လူတိုင်းကို အံ့သြသွားစေခဲ့တဲ့ ကမ္ဘာတဝှမ်းက ပုံမှန်မဟုတ်ပဲ ထူးဆန်းလွန်းလှတဲ့ ရိုးရာမင်္ဂလာပွဲများ

ကမ္ဘာတလွှားက လူမျိုးအလိုက် နိုင်ငံအလိုက် မတူညီတဲ့ ရိုးရာဓလေ့များစွာ ရှိကြပါတယ်။ အဆိုပါ ရိုးရာဓလေ့များကြောင့် လူမျိုးအလိုက် ကျင်းပပြုလုပ်ရတဲ့ မင်္ဂလာပွဲများဟာလည်း ကွဲပြားခြားနားသွားကြပါတယ်။ ဒီတခေါက်မှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် အရမ်းကို ဆန်းကြယ်လှပြီး ပုံမှန်မဟုတ်တဲ့ ရိုးရာမင်္ဂလာပွဲများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ ခြေထောက်ကို ရိုက်နှက်ခြင်း ( တောင်ကိုရီးယား )

တောင်ကိုရီးယားနိုင်ငံက မင်္ဂလာပွဲများရဲ့ ထူးဆန်းတဲ့ ရိုးရာဓလေ့ကတော့ သတို့သားရဲ့ ခြေဖဝါးကို ကြိမ်လုံး သို့မဟုတ် အခြောက်ခံထားတဲ့ ငါးနဲ့ ရိုက်နှက်ရခြင်း ဖြစ်ပါတယ်။ အသစ်စက်စက် ဇနီးမောင်နှံနှစ်ဦး မင်္ဂလာခန်းမထဲက မထွက်ခွာခင်မှာ ပြုလုပ်ရတဲ့ ဓလေ့ဖြစ်ပါတယ်။ နာကျင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့မဟုတ်ပဲ ပျော်ပျော်ပါးပါး ကျင်းပကြတဲ့ ထုံးတမ်းတခုပါ။ shwekhitonlinetv.com

၂။ မင်္ဂလာပွဲအကျန်တွေကို စားသောက်ရခြင်း ( ပြင်သစ် )

မင်္ဂလာပွဲတခုပြီးမြောက်သွားတဲ့အခါ ကျန်ရစ်တဲ့ အစားအသောက်တွေကို ဘယ်လိုစီမံကြလဲဆိုတာ အားလုံးသိချင်ကြမယ် ထင်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ရိုးရာမင်္ဂလာပွဲတွေမှာတော့ ဒီပြဿနာဟာ ဖြေရှင်းစရာမလိုအပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြင်သစ်နိုင်ငံရဲ့ ဓလေ့ထုံးစံအရ မင်္ဂလာပွဲပြီးတဲ့နောက် ကျန်ရစ်တဲ့ အစားအသောက်များကို သတို့သားနဲ့ သတို့သမီးက စားသောက်ကြရပါတယ်။ စားသောက်တဲ့အခါမှာလည်း အိမ်သာပုံစံပြုလုပ်ထားတဲ့ ခွက်ထဲကို အစားအသောက်တွေထည့်ပြီး စားသောက်ကြရတာပါ။ ဒီလိုစားသောက်ရခြင်းအားဖြင့် ဖြတ်သန်းရမယ့် ညအတွက် ခွန်အားတွေရှိနေစေမယ်လို့ မှတ်ယူကြပါတယ်။ ဒီနေ့ခေတ်မှာတော့ ပြင်သစ်မင်္ဂလာဆောင်များဟာ ရှန်ပိန်နဲ့ ချောကလက်ကျွေးမွေးကြပါတယ်။ shwekhitonlinetv.com

၃။ သတို့သမီးအပေါ် တံတွေးထွေးရခြင်း ( Massai လူမျိုး ၊ ကင်ညာ )

အဖေနဲ့ သမီးရဲ့ ဆက်သွယ်ထားတဲ့ သံယောဇဥ်နဲ့ ချစ်ခြင်းမေတ္တာဟာ တံတွေးတချက်ထွေးလိုက်တာနဲ့တင် ပျောက်ပျက်သွားနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကင်ညာနိုင်ငံ Massai လူမျိုးတို့ရဲ့ ရိုးရာဓလေ့အရ သတို့သမီးရဲ့ အဖေဟာ သတို့သမီးရဲ့ ခေါင်းပေါ်နဲ့ ရင်သားပေါ်ကို တံတွေးထွေးပေးရပါတယ်။ အဓိပ္ပာယ်ကတော့ မမြင်ရတဲ့ ကံတရားတွေကြောင့် သမီးဖြစ်သူရဲ့ မင်္ဂလာဆောင်ပျက်ဆီးမသွားစေဖို့အတွက် ဖခင်ကိုယ်တိုင် အကာအကွယ်ပေးရတဲ့သဘောဆောင်ပါတယ်။ ထို့နောက်မှာတော့ သတို့သမီးဟာ သတို့သားနဲ့အတူ နောက်ပြန်လှည့်မကြည့်စတမ်း ထွက်ခွာရပါတယ်။ အကယ်၍ နောက်ပြန်လှည့်ကြည့်ခဲ့မယ်ဆိုရင်တော့ သူမဟာ ကျောက်တုံးတတုံး ဖြစ်သွားမယ်လို့ ယုံကြည်ကြပါတယ်။ shwekhitonlinetv.com

၄။ မင်္ဂလာပွဲမတိုင်ခင် ကခုန်ကြခြင်း ( အာရပ် )

Zaffe သို့မဟုတ် zaffah လို့ခေါ်ကြပြီး အဓိပ္ပာယ်ကတော့ မင်္ဂလာပွဲမတိုင်ခင် ပြုလုပ်ကျင်းပကြတဲ့ အာရပ်ရိုးရာဓလေ့တခု ဖြစ်ပါတယ်။ မင်္ဂလာပွဲမတိုင်ခင်မှာ မိသားစုများ ၊ သူငယ်ချင်းများ ၊ အဆိုတော်များနဲ့ အကသမားများဟာ စုဝေးကာအော်ဟစ်ကခုန်ကြပါတယ်။ ထို့နောက် အဆိုပါ လူအုပ်ကြီးဟာ ပျော်ရွှင်မြူးတူးစွာနဲ့ သတို့သမီးကို ဝန်းရံပြီး သတို့သားရဲ့ နေအိမ်ကို ပို့ဆောင်ပေးရတဲ့ ဓလေ့လည်း ဖြစ်ပါတယ်။ မင်္ဂလာပွဲစတင်ကြောင်း ကြေညာလိုက်တဲ့အခါမှာတော့ လက်ခုတ်တီးကာ ပျော်ရွှင်စွာအော်ဟစ်ကြပြီး အသစ်စက်စက် စုံတွဲအပေါ်ကို ပန်းပွင့်များနဲ့ ဖြန့်ကြဲပေးကြပါတယ်။ shwekhitonlinetv.com

၅။ သူခိုးအနမ်း ( ဆွီဒင် )

ဆွီဒင်နိုင်ငံရဲ့ ရိုးရာဓလေ့ကတော့ ထူးဆန်းလွန်းလှပါတယ်။ အဲ့ဒါကတော့ သတို့သားရဲ့ဘေးမှာ သတို့သမီးမရှိနေတဲ့အချိန် သတို့သမီးအရံ ဒါမှမဟုတ် ပန်းကြဲပေးရတဲ့ မိန်းကလေးတွေက သတို့သားကို ခိုးနမ်းခွင့်ရှိတာပဲ ဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ သတို့သားဘေးမှာမရှိတဲ့အချိန်မှာ သတို့သမီးကို သတို့သားအရံများက ခိုးနမ်းလို့ ရပါတယ်။ ဒါ့ကြောင့် ဆွီဒင်နိုင်ငံမှာ မင်္ဂလာဆောင်မယ်ဆိုရင်တော့ သတို့သမီးရဲ့ဘေးကနေ မခွာပဲနေမှ ဖြစ်လိမ့်မယ်နော်။ shwekhitonlinetv.com

၆။ ငိုပွဲဆင်ရခြင်း ( စီချွမ်ပြည်နယ် ၊ တရုတ်နိုင်ငံ )

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရဲ့ ရိုးရာဓလေ့မင်္ဂလာပွဲကတော့ ငိုပွဲဆင်နွှဲရခြင်း ဖြစ်ပါတယ်။ မင်္ဂလာဆောင်မတိုင်ခင် တလခန့်အလိုမှာ Tujia မျိုးနွယ်ဝင် သတို့သမီးဟာ တရက်မှာ တနာရီကြာအောင် ငိုနေရခြင်းဖြစ်ပါတယ်။ ရက်သတ္တပတ် တပတ်စီမှာ သတို့သမီးရဲ့ အမျိုးအဆွေဖြစ်တဲ့ မိခင် ၊ အဘွားများဟာ သူမနဲ့အတူ ငိုရပြီး အမျိုးအဆွေထဲက မိန်းကလေးများအားလုံး တယောက်မကျန်တော့တဲ့အထိ အတူငိုကြွေးကြရပါတယ်။ ဒါပေမယ့် ဒီမျက်ရည်တွေဟာ ဝမ်းနည်းပူဆွေးမှုကြောင့်မဟုတ်ပဲ ပျော်ရွှင်မှုကြောင့် ကျရတဲ့ မျက်ရည်တွေဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ကြက်ဥပုပ်များ ဂျုံမှုန့်များဖြင့် ပစ်ပေါက်ခြင်း ( စကော့တလန် )

စကော့တလန်နိုင်ငံရဲ့ ရိုးရာမင်္ဂလာပွဲကတော့ ကြက်ဥပုပ်များနဲ့ ပြစ်ပေါက်ကြခြင်းပဲ ဖြစ်ပါတယ်။ မင်္ဂလာပွဲမတိုင်ခင် တရက်အလိုမှာ သတို့သားနဲ့ သတို့သမီးကို ဆွေမျိုးသူငယ်ချင်းများက ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။ ထို့နောက်မှာတော့ မညားရသေးတဲ့စုံတွဲရဲ့ ခေါင်းကနေ ခြေထောက်အထိ ကြက်ဥပုပ်များ ၊ ကော်မှုန့်များ ၊ နွားနို့အသိုးများ ၊ တင်လဲရည်အမည်းများနဲ့ သုတ်လိမ်းလိုက်ကြပါတယ်။ ထို့နောက်မှာတော့ အခုလို ပေတူးညစ်ပတ်နေတဲ့ ဝတ်စုံနဲ့ မြို့တပတ်ပတ်ကြရပါတယ်။ အဓိပ္ပာယ်ကတော့ အခုလို အဆင်မပြေစရာ အခြေအနေကို သည်းခံနိုင်မယ်ဆိုရင် အိမ်ထောင်ရေးမှာ ကြုံရတဲ့ အခက်အခဲတွေကိုလည်း ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြတာကြောင့် ဖြစ်ပါတယ် ။ shwekhitonlinetv.com

၈။ နတ်ဆိုးများကိုမောင်းထုတ်ခြင်း ( ဂျာမနီ )

ဂျာမနီနိုင်ငံ ရိုးရာမင်္ဂလာပွဲကို တက်ရောက်ရတဲ့ ဧည့်သည်များဟာ ဖန်ခွက်များမှ လွဲပြီး ကြွေထည်ပစ္စည်းများကို ပွဲတက်တဲ့အခါ ယူဆောင်လာကြပါတယ်။ မင်္ဂလာပွဲပြီးတဲ့နောက်မှာတော့ ယူဆောင်လာတဲ့ ကြွေထည်ပစ္စည်းများကို ရိုက်ခွဲကြပါတယ်။ ကြွေထည်ပစ္စည်းများ ကွဲအက်တဲ့အသံဟာ နတ်ဆိုးတွေကို မောင်းထုတ်စေတယ်လို့ ယုံကြည်ကြပါတယ်။ ထို့နောက်မှာတော့ သတို့သားနဲ့ သတို့သမီးဟာ ထိုကြွေထည်အကွဲတွေကို သန့်ရှင်းရေးလုပ်ရပါတယ်။ သို့မှသာ သူတို့နှစ်ဦးဟာ ရင်ဆိုင်ရမယ့် အိမ်ထောင်ရေးအခက်အခဲတွေကို သိရှိနားလည်နိုင်မယ်လို့ ယူဆကြပါတယ်။ shwekhitonlinetv.com

၉။ သစ်ပင်နဲ့လက်ထပ်ရခြင်း ( အိန္ဒိယ )

နက္ခတ်ဗေဒယုံကြည်ချက်များအရ အင်္ဂါဂြိုလ်လွှမ်းမိုးခံရပြီး မွေးဖွားလာတဲ့သူတွေကို အိန္ဒိယအယူအဆအနေနဲ့ Manglik လို့ခေါ်ဆိုကြပါတယ်။ အဲ့ဒီလို Manglik တွေလက်ထပ်ကြတဲ့အခါ သူတို့ရဲ့လက်တွဲဖော်ဟာ ဒုက္ခရောက်ရုံသာမက အသက်သေဆုံးတဲ့အထိ အန္တရာယ်ကျရောက်နိုင်တယ်လို့ ယူဆကြပါတယ်။ ဒါ့ကြောင့် ဒီလိုကံကြမ္မာမျိုးကို မကြုံတွေ့နိုင်စေဖို့အတွက် Manglik တွေ အိမ်ထောင်ပြုတဲ့အခါ လက်တွဲဖော်နဲ့ မယူခင်မှာ သစ်ပင်နဲ့ရှေးဦးစွာ မင်္ဂလာဆောင်ကြရပါတယ်။ shwekhitonlinetv.com

၁၀။ လူသားအခင်း ( French Polynesia )

French Polynesia နိုင်ငံတွင်းမှာရှိတဲ့ Marquesas ဆိုတဲ့ ကျွန်းပေါ်ကလူမျိုးတွေရဲ့ ဓလေ့ရိုးရာတခုဖြစ်ပါတယ်။ အဲ့ဒါကတော့ မင်္ဂလာပွဲပြီးဆုံးတဲ့အခါ သတို့သမီးရဲ့ အမျိုးတွေဟာ မြေကြီးပေါ်မှာ ဝမ်းလျားထိုးမှောက်ကာ တန်းစီပြီး နေကြရပါတယ်။ ထို့နောက်မှာတော့ သတို့သမီးက သူတို့တွေရဲ့ ကျောပေါ်ကနေပြီး ဖြတ်သန်းသွားရတာပါ။ shwekhitonlinetv.com

ရွှေခေတ်ပရိတ်သတ်ကြီးအတွက် အခုဖော်ပြပေးခဲ့တာကတော့ ထူးဆန်းတဲ့ ရိုးရာမင်္ဂလာပွဲတွေအကြောင်းပဲ ဖြစ်ပါတယ်။ အဆုံးထိ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။