ဟောလိုးဝင်း ( သရဲများနေ့ ) မှာ လူတိုင်းကို အံ့သြသွားစေခဲ့တဲ့ ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ ဆန်းဆန်းပြားပြားဝတ်စုံများ

အောက်တိုဘာ ၃၁ ရက်နေ့မှာတော့ အနောက်နိုင်ငံများရဲ့ ရိုးရာဓလေ့တခုဖြစ်တဲ့ ဟောလိုးဝင်းပွဲတော် ( သရဲများနေ့ ) ကို ကျင်းပလေ့ရှိကြပါတယ်။ ပွဲတော်ရက်မှာဆိုရင် လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်ရာ ဝတ်စုံများ ဆန်းဆန်းပြားပြား ဝတ်စုံများကို ဝတ်ဆင်ကြပြီး ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကြပါတယ်။ အခုဖော်ပြပေးမှာကတော့ ဟောလိုးဝင်းပွဲတော်ရက်မှာ အများနဲ့မတူ တမူထူးခြားတဲ့ ဝတ်စုံများကို ဝတ်ဆင်ခဲ့ကြတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ ပုံရိပ်ပဲ ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုပေးပါဦးနော်။ shwekhitonlinetv.com

၁။ Gigi Hadid

ကမ္ဘာကျော်မော်ဒယ်လ်တဦးဖြစ်တဲ့ Gigi Hadid ကတော့ နာမည်ကြီးဇာတ်လမ်းတခုဖြစ်တဲ့ ” The Mask ” ဇာတ်လမ်းထဲက ဇာတ်ကောင်ပုံစံအတိုင်း ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ အမျိုးသားဇာတ်ဆောင်ရဲ့ ပုံစံကို အတုယူပြီး ဝတ်ဆင်ထားတဲ့ မော်ဒယ်လ် Gigi Hadid ရဲ့ ပုံရိပ်ကတော့ အချိန်အတော်ကြာ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ပြောစမှတ်တွင်ခဲ့ပါတယ်။ shwekhitonlinetv.com

၂။ Bella Hadid နဲ့ The Weeknd

မော်ဒယ်လ် Bella Hadid နဲ့ သူမရဲ့ချစ်သူ အဆိုတော် The Weeknd တို့ရဲ့ ၂၀၁၈ ခုနှစ်က ဝတ်ဆင်ခဲ့တဲ့ ဟောလိုးဝင်းဝတ်စုံပဲ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်က နာမည်ကြီးဇာတ်လမ်းဖြစ်တဲ့ Beetlejuice ဆိုတဲ့ ဇာတ်ကားထဲက ဇာတ်ကောင်ပုံစံအတိုင်း လိုက်ဖက်ညီစွာ ဝတ်ဆင်ထားကြတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၃။ Joe Jonas နဲ့ Sophie Turner

အဆိုတော်သရုပ်ဆောင် Joe Jonas နဲ့ အမျိုးသမီးဖြစ်သူ သရုပ်ဆောင် Sophie Turner တို့ရဲ့ လိုက်ဖက်ညီလွန်းလှတဲ့ ဟောလိုးဝင်းစုံတွဲဝတ်စုံပဲဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်က ရိုက်ကူးခဲ့ပြီး အခုချိန်ထိလည်း နာမည်ကြီးနေဆဲဖြစ်တဲ့ ” The Addams Family ” ဇာတ်လမ်းထဲက ဇာတ်ကောင်စုံတွဲရဲ့ ဝတ်စုံကို အတုယူထားပြီး ဝတ်ဆင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဟောလိုးဝင်းမှာ ဝတ်ဆင်ဖို့အတွက် စုံတွဲဝတ်စုံကို ရွေးမယ်ဆိုရင်တော့ ဒီဝတ်စုံလေးဟာလည်း ရွေးချယ်သင့်တဲ့ တခုပါပဲနော်။ shwekhitonlinetv.com

၄။ Harry Styles

ဖက်ရှင်အကြောင်း ပြောဆိုကြမယ်ဆိုရင်တော့ အဆိုတော် Harry Styles ကိုလည်း ချန်ခဲ့လို့ မရပါဘူးနော်။ ဟောလိုးဝင်းပွဲတက်ဝတ်စုံအဖြစ် Harry ရွေးချယ်ခဲ့တဲ့ ဝတ်စုံကတော့ ” The Wizard of Oz” ဇာတ်လမ်းထဲက ဇာတ်လိုက်မလေး Dorothy ရဲ့ ဝတ်စုံပဲ ဖြစ်ပါတယ်။ မိန်းကလေးဝတ်စုံကို ယောက်ျားလေးဝတ်ဆင်ခဲ့တာကြောင့် တမူထူးခြားနေခဲ့ပြီး အားလုံးရဲ့ အာရုံစိုက်ခြင်းခံရတဲ့ ၂၀၂၁ ဟောလိုးဝင်း ဖက်ရှင်ဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com

၅။ Kylie Jenner

သူများနဲ့မတူတဲ့ အရာတွေကို ထူးထူးဆန်းဆန်းလုပ်တဲ့နေရာမှာတော့ Kylie Jenner ကို ဖယ်ချန်ခဲ့လို့ မရပါဘူးနော်။ စီးပွားရေးလုပ်ငန်းရှင် မီလီယံနာ မော်ဒယ်လ်ဖြစ်တဲ့ Kylie Jenner ကတော့ ပွဲတိုင်းမှာ လူတိုင်းရဲ့ အာရုံစိုက်ခြင်းကို အမြဲလိုလိုရရှိထားသူပါ။ ဟောလိုးဝင်းဖက်ရှင်အတွက် သူမရွေးချယ်ခဲ့တဲ့ ဝတ်စုံကတော့ ရေသူမလေး ဝတ်စုံပဲ ဖြစ်ပါတယ်။ Disney ရဲ့လူကြိုက်များတဲ့ ကာတွန်းတွေထဲကတခုဖြစ်တဲ့ ” The Little Mermaid ” ဇာတ်လမ်းထဲက ရေသူမလေး Ariel ပုံစံအတိုင်း ဝတ်ဆင်ထားတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၆။ Kevin Hart

သူငယ်ချင်းနှစ်ဦးဖြစ်တဲ့ Kevin Hart နဲ့ Dwayne Johnson တို့ကတော့ တယောက်နဲ့တယောက် အမြဲလိုလို စနောက်နေလေ့ရှိကြသူတွေပါ။ ၂၀၁၉ ခုနှစ်မှာ Kevin Hart ရွေးချယ်ခဲ့တဲ့ ဟောလိုးဝင်းဖက်ရှင်ကတော့ သူငယ်ချင်းဖြစ်သူ Dwayne Johnson ရဲ့ ပုံစံပဲဖြစ်ပါတယ်။ ဒီလိုဝတ်ဆင်တာကို ကြည့်ခြင်းအားဖြင့် သူတို့သူငယ်ချင်းနှစ်ဦးရဲ့ ကြားထဲက ချစ်ခင်ရင်းနှီးမှုကို တွေ့မြင်နိုင်ပါတယ်။ shwekhitonlinetv.com

၇။​ Hailey Bieber

အဆိုတော် Justin Bieber ရဲ့ မဟေသီဖြစ်သူ Hailey Bieber ရဲ့ ဟောလိုးဝင်းပွဲတက်ဖက်ရှင်ဟာလည်း အားလုံးထဲမှာ ဆန်းသစ်နေခဲ့ပါတယ်။ နာမည်ကြီးဇာတ်လမ်းဖြစ်တဲ့ ” The Princess Diaries ” ရဲ့ ဇာတ်ကောင် Mia Thermopolis ရဲ့ ပုံစံအတိုင်း ဝတ်ဆင်ထားတဲ့ ဟောလိုးဝင်းဝတ်စုံပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Kourtney နဲ့ Kim Kardashian

၂၀၁၇ ခုနှစ်ရဲ့ လူပြောအများဆုံး ဟောလိုးဝင်းဝတ်စုံကို Kim Kardashian နဲ့ Kourtney တို့က ဝတ်ဆင်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်ကတော့ Madonna နဲ့ Michael Jackson တို့ရဲ့ တချိန်က စံထားရလောက်တဲ့ ဖက်ရှင်အတွဲအဖက်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ Halsey

ရုတ်တရက်ကြည့်ရင် အဆိုတော် Halsey မှန်းတောင် မသိရလောက်တဲ့အထိ ပြောင်မြောက်တဲ့ မိတ်ကပ်လက်ရာပဲ ဖြစ်ပါတယ်။ Halsey အတုယူပြီး ပြင်ဆင်ထားတဲ့ ဟောလိုးဝင်းအပြင်အဆင်ကတော့ နာမည်ကြီးဇာတ်လမ်း ” Corpse Bride ” ဇာတ်လမ်းထဲက ဖက်ရှင်ဖြစ်ပါတယ်။ အဆိုပါ ဇာတ်လမ်းထဲက Emily ဆိုတဲ့ ဇာတ်ကောင်ပုံစံအတိုင်း မိတ်ကပ်အပြင်အဆင်များနဲ့ သေချာပြင်ဆင်ထားတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၁၀။ Beyoncé

အဆိုတော် Beyoncé ကတော့ ဖက်ရှင်နဲ့ပက်သက်လာရင် ပရိတ်သတ်တွေကို အမြဲလိုအသစ်အသစ်တွေ ပေးနေသူတယောက်ပါ။ ၂၀၁၆ ခုနှစ်ရဲ့ ပြောစမှတ်တွင်ခဲ့တဲ့ Beyoncé ရဲ့ ဟောလိုးဝင်းဖက်ရှင်ကတော့ ဘာဘီအရုပ်မလေးဖက်ရှင်ပဲ ဖြစ်ပါတယ်။ ဘာဘီရုပ်တရုပ်လို ပြင်ဆင်ခဲ့ပြီး စက္ကူဘူးထဲမှာ လိုက်ပါလာခဲ့တဲ့ Beyoncé ရဲ့ ဟောလိုးဝင်းစိတ်ကူးကတော့ တကယ်ကို ဆန်းသစ်ခဲ့ပါတယ်။ shwekhitonlinetv.com

၁၁။ Justin Timberlake တို့မိသားစု

Justin Timberlake နဲ့ Jessica Biel တို့ လင်မယားနှစ်ယောက်ရဲ့ ဟောလိုးဝင်းဖက်ရှင်ကို တွေ့မြင်ရမှာပါ။ သူတို့မိသားစုကတော့ လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ကြတဲ့ Lego ကစားစရာအရုပ်ကလေးတွေရဲ့ အပြင်အဆင်အတိုင်း ဟောလိုးဝင်းဖက်ရှင်ကို ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ လိုက်ဖက်ညီလှတဲ့ မိသားစု ဟောလိုးဝင်းဖက်ရှင်လေးပါပဲနော်။ shwekhitonlinetv.com

၁၂။ Nina Dobrev

Nina Dobrev ကတော့ ဟောလိုးဝင်းဖက်ရှင်အဖြစ် အဆိုတော် Billie Eilish ရဲ့ပုံစံကို တုပပြီး ဝတ်ဆင်ခဲ့ပါတယ်။ Billie Eilish ရဲ့ မူပိုင်ပုံစံလို့တောင် ပြောလို့ရမယ့် ဆံပင်နဲ့ အင်္ကျီအပြင်အဆင်ကို ဝတ်ဆင်ခဲ့ပြီး သူမရဲ့ သီချင်းထဲကလို အမည်းရောင်မျက်ရည်တွေ ကျနေတဲ့ပုံစံ ပြုလုပ်ခဲ့ပါတယ်။ shwekhitonlinetv.com

၁၃။ LeBron James

အမေရိကန်နာမည်ကြီး ဘတ်စ်ကတ်ဘောကစားသမား LeBron James ကတော့ ကြောက်စရာဇာတ်လမ်းထဲက လူပြက်တယောက်လို ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ နာမည်ကျော်ထိတ်လန့်သည်းဖို ဇာတ်ကားဖြစ်တဲ့ ” It ” ဇာတ်လမ်းထဲက ဇာတ်ကောင်ပုံစံအတိုင်း ပြုပြင်ဝတ်ဆင်ထားတာပါ။ တကယ့်ပုံရိပ်နဲ့ တူလွန်းတာကြောင့် အားလုံးရဲ့ ချီးကျူးမှုကို ရရှိခဲ့တဲ့ ဝတ်စုံလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၁၄။​ Kerry Washington

၂၀၂၁ ခုနှစ်ကတော့ ” Squid Game ” ဇာတ်လမ်းရဲ့ နှစ်တနှစ်လို့တောင် ပြောလို့ရမယ်ထင်ပါတယ်။ ထိုနှစ်ရဲ့ ဟောလိုးဝင်းဖက်ရှင်ဟာ Squid Game ရဲ့ လွှမ်းမိုးမှုတွေ အများကြီးသက်ရောက်ခဲ့ပါတယ်။ နာမည်ကြီး သရုပ်ဆောင် Kerry Washington ဟာလည်း ဟောလိုးဝင်းဖက်ရှင်အဖြစ် Squid Game ရဲ့ ဇာတ်ကောင်အဖြစ် ဝတ်ဆင်ခဲ့ပါတယ်။ shwekhitonlinetv.com

၁၅။ Kim Kardashian

ဖက်ရှင်နဲ့ ပက်သက်လာရင် Kim Kardashian ဟာ အမြဲတမ်းစောင့်ကြည့်ခံရတဲ့ စာရင်းရဲ့ ထိပ်ဆုံးမှာ ပါဝင်သူပါ။ ၂၀၁၉ ခုနှစ်ရဲ့ ဟောလိုးဝင်းဖက်ရှင်အတွက် သူမရွေးချယ်ခဲ့တာကတော့ Elle Woods ဇာတ်ကောင်ဖက်ရှင်ဖြစ်ပါတယ်။ နာမည်ကြီးဇာတ်ကားဖြစ်တဲ့ ” Legally Blonde ” ရဲ့ အဓိကဇာတ်ကောင် Elle Woods ရဲ့ ဖက်ရှင်ကို တုပပြီး ဝတ်ဆင်ခဲ့တာပါ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။