အရွယ်မတိုင်ခင် အမြန်ဆုံး အိုမင်းသွားစေနိုင်တဲ့ နေထိုင်မှုပုံစံ (၅) မျိုး

ဒီတစ်ခေါက် Shwe Khit ပရိသတ်ကြီးကို ပြောပြပေးချင်တဲ့ အကြောင်းအရာ တစ်ခုရှိပါတယ်။ ဒါကတော့ အရွယ်မတိုင်ခင်မှာ အိုမင်းသွားစေနိုင်တဲ့ မှားယွင်းသော နေထိုင်မှု ပုံစံတွေ အကြောင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါ့ကြောင့် အချိန်မတိုင်ခင် စောစောစီးစီး အိုမင်းသွားရတာမျိုး မဖြစ်အောင် ဘယ်လိုနေရမလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်နော်… shwekhitonlinetv.com

၁။ တစ်နေ့ကို (၈) နာရီလောက် ထိုင်ခြင်း

တစ်ကယ်လို့ သင်ဟာ တစ်ရက်ကို (၈) နာရီထက်ပိုပြီး ထိုင်မိနေတယ်ဆိုရင် သင့်ရဲ့ ခန္ဓာကိုယ်ဟာ ရှိရင်းစွဲ အသက်ထက် (၈) နှစ်လောက် အိုမင်းသွားနိုင်ပါတယ်။ အချိန်ကြာကြာထိုင်ခြင်းဟာ ကိုယ်ထဲက ခရိုမိုဆုန်းတွေကို တိုသွားသလိုမျိူး ဖြစ်စေနိုင်ပါတယ်။ သဘောကတော့ ခရိုမိုဆုန်းတွေ တိုသွားတဲ့အခါ အနာရောဂါ ဖြစ်နိုင်ချေတွေ များလာပါတယ်။၏ shwekhitonlinetv.com

ဒါကြောင့်မို့လို့ သုတေသန ပညာရှင်တွေဟာ တစ်ရက်ကို လေ့ကျင့်ခန်း အနည်းဆုံး မိနစ် (၃၀) လောက်လုပ်ဖို့ အကြံပေးထားပြီး မိနစ် (၃၀) ကျော်လောက်ထိုင်ပြီးတိုင်း ခဏတဖြုတ် မတ်တပ်ရပ်ပြီး လမ်းလျှောက်တာမျိုးတွေ လုပ်သင့်တယ်လို့လည်း ပြောထားပါတယ်။ shwekhitonlinetv.com

၂။ လေးလွန်းတဲ့ နားဆွဲ၊ နားကပ်တွေကို မကြာခဏ ဝတ်ခြင်း

လေးလွန်းတဲ့ နားဆွဲတွေကို ဝတ်ဆင်တယ်ဆိုရင် နားရဲ့ ပုံစံဟာ အနည်းငယ် ပျက်ယွင်းသွားနိုင်ပြီး နားရဲ့ အောက်က နားသီးလေးကို တွဲကျစေနိုင်ပါတယ်။ ဒီလို ဖြစ်လာမယ်ဆိုရင် သင့်အသားရေဟာ ဆွဲကျုံ့နိုင်တဲ့ ဓာတ်တွေ နည်းပါးသွားကာ Cream လိမ်းပြီး Fix လုပ်လို့လည်း မရနိုင်ပါဘူး။ shwekhitonlinetv.com

ဒါ့ကြောင့် အခုလိုမျိုး လေးလွန်းတဲ့ နားဆွဲတွေကို ဝတ်ဆင်ခြင်းဟာလည်း ရုပ်ရည် အိုမင်းမြန်တာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ shwekhitonlinetv.com

၃။ အသားတွေပဲ နေ့တိုင်းစားခြင်း

လေ့လာမှုတစ်ခုအရ အနီးရောင်ရှိတဲ့ အသားတွေ အရမ်းစားပြီး အသီးအရွက်အစားနည်းတဲ့ လူတစ်ယောက်ဟာ Bilogical age တိုးလာမှာပဲ ဖြစ်ပါတယ်။ (Biological Age ဆိုတာ အသက်အရွယ်ကို ကြည့်တာမဟုတ်ပဲ ရုပ်ပိုင်းဆိုင်ရာကိုကြည့်ပြီး အိုမင်းမှုကို တိုင်းတာတဲ့ ပုံစံတစ်ခုပဲဖြစ်ပါတယ်။ ) shwekhitonlinetv.com

ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုးနေ့စဉ်စားသောက်ခြင်းဟာ သွေးထဲက serum phosphate လေးတွေရဲ့ Level ကို တိုးလာစေလို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ နေ့စဉ် အသီးအရွက်နဲ့ အသား၊ငါးကို မျှတစွာ စားသုံးပေးသင့်ပါတယ်။ shwekhitonlinetv.com

၄။ ခင်မင်ရင်နှီးတဲ့ မိတ်ဆွေအပေါင်းအသင်း မရှိခြင်း

တစ်ကယ်လို့ သင်က မိတ်ဆွေအပေါင်းအသင်း သိပ်မရှိပဲ လူမှုဆံဆက်ရေးမှာလည်း အားနည်းတဲ့ သူဆိုရင် ကျန်းမာရေးပြသာနာတွေ ရှိနိုင်တဲ့အပြင် အိုမင်းတာလည်း မြန်စေနိုင်ပါတယ်။ shwekhitonlinetv.com

သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ အထီးကျန်စွာနေထိုင်ခြင်းဟာ အတော်လေးကို ဆိုးကျိုးများစေပြီး သေဆုံးတဲ့အထိတောင် ဖြစ်လာနိုင်ပါတယ်လို့ ပြောကြားထားပါတယ်။ shwekhitonlinetv.com

၅။ Diet လုပ်တာများလွန်းခြင်း

ကျွန်တော်တို့ဟာ အစားအသောက်နဲ့ ပတ်သက်ပြီး Diet လုပ်တဲ့အခါ ခန္ဓာကိုယ်ကျန်းမာစေဖို့နဲ့ Slim ဖြစ်စေဖို့ဆိုတဲ့ အကြောင်းအရာတွေ ကြောင့် လုပ်ဖြစ်ကြပါတယ်။ ဒါပေမယ့် Diet လုပ်တာများလွန်းရင် ခန္ဓာကိုယ်ဟာ လိုက်လျောညီထွေ ဖြစ်ဖို့ အချိန်မရှိတော့တာမျိုး ဖြစ်တတ်ပါတယ်။ shwekhitonlinetv.com

ဥပမာ- သင်ဟာ diet လုပ်နေတဲ့အချိန် ပထမ အပတ်မှာ ရေပဲသောက်နေမယ် ၊ ဒုတိယ အပတ်မြောက်မှာ သခွားသီးစားမယ်၊ တတိယအပတ်မှာ အသားပဲစားတာမျိုးတွေ လုပ်နေတယ်ဆိုရင် သင့်ခန္ဓာကိုယ်ကို ထိခိုက်မှု ဖြစ်စေနိုင်ပြီး စိတ်ဖိစီးမှုတွေ လည်း ဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါ သင့်ကို အရွယ်မတိုင်ခင်မှာပဲ အိုမင်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေဟာဆိုရင် မှားယွင်းတဲ့ နေထိုင်မှုပုံစံတွေကြောင့် အရွယ်မတိုင်ခင်မှာ အိုမင်းမှုကို ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အကောင်းဆုံးကတော့ ဘယ်အရာမဆို လိုက်လျောညီစွာ နေထိုင်တတ်ပြီး ပျော်ပျော်နေတတ်ဖို့ပဲ လိုပါတယ်နော်။ နောက်ပိုင်းမှာလည်း အခုလို ဗဟုသုတရစရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးပါဦးနော် … shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။