သင်သိရင် မျက်လုံးပြူးသွားမယ့် စျေးအကြီးဆုံး အလှစိုက်ပန်းပင်တွေရဲ့ စျေးနှုန်းများ

“အလှစိုက်တဲ့ပန်းပင်တစ်ပင်က ဘယ်လောက်တန်မှာမို့လို့လဲကွာ” အခုဖော်ပြပေးမယ့်အကြောင်းအရာလေးကိုဖတ်ပြီးရင်တော့ သင့်အနေနဲ့ ဒီစကားကိုပြောထွက်ဖို့အတွက် အနည်းငယ်စဉ်းစားသွားရပါလိမ့်မယ်။ ဘာကြောင့်လဲသိချင်ရင်တော့ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် ….. shwekhitonlinetv.com

၈။ Pink Plant Sensation

အိမ်တွင်းအလှစိုက်တဲ့အပင်တွေထဲမှာတော့ Pink Plant Sensation ပန်းပင်ကအတော်လေးကိုဈေးကြီးတယ်လို့ဆိုရမှာပါ။ မြန်မာအခေါ် ပိန်းပန်းပင်မျိုးနွယ်တစ်မျိုးဖြစ်တဲ့ ဒီပန်းပင်ဟာ မျိုးစပ်စမ်းသပ်အောင်မြင်ထားတာဖြစ်ပြီး တစ်ပင်ကို ဒေါ်လာ (၂၀၀) လောက်တန်ကြေးရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၇။ Variegated Philodendron Minima

ဒီအပင်ကိုတော့ ဆွစ်ဒိန်ခဲပင်လို့လည်း အလွယ်ခေါ်ကြပါတယ်။ သာမန်အပင်တစ်ပင်ကို ပျမ်းမျှအားဖြင့် ဒေါ်လာ (၂၀၀) လောက်သာရှိပေမယ့် ထူးခြားတဲ့ အဝါရောင်မျိုးကွဲပင်တစ်ပင်ကိုတော့ လေလံပွဲကြီးတစ်ခုမှာ ဒေါ်လာ (၅၀၀၀) နဲ့ ရောင်းချနိုင်ခဲ့ဖူးပါတယ်။ shwekhitonlinetv.com

၆။ Variegated Philodendron Billietiae

နှလုံးပုံစံရှည်မျောမျောအစိမ်းရောင်အရွက်ခံပေါ်မှာ အဝါရောင်အစက်အပျောက်တွေပါရှိတဲ့ Variegated Philodendron Billietiae အပင်ကတော့ အိမ်တွင်းအလှစိုက်ပန်းပင်တွေထဲမှာ တန်ဖိုးအကြီးဆုံးလို့တောင်ဆိုလို့ရပါတယ်။ မျိုးဗီဇပြောင်းလဲမှုအပေါ်မူတည်ပြီး ဒီပန်းပင်တစ်ပင်ရဲ့ဈေးနှုန်းက ဒေါ်လာ (၃၀၀၀) ဝန်းကျင်ကနေစပြီးရှိပါတယ်။ shwekhitonlinetv.com

၅။ 17th-Century Semper Augustus

ရှားပါးကျူးလစ် (Tulip) ပန်းမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ (၁၇) ရာစုလောက်ကတည်းက နယ်သာလန်နိုင်ငံတဝန်းမှာစိုက်ပျိုးခဲ့တဲ့ပန်းဖြစ်တယ်လို့ သိရပြီး လက်ရှိအချိန်မှာ မျိုးဥတစ်ခြင်းကို အမေရိကန်ဒေါ်လာ (၅,၇၀၀) လောက်တန်ဖိုးရှိတဲ့ပန်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Saffron Crocus

ခရမ်းရောင်အဆင်းရှိပြီး ရွှေအိုရောင် ဝတ်ဆံလေးတွေနဲ့လှပလွန်းတဲ့ ဒီပန်းလေးတွေကတော့ အပင်ငယ်အမျိုးအနွယ်ဝင်ဖြစ်ပါတယ်။ အပင်ပုံစံက ကြက်သွန်ပင်နဲ့ အနည်းငယ်ဆင်တူပြီး အပင်အရွယ်အစားထက် ကြီးမားတဲ့ အပွင့်တွေပွင့်တဲ့ အပင်လည်းဖြစ်ပါတယ်။ သူ့ရဲ့အပွင့်တွေကိုတော့ အလေးချိန်နဲ့ ချိန်တွယ်ပြီး အရောင်းအဝယ်ပြုလုပ်ကြကာ အလေးချိန် (၁) ပေါင်ကို အမေရိကန်ဒေါ်လာ (၁၅၀၀) ဝန်းကျင်တန်ဖိုးရှိပါတယ်။ shwekhitonlinetv.com

၃။ Kinabalu Orchid

Kinabalu Orchid (Rotchschild’s Orchid) ကိုတော့ မလေးရှားနိုင်ငံ ဆာဘားကျွန်းအနောက်ဘက်ကမ်းရိုးတန်းဒေသက Kinabalu တောင်ပေါ်မှာ (၁၉၈၇) ခုနှစ်ကစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အလွန်ရှားပါးတဲ့ သစ်ခွမျိုးစိတ်တစ်မျိုးဖြစ်တာကြောင့် တစ်ပင်ကို အမေရိကန်ဒေါ်လာ (၅၀၀၀) လောက် မှောင်ခိုဈေးကွက်မှာ ပေါက်ကြေးရှိနေပါတယ်။ shwekhitonlinetv.com

၂။ Shenzhen Nongke Orchid

နာမည်ကျော်စိုက်ပျိုးရေးသုတေသန ကော်ပိုရေးရှင်းတစ်ခုဖြစ်တဲ့ Shenzhen Nongke ကနေ (၂၀၀၅) ခုနှစ်အတွင်း တီထွင်မျိုးစပ်စိုက်ပျိုးခဲ့တဲ့ သစ်ခွတစ်မျိုးဖြစ်ပါတယ်။ အဲ့ဒီသစ်ခွပန်းကိုတော့ လေလံပွဲတစ်ခုမှာ တရုတ်ယွမ်ငွေ ၁.၆၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၀၂,၀၀၀) ပေးပြီးဝယ်ယူသွားခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၁။ Juliet Rose

ဒီပန်းပင်တစ်ပင်ရဲ့တန်ဖိုးကတော့ မယုံကြည်နိုင်စရာကောင်းလောက်အောင်ကိုများပြားလှပြီး အမေရိကန်ဒေါ်လော (၅) သန်းလောက်တန်ပါတယ်။ ဒီပန်းကို ပန်းမျိုးစပ် ပညာရှင်တစ်ဦးဖြစ်တဲ့ David Austin ကအချိန် (၁၅) နှစ်လောက်သုတေသနစမ်းသပ်မှု တွေပြုလုပ်ပြီးမှ အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း အရောင်အဆင်းလှပပြီးနှစ်လိုဖွယ်ရှိတဲ့ ဒီနှင်းဆီပန်းလေးက တန်ဖိုးအရမ်းကြီးမားနေတာထင်ပါရဲ့နော် …… shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။