ရေမနစ်တဲ့ ပင်လယ်နားက သဲလွန်စမရှိ ပျောက်ဆုံးသွားခဲ့တဲ့ မြို့တော်တစ်ခုအကြောင်း

အခုတစ်ခေါက် တင်ဆက်မယ့် အကြောင်းအရာလေးကတော့ အံ့သြဖွယ်အကြောင်းအချက်တွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာပေါ်က ပင်လယ်တစ်ခုအကြောင်းနဲ့ အဲ့ပင်လယ်အနီးမှာတည်ရှိခဲ့ပြီး ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့တဲ့ ရှေးဟောင်းမြို့တစ်မြို့အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ပင်လယ်သေဆိုတဲ့ ထူးခြားတဲ့အမည်နဲ့ အတူ ဒီပင်လယ်ဟာ လျှို့ဝှက်ချက်တွေ၊ ဆန်းကြယ်မှုတွေနဲ့လည်း ပြည့်နှက်နေပါတယ်။ ဆားငန်ရေပါဝင်မှု (၃၃.၇) ရာခိုင်နှုန်း ရှိတာကြောင့် ဆားပင်လယ်လို့လည်းလူသိများတဲ့ ဒီပင်လယ်ဟာ အရှေ့ဘက်မှာ ဂျော်ဒန်နိုင်ငံ၊ အနောက်ဘက်မှာ ပါလက်စတိုင်း နဲ့ အစ္စရေးနိုင်ငံ တို့ကဝန်းထားနေတဲ့ ကုန်းတွင်းပိတ် ပင်လယ်တစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

လွန်ခဲ့သောနှစ်ပေါင်း (၂) သန်းခန့်ကတည်းကတည်ရှိခဲ့တဲ့ ကန်ဖြစ်တာကြောင့်လည်း ဒီရေကန်ရဲ့ သမိုင်းကြောင်းအစုံကို မသိနိုင်တာဟာ မထူးဆန်းဘူးလို့တော့ ဆိုနိုင်ပါတယ်။ shwekhitonlinetv.com

ပင်လယ်သေရဲ့ ရေမျက်နှာပြင် နဲ့ ကမ်းပါးဟာဆိုရင်လည်း ပင်လယ်ရေမျက်နှာပြင်အောက် (၄၂၃ မီတာ) လောက်နိမ့်ကျနေတာကြောင့် ကမ္ဘာ့မြေမျက်နှာပြင်ပေါ်မှာအနိမ့်ဆုံးနေရာတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဆားငန်ရေပါဝင်မှုဟာ သမုဒ္ဒရာတွေထက် (၇) ဆလောက်ပိုများနေလို့ သဘာဝပတ်ဝန်းကျင် ကြမ်းတမ်းပြီး ဘယ်သတ္တဝါမှ မျိုးပွားအသက်ရှင်နိုင်စွမ်းမရှိပါဘူး။ shwekhitonlinetv.com

ဒါတင်မကသေးပါဘူး။ ဂျော်ဒန်နိုင်ငံရဲ့အဓိကမြစ်ကြီးတစ်ခုဖြစ်တဲ့ ဂျော်ဒန်မြစ်အပါအဝင် အခြားမြစ်လက်တက်အမြားပြားဟာ ဒီပင်လယ်သေထဲကို နှစ်ပေါင်းကြာမြင့်စွာ စီးဝင်နေပေမယ့် ဆားငန်ရေပါဝင်နှုန်းကတော့ လျော့ကျသွားခြင်းမရှိတာကထူးခြားလှသလို ရေမျက်နှာပြင်ဟာလည်း မြင့်တက်လာခြင်းမရှိခဲ့ဘူးလို့လည်းသိရပါတယ်။ shwekhitonlinetv.com

အကြောင်းကတော့ ဒီဒေသရဲ့ ပြင်းထန်တဲ့ အပူရှိန်ကြောင့် ရေတွေဟာ အငွေ့ပျံကုန်တယ်လို့တော့ သီအိုတွေတွေမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။ ပင်လယ်သေရဲ့ရေထဲမှာ ပါဝင်တဲ့ဆားငန်နှုန်းနဲ့ အခြားဒြပ်စင်အချို့ကြောင့် ရေဟာ အလွန်စေးတဲ့ ရေစေးအမျိုးအစားဖြစ်နေပြီး ရေမကူးတက်တဲ့လူတောင်မှ ရေထဲဆင်းမယ်ဆို နစ်မြုပ်နိုင်မှာ မဟုတ်ဘဲ ရေပေါ်မှာပေါလော ပေါ်နေနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

ပင်လယ်သေထဲမှာအဖိုးတန် ဓာတ်သတ္တုတွေနဲ့ဒြပ်စင်အမျိုးအစား များစွာပါဝင်နေတဲ့အတွက် ရေခိုးရေငွေ့တွေရဲ့ အနံအသက်ကမကောင်းပေမယ့် ရေပြင်ကတော့ကြည်လင်ပြီး တောက်ပလျှက်ရှိနေပါတယ်။ shwekhitonlinetv.com

ဒါတင်မကသေးပါဘူး ပင်လယ်သေနဲ့ပတ်သတ်ဆက်နွယ်နေတဲ့ နောက်ထပ်ထူးခြားတဲ့ အချက်တစ်ချက်လည်းရှိနေပါသေးတယ်။ အဲ့ဒါကတော့သိပ္ပံပညာရှင်တွေ ယနေ့တိုင်အဖြေရှာမရဘဲ ထူးဆန်းစွာ ပျောက်ဆုံးခဲ့တဲ့မြို့တစ်မြို့ဟာ ဒီပင်လယ်သေရှိတဲ့နေရာမှာ ယခင်ကတည်ရှိခဲ့ဖူးတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ရှေးဟောင်းသုတေသီတွေရဲ့ ဖော်ပြချက်တွေအရ လူသေအလောင်းအမြောက်အများကို ပင်လယ်သေအနီးတစ်ဝိုက်က မြေကြီးတွေအောက်မှာတူးဖော်တွေ့ရှိခဲ့ပြီး အလောင်းတွေအားလုံးရဲ့ ပုံသဏ္ဍန်တွေဟာ အလွန်ကြောက်မက်ဖွယ်ရာနှင့် ရင်ဆိုင်ပြီးသေဆုံးခဲ့ရတဲ့ အသွင်အပြင်တွေနဲ့ဖြစ်တယ်လို့ လည်းသိရပါတယ်။ shwekhitonlinetv.com

ပြီးတော့ရှေးကျတဲ့ အသုံးအဆောင်ပစ္စည်း အများအပြားကိုပါတွေ့ရှိခဲ့လို့ ဒီနေရာမှာတစ်ချိန်က လူ့ယဉ်ကျေးမှုတစ်ရပ်ထွန်းကားခဲ့တယ်ဆိုတာကို ယေဘူယျအားဖြင့်တော့ ကောက်ချက်ချနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အသေးစိတ်အချက်အလက်တွေကိုရှာဖွေလေ့လာခဲ့တာ နှစ်အတန်ကြာပြီဖြစ်ပြီး ဘယ်ပညာရှင်ကမှ သေချာရေရာစွာ သိရှိခြင်းမရှိသေးပါဘူး။ shwekhitonlinetv.com

တစ်ချိန်ချိန်မှာ ဇစ်မြစ်တိကျစွာသိရမယ်ဆိုတဲ့ ကြုံးဝါးမှုအချို့နဲ့ ဆက်လက်လေ့လာနေတဲ့ သိပ္ပံပညာရှင်အနည်းငယ်ရှိနေသေးပေမယ့် ပညာရှင်အတော်များများကတော့ ဒီအဖြေကိုမသိရခင်မှာပဲ လူ့သက်တမ်း စေ့ကုန်ကြပြီဖြစ်ပါတယ်။ shwekhitonlinetv.com

ဟုတ်ကဲ့ ဒါကတော့ပင်လယ်သေနဲ့ပတ်သတ်တဲ့ စိတ်ဝင်စားဖွယ်အချက်တွေများစွာထဲကမှ ပရိသတ်တွေ စိတ်ဝင်စားနိုင်မယ့် အချက်အလက်အချို့ကိုသာ ကောက်နှုတ်ဖော်ပြပြီးတင်ဆက်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

ရွှေခေတ်ပရိသတ်ကြီးအနေနဲ့လည်း မိမိတို့ရင်ထင်မြင်ယူဆချက်လေးတွေကို ကွန်မန့်မှာ ရေးသားခဲ့ကြပါဦးနော် …

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply