ခေတ်ဆန်အောင် ဖန်တီးထားပေမဲ့ ဂွမ်းသွားခဲ့ရတဲ့ ဖက်ရှင်အဆန်းများ

နည်းပညာတွေ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ ဖက်ရှင်ခေတ်ရေစီးကြောင်းကလည်း ချန်ထားလို့ မရတဲ့ အရာတစ်ခုပါနော်။ ပြောင်းလဲလာတဲ့ ဖက်ရှင်တွေကို ကြည့်ခြင်းအားဖြင့် ခေတ်တစ်ခေတ်ရဲ့ အခြေအနေကို ခန့်မှန်းလို့ ရတဲ့အထိ ဖက်ရှင်ဒီဇိုင်းတွေဟာ အရမ်းကို ပါ၀ါကြီးမားကြပါတယ်။ shwekhitonlinetv.com

အခုတစ်ခေါက် ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ အရမ်းကို ခေတ်ဆန်ပြီး သူမတူအောင် ဆန်းသစ်တီထွင်ခဲ့ပေမဲ့လည်း ဂွမ်းသွားရတဲ့ ဖက်ရှင်လေးတွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁။​ ဖိနပ် ဦးထုပ်

ဖိနပ်ဆိုတာက ခြေထောက်မှာပဲ ၀တ်ဆင်ပြီး ဦးခေါင်းပိုင်းနဲ့ ဘယ်လိုမှ သက်ဆိုင်တဲ့ အရာမဟုတ်ဘူးလို့ အားလုံးက ထင်ထားကြမှာပါနော်။ ဒါပေမဲ့ အခု ဓာတ်ပုံထဲမှာတော့ ဖိနပ်ပုံစံ ဦးထုပ်ကို စိတ်ကူးဥာဏ်ဆန်းသစ်ပြီး ချုပ်လုပ်ထားတာကို တွေ့ရမှာပါ။ တကယ်တန်း ၀တ်ဆင်ရသူအဖို့တော့ ဖိနပ်ပုံစံရှိတဲ့ ဦးထုပ်ကို ခေါင်းပေါ်တင်ဖို့ဆိုတာ ဘယ်သူမှ နှစ်သက်ကြမယ် မထင်ပါဘူးနော်။ shwekhitonlinetv.com

၂။ လိုတာထက် ပိုရှည်နေတဲ့ ဖန်ဒေါက်ဖိနပ်

ယနေ့ခေတ်မှာတော့ ဒေါက်ဖိနပ်လှလှလေးတွေဟာ ပြီးပြည့်စုံတဲ့ အလှတရားရဲ့ သင်္ကေတ ဖြစ်လို့ နေပါပြီ။ ဒါပေမဲ့လည်း ပုံထဲက ဖန်ဒေါက်ဖိနပ်စီးထားတဲ့ မိန်းကလေးကတော့ အရမ်းကို အဆင်မပြေဖြစ်နေတဲ့ ပုံကို တွေ့ရမှာပါ။ လိုအပ်တာထက် ရှည်နေတဲ့ ဖိနပ်ရဲ့ အမြင့်က စီးရသူအဖို့ ဘယ်လိုမှကို သက်တောင့်သက်သာ ဖြစ်စေမှာ မဟုတ်ပါဘူးနော်။ ဒါ့ကြောင့် ဖိနပ်၀ယ်ယူမယ်ဆိုရင်တော့ သေချာစီးကြည့်ဖို့တော့ အရမ်းကို လိုအပ်ပါတယ်။ shwekhitonlinetv.com

၃။ ဖုန်သုတ်ဝတ် အင်္ကျီ

အခုပုံမှာ မြင်တွေ့ရတာကတော့ အနုမြူရောင်ရှိတဲ့ ဖုန်သုတ်၀တ်လို့ မထင်လိုက်ပါနဲ့နော်။ အနုမြူ အချောင်းလေးတွေနဲ့ ခန္ဓာကိုယ် လှုပ်ခါလိုက်တိုင်းမှာ ဆွဲဆောင်မှု အပြည့်ရှိစေဖို့ တီထွင်ချုပ်လုပ်ထားတဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကြည့်မိသူတိုင်းရဲ့ မျက်လုံးထဲမှာတော့ ရွေ့လျားနေတဲ့ ဖုန်သုတ်တန်ကြီးအဖြစ် မြင်ယောင်နေမယ် ထင်ပါတယ်နော်။ shwekhitonlinetv.com

၄။ အိပ်ယာဒီဇိုင်းနဲ့ ဝတ်စုံ

အိပ်ယာထ နောက်ကျသူတွေ အိပ်ရေးမက်သူတွေအတွက်ကတော့ ရှိသမျှ ပိုက်ဆံပုံပေးပြီး ၀ယ်ချင်သွားမယ့် ဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။ ခေါင်းအုံး ၂ လုံးထပ်ထားတဲ့ ဒီဇိုင်းနဲ့ စောင်ခြုံထားသလို ဖန်တီးထားတဲ့ အင်္ကျီကတော့ တကယ့်ကို ဆန်းသစ်တဲ့ လက်ရာပါ။ ရုံးသွားရင်း ကျောင်းသွားရင်း ဘတ်စ်ကားပေါ်မှာ အားရ ပါးရ အိပ်လို့ ရတဲ့ ဖက်ရှင်လေး ဖြစ်လို့ အားလုံး သဘောကျနေမယ်လို့ ထင်ပါတယ်နော်။ shwekhitonlinetv.com

၅။ အိမ်သာသုံး စက္ကူများနဲ့ မင်္ဂလာဝတ်စုံ

သူမတူတဲ့ ဒီဇိုင်းနဲ့ မင်္ဂလာ၀တ်စုံမှ ၀တ်ချင်တဲ့ သတို့သမီးလောင်းလေးတွေအတွက် သတင်းကောင်းပါပဲနော်။ ပိုးဖဲ ကတ္တီပါ အလွှာလွှာနဲ့ ဖန်တီးချုပ်လုပ်ထားတဲ့ ဒီဇိုင်းတွေကို ကျော်လွန်ပြီး အခုလို အိမ်သာသုံး စက္ကူနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ အရမ်းကို ဆန်းသစ်တီထွင်တဲ့ ဒီဇိုင်းဆိုတာ မြင်ရုံနဲ့ သိနိုင်ပေမဲ့ ရေစိုလိုက်မယ်ဆိုရင်တော့ အခြေအနေ ဆိုး၀ါးသွားမယ့် ဒီဇိုင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ပူစီဖောင်း ဦးထုပ်

ပူစီဖောင်း တစ်ထုပ်၀ယ်ပြီး ကိုယ်တိုင်ကိုယ်ကျ ဖန်တီးနိုင်မယ့် ဒီဇိုင်း ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ ဖက်ရှင်တွေရဲ့ ခေတ်အလွန်မှာတော့ အခုလို ဆန်းသစ်ဖန်တီးထားတဲ့ ဖက်ရှင်ကို တွေ့ရမှာပါ။ စက်ဘီး၊ ဆိုင်ကယ် စီးတဲ့အခါ ဆောင်းတဲ့ ဦးထုပ်ကို အပေါက်ဖောက်ကာ ပူစီဖောင်းတွေ တပ်ထားတဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။ ရောင်စုံပူဖောင်းတွေနဲ့ ဆန်းသစ်ထားပေမဲ့ သေချာပေါက် လူကြိုက်နည်းစေတဲ့ ဒီဇိုင်းဆိုတာကိုတော့ ငြင်းလို့ မရပါဘူးနော်။ shwekhitonlinetv.com

၇။ ပိုးဟပ် မံမီနဲ့ လည်ဆွဲ

ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ တိရစ္ဆာန်လေးတွေကို အကောင်လိုက် ထည့်သွင်းပြီး လူတွေရဲ့ အသုံးအဆောင် ပစ္စည်းအဖြစ် အသုံးပြုလာကြပါတယ်။ ဒါဟာ တိရစ္ဆာန် ညှင်းပန်းနှိပ်စက်မှုအဖြစ် တားမြစ်ထားပေမဲ့လည်း စျေးကွက်ထဲမှာတော့ ရောင်းချနေဆဲပါ။ အခုမြင်ရတဲ့ လည်ဆွဲလေးကတော့ ပိုးဟပ်တစ်ကောင်ကို ဖန်လည်ဆွဲလေးထဲမှာ ထည့်ထားပြီး ဒီဇိုင်းထွင်ထားတာ ဖြစ်ပါတယ်။ ဘယ်လိုမှ နှစ်မြို့စရာ မရှိတဲ့ ပိုးဟပ်ကို လည်ဆွဲရတနာအဖြစ် ဆင်မြန်းရမှာကတော့ ဘယ်သူမှ သဘောကျ နှစ်ခြိုက်မယ်လို့ မထင်ပါဘူးနော်။ shwekhitonlinetv.com

၈။ မျက်လုံး ပုံစံ ဆွဲသီး

အခုတစ်ခါ တွေ့ရတဲ့ ပုံလေးကတော့ မျက်လုံးပုံစံ ဖန်တီးထားတဲ့ ဆွဲသီးလေးပဲ ဖြစ်ပါတယ်။ များသောအားဖြင့် လက်၀တ်ရတနာတွေကို ဖန်တီး ပြုလုပ်တဲ့အခါ လူအများ သဘောကျနိုင်တဲ့ ပန်းပွင့် ဒါမှမဟုတ် အသည်းပုံစံ အစရှိတဲ့ ဒီဇိုင်းတွေကိုပဲ အသုံးပြုလေ့ ရှိတတ်ပါတယ်။ အခု မြင်နေရတဲ့ မျက်လုံးဆွဲသီးလေးရဲ့ ဒီဇိုင်းဆွဲသူ ကတော့ အများနဲ့ မတူပဲ ဆန်းသစ်တဲ့ ဖက်ရှင်ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူတစ်ယောက်ရဲ့ မျက်လုံးနဲ့ တူတဲ့ ဆွဲသီးတစ်ခုကို လည်ပင်းမှာ ဆွဲဖို့ ဆိုတာကတော့ တော်တော်ကို စဥ်းစားဖို့ လိုမယ်ထင်ပါတယ်နော်။ shwekhitonlinetv.com

၉။ ကြောင်ချစ်သူတွေအတွက် အင်္ကျီ

ကြောင်ချစ်သူတွေအတွက် သီးသန့်ဒီဇိုင်းထုတ်ထားသလားလို့တောင် ထင်ရတဲ့ ဖက်ရှင်ပဲ ဖြစ်ပါတယ်။ ကြောင် ၄ ကောင်လောက် အင်္ကျီကို ဝိုင်းဆွဲနေကြပြီး ရွဲပြဲနေတဲ့ ဒီဇိုင်းနဲ့ အင်္ကျီကတော့ တော်တော်ကို အမြင်ဆန်းစေမှာ ဖြစ်ပါတယ်။ ကြောင်ချစ်တတ်တဲ့ သူငယ်ချင်းတွေရှိရင်တော့ အခု အင်္ကျီ ဒီဇိုင်းလေးကို ဝယ်ပေးလိုက်တော့နော်။ shwekhitonlinetv.com

၁၀။ နွားမရဲ့နို့ပုံစံ ရှိတဲ့ ပိုက်ဆံအိတ်

ပိုက်ဆံအိတ်တွေဟာ မိန်းကလေးတစ်ယောက်ရဲ့ အလှအပအတွက် အရမ်းကို အရေးကြီးတဲ့ ဖက်ရှင်ပဲ ဖြစ်ပါတယ်။ ပိုက်ဆံအိတ်ကို ပုံသဏ္ဍာန် မျိုးစုံ အရွယ်အစားမျိုးစုံ ထုတ်လုပ်ပြီးတဲ့ အခါမှာတော့ နောက်ထပ် ဒီဇိုင်းတွေအတွက် ဒီဇိုင်နာတွေ ခေါင်းခြောက်ခဲ့ကြတဲ့ ပုံပါနော်။ အခုမြင်တွေ့ရတဲ့ အိတ်လေး ကတော့ ဇစ်မပါပဲ ရိုးရှင်းတဲ့ ကြိုးအရှုံ့လေးနဲ့ အိတ်ပုံစံလေးပါ ။ သူ့ကို ဆန်းသစ်သွားစေတာကတော့ အိတ်ရဲ့ အောက်ခြေမှာပါတဲ့ နွားမရဲ့ နို့ပုံသဏ္ဍာန်ရှိတဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။ အခုလို အိတ်ဒီဇိုင်းကိုလွယ်ပြီး ရှော့ပင်းထွက်ဖို့ဆိုတာကတော့ တော်တော်ကို စဥ်းစားရမယ် ထင်ပါတယ်နော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။