ဘယ်လိုလူမျိုးမှ ဝတ်ဆင်လို့ အဆင်မပြေနိုင်တဲ့ ထူးဆန်းပြီး ပုံမှန်မဟုတ်တဲ့ နာမည်ကြီးဖက်ရှင်ဒီဇိုင်းများ

ခေတ်ကာလရေစီးကြောင်းဟာ ရွေ့လျားပြောင်းလဲနေတာနဲ့အမျှ ဖက်ရှင်ဒီဇိုင်းတွေဟာလည်း အမြဲတမ်းပြောင်းလဲလျက်ရှိပါတယ်။ နိုင်ငံတကာမှာ ရှိကြတဲ့ ဖက်ရှင်ဒီဇိုင်နာတွေဟာ ပုံမှန်မဟုတ်ပဲ ဆန်းပြားလှတဲ့ ဖက်ရှင်တွေကို ဖန်တီးလာကြပါတယ်။ အဆိုပါ ဖက်ရှင်တွေဟာ ကြည့်ရမြင်ရသူအဖို့ ထူးဆန်းလှပေမယ့်လည်း တကယ့်ပြင်ပအခြေအနေမှာတော့ ဘယ်လိုမှ ဝတ်ဆင်လို့ရမှာမဟုတ်ပါဘူးနော်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ထူးဆန်းပြီး ပုံမှန်မဟုတ်တဲ့ ဖက်ရှင်ဒီဇိုင်းများကို ဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com

၁။ လေဖောင်းအင်္ကျီ

လေဖောင်းအင်္ကျီဒီဇိုင်းနဲ့ အပြင်အဆင်ကတော့ ကမ္ဘာကျော်တံဆိပ်ဖြစ်တဲ့ Puma ရဲ့ ဒီဇိုင်းဖြစ်ပါတယ်။ ရေကူးကန်လည်းသွားချင် ရေလည်းမကူးတတ်တဲ့သူတွေအတွက် အဆင်ပြေမယ့် ဒီဇိုင်းပါပဲနော်။ shwekhitonlinetv.com

၂။ ဦးထုပ်ကြိုက်နှစ်သက်သူများအတွက်

ဒီလက်ရာကလည်း Puma ရဲ့ လက်ရာတခုဖြစ်ပါတယ်။ ဦးထုပ်ဝတ်ဆင်ရတာ ကြိုက်နှစ်သက်သူတွေအတွက် တခုထက်မကတဲ့ ဦးထုပ်တွေကို ဝတ်ဆင်လို့ရကြောင်း ပြသထားတဲ့ ဖက်ရှင်ပါ။ shwekhitonlinetv.com

၃။ မျက်နှာဖုံးအင်္ကျီ

နာမည်ကြီးဒီဇိုင်နာ Rick Owens ရဲ့ ဖန်တီးမှုတခု ဖြစ်ပါတယ်။ ကိုယ်နဲ့ ရန်ဖြစ်ထားတဲ့သူနဲ့ မျက်နှာချင်းဆိုင်တွေ့ချိန်မှာ အသုံးဝင်မယ့် ဖက်ရှင်ပါပဲနော်။ shwekhitonlinetv.com

၄။ အနက်ရောင်ရေခဲမုန့်ခွက်

ပဲရစ်မှာ အခြေစိုက်ပြီး ဖွင့်လှစ်ထားတဲ့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးတံဆိပ်ဖြစ်တဲ့ Comme des Garçons ရဲ့ လက်ရာဖြစ်ပါတယ်။ အနက်ရောင်ခွက်ထဲကို ထည့်ထားတဲ့ ရေခဲမုန့်တခုလို ဖြစ်နေတာကြောင့် အားလုံးရဲ့ အာရုံစိုက်ခြင်းခံရတဲ့ ဒီဇိုင်းတခုပါ။ shwekhitonlinetv.com

၅။ အဖြူရောင်ဘောလုံး

ဒီဖက်ရှင်ဟာလည်း Comme des Garçons ရဲ့ ထူးခြားတဲ့ ဖန်တီးမှုများထဲက တခုဖြစ်ပါတယ်။​ အပြင်လူဝတ်ဆင်ဖို့အတွက် အဆင်မပြေနိုင်ပေမယ့်လည်း ဖက်ရှင်လျှောက်လမ်းမှာတော့ ပရိတ်သတ်ရဲ့ ကြိုက်နှစ်သက်မှု ရရှိခဲ့တဲ့ ဒီဇိုင်းဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ နာရီလက်အင်္ကျီ

တိုးတက်ပြောင်းလဲလာတဲ့နဲ့အမျှ နာရီတွေကိုပါ အင်္ကျီနဲ့ တခါတည်းတွဲဖက်ဝတ်ဆင်နိုင်အောင်ထိ ချုပ်လုပ်နိုင်ကြပါပြီ ။ ပုံမှာတွေ့မြင်ရတာကတော့ နာရီလက်အင်္ကျီဒီဇိုင်းပဲ ဖြစ်ပါတယ်။ ဆန်းသစ်လွန်းတဲ့ အပြင်အဆင်ကြောင့် အားလုံးကို အံ့အားသင့်စေခဲ့တဲ့ အတွဲအဆက်ပါပဲ။ shwekhitonlinetv.com

၇။ နာရီစင်အင်္ကျီ

နာရီလက်နဲ့ အင်္ကျီအပြင် နာရီစင်ကိုပါ ထည့်သွင်းချုပ်လုပ်လာကြပါပြီ။ ပုံမှာတွေ့မြင်ရတာကတော့ နာရီစင်တခုသဖွယ် ချုပ်လုပ်ထားတဲ့ အင်္ကျီကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com

၈။ အအိပ်မက်သူများအတွက် အင်္ကျီ

အအိပ်မက်တဲ့သူတွေအတွက် အသင့်တော်ဆုံး ဖက်ရှင်ပါပဲနော်။ ခေါင်းအုံးပါ ထည့်သွင်းချုပ်လုပ်ထားတာကြောင့် ပိုပြီးအဆင်ပြေစေမှာပါ။ shwekhitonlinetv.com

၉။ စောင်းအင်္ကျီ

ဖက်ရှင်နဲ့ပက်သက်လာရင် အံ့အားသင့်စရာတွေက ကုန်ဆုံးသွားမှာ မဟုတ်ပါဘူးနော်။ စောင်းလိုမျိုး တီးခတ်ရတဲ့ တူရိယာရဲ့ ပုံစံကိုတုပပြီး ချုပ်လုပ်ထားတဲ့ အင်္ကျီကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com

၁၀။ နံကာပြားအင်္ကျီ

အင်္ကျီလို့ ဆိုလိုက်တာနဲ့ ပိတ်ဆတွေကို ချုပ်လုပ်ထားတဲ့အရာတခုလို့ အားလုံးက မြင်မိကြမှာပါ။ ပုံမှာတွေ့မြင်ရတဲ့ အင်္ကျီကို ချုပ်လုပ်တဲ့ ဒီဇိုင်နာကတော့ ပိတ်စတွေကို အသုံးမပြုပဲ ခပ်တောင့်တောင့် နံကာပြားတွေနဲ့ အင်္ကျီပြုလုပ်ခဲ့ပါတယ်။ နံကာပြားမှာ တွေ့ရတဲ့ ပန်းချီကားဟာ အဆိုပါအင်္ကျီရဲ့ အမြင်တင့်တယ်မှုကို ပံ့ပိုးပေးထားပါတယ်။ shwekhitonlinetv.com

၁၁။​ နှင်းလူသားအင်္ကျီ

ဧဝရတ်တောင်ထိပ်မှာ နေထိုင်တဲ့ ဒဏ္ဍာရီလာနှင်းလူသားအကောင်ကြီးရဲ့ ပုံသဏ္ဍာန်နဲ့ ဆင်တူတဲ့ အင်္ကျီပဲ ဖြစ်ပါတယ်။ အပြင်လူတွေအတွက်တော့ ဘယ်လိုမှ ဝတ်လို့အဆင်မပြေနိုင်စေမယ့် ဖက်ရှင်ပါပဲနော်။ shwekhitonlinetv.com

၁၂။ ပန်းပွင့်အင်္ကျီ

ဂါဝန်ရှည်ပုံစံ ချုပ်လုပ်ထားတဲ့ ဖက်ရှင်တခုပါ။ ရိုးရှင်းလွန်းတဲ့ သာမန်အပြင်အဆင်တခုဖြစ်ပေမယ့် ခေါင်းပေါ်မှာ ပြုလုပ်ထားတဲ့ ပန်းပွင့်ပုံစံကြောင့် ထူးဆန်းသွားစေပါတယ်။ shwekhitonlinetv.com

၁၃။ လေထိုးအင်္ကျီ

ကလေးကစားစရာ ပူဖောင်းပုံစံ ပြုလုပ်ထားတဲ့ အင်္ကျီဒီဇိုင်းပဲ ဖြစ်ပါတယ်။ အပြင်မှာ ဝတ်ဆင်မယ်ဆိုရင်တော့ အားလုံးရဲ့ အကြည့်ကို သိမ်းပိုက်နိုင်မယ့် ဖက်ရှင်ပါပဲနော်။ shwekhitonlinetv.com

၁၄။ အချွန်အတက်များနဲ့ ဝတ်စုံ

အချွန်အတက်များနဲ့ တွဲဖက်ချုပ်လုပ်ထားတဲ့ အင်္ကျီပဲ ဖြစ်ပါတယ်။ ကိုယ့်အနားကို တခြားသူကပ်တာ မကြိုက်တဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့ ဝတ်စုံပါနော်။ shwekhitonlinetv.com

၁၅။ ဂြိုလ်သားအင်္ကျီ

ဂြိုလ်သားပုံစံနဲ့ ဆင်တူတဲ့ ဝတ်စုံပဲ ဖြစ်ပါတယ်။ တီထွင်ဖန်တီးသူတွေရဲ့ စိတ်ကူးစိတ်သန်းတွေကတော့ တကယ့်ကို ထူးဆန်းလွန်းလှပါတယ်နော်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။