွေကို ဖြစ်ပွားနိုင်ပါတယ်။ shwekhitonlinetv.com

၄။ ပေါင်မုန့်ကြမ်း

အဖြူထည်ပေါင်မုန့်ကြမ်းတွေဟာ အခြားပြင်ဆင်မွမ်းမံထားတဲ့ ပေါင်မုန့်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ခန္ဓာကိုယ်ကို အာဟာရဖြစ်စေမယ့်ဗီတာမင်နဲ့ အမျှင်ဓာတ်ပါဝင်မှုဟာ မရှိသလောက်နည်းပါးလှပါတယ်။ အမျှင်ဓာတ်ဟာ လူတစ်ယောက်အတွက် ကျန်းမာတဲ့ကိုယ်အလေးချိန်ရရှိဖို့ အထောက်အပံ့ပေးနိုင်သလို သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ shwekhitonlinetv.com

ဒါ့အပြင် အမျှင်ဓာတ်က ရောဂါဖြစ်ပွားနိုင်မှု ကိုလည်းလျော့ချပေးနိုင်ပြီး နှလုံးနဲ့သွေးကြောနဲ့ပတ်သက်တဲ့ ရောဂါတွေကိုလည်း တားဆီးကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဗီတာမင်နဲ့အမျှင်ဓာတ်တွေမပါဝင်တဲ့ အဖြူထည်ပေါင်မုန့်ကြမ်းကိုပဲ အလွန်အကျွံ စားသုံးနေမယ်ဆိုရင်တော့ ဆေးလိပ်သောက်သုံးတာထက်ပိုတဲ့ ရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ shwekhitonlinetv.com

၅။ အဆီချသူတွေ စားလေ့ရှိတဲ့ အဆာပြေမုန့်များ

တစ်ချို့အစာပြေအစားအစာတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အဆီဓာတ်မပါဝင်ဘူးလို့ထင်ရတာကြောင့် ကိုယ်အလေးချိန်လျော့ချလိုသူတွေက စားသုံးလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ပေါက်ပေါက်ဆုပ်လို အရာတွေမှာဆိုရင် အဆီဓာတ်မပါဝင်ပေမယ့် အရသာရှိအောင် အချိုဓာတ်အနည်းငယ်ထည့်သွင်းထားတာမျိုးတွေရှိပါတယ်။ shwekhitonlinetv.com

ဒီလိုအရာတွေကို ရေရှည်စားသုံးမယ်ဆိုရင်တော့ ခန္ဓာကိုယ်တွင်းမှာ သကြားဓာတ်တွေအဆမတန်များလာပြီး ဆီးချိုရောဂါဖြစ်စေမယ့် ဆဲလ်တွေကိုလှုံ့ဆော် ပေးမှာဖြစ်သလို အသည်းအဆီဖုံး ရောဂါလိုမျိုးအသည်းနဲ့ပတ်သတ်တဲ့ ရောဂါတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ shwekhitonlinetv.com

ဒါတင်မကသေးပါဘူး အချိုဓာတ်ကြောင့် သွားနဲ့သွားဖုံး ရောဂါတွေလည်းရရှိနိုင်တာကြောင့် တချို့ အဆာပြေမုန့်တွေဟာ စီးကရက်ထက် ပိုဆိုးတဲ့ ရောဂါတွေကို ရရှိနိုင်တယ်လို့ ဆိုနိုင်ပါတယ်။

အဆီချမယ်ဆိုရင် ဒီလိုအရာမျိုးကိုစားသုံးတာဟာ မှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူးလို့ အာဟာရဗေဒပညာရှင်တွေက သတိပေးထားပါတယ်။

တကယ်လို့အဆီချဖို့အတွက် အဆာပြေစားချင်တယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ် နဲ့ အသားဓာတ်တွေ ပါဝင်တဲ့ နို့ထွက်အစားအစာ တွေကိုစားသုံးသင့်တယ် လို့လည်းကျွမ်းကျင်တဲ့ ပညာရှင်တွေက အကြံပြုထားပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတာကတော့ လူအများစု သတိမမူမိပဲ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေကြောင့် ဖြစ်ပေါ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ ပုံမှန် ဆေးလိပ်သောက်တဲ့သူတွေထက်တောင် ကျန်းမာရေးကို ထိခိုက်နိုင်စေကြောင်း သုတေသီတွေရဲ့ တွေ့ရှိချက်များအရ ပြန်လည်ဖော်ပြပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဆောင်းပါးလေးကို အဆုံးထိဖတ်ရှုပေးခဲ့တဲ့ ပရိသတ်ကြီးတွေကိုလည်း Shwe Khit Online TV ကကျေးဇူးတင်ရှိပါတယ်နော် …