Amazing

ဘာဘီအရုပ်လေးတရုပ်လို ပြီးပြည့်စုံစွာလှပဖို့အတွက် အကြိမ်ပေါင်းများစွာ ခွဲစိတ်ပြုပြင်ခဲ့ကြသူများ

ဘာဘီရုပ်လေးတွေဆိုတာ ကလေးတွေသာမက လူကြီးတွေလည်း သဘောကျနှစ်ခြိုက်ကြတဲ့ အရုပ်မလေးတွေပဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ လူသားတွေဟာ ကောင်းမွန်လှပတဲ့ ခန္ဓာကိုယ်နဲ့ ချောမောတဲ့ မျက်နှာအသွင်အပြင်ရှိတဲ့ ဘာဘီရုပ်လေးတွေနဲ့ တူညီစေဖို့အတွက် ခွဲစိတ်ပြုပြင်မှုများ ပြုလုပ်လာကြပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ဘာဘီရုပ်လေးတွေအတိုင်း အရုပ်လေးတရုပ်လို ဖြစ်ပေါ်လာစေဖို့ ခွဲစိတ်ပြုပြင်ခဲ့ကြသူတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ Lilya Kish Lilya Kish ဆိုသူကတော့ ရုရှားနိုင်ငံမှာနေထိုင်တဲ့ ယူကရိန်းနိုင်ငံသူလေးဖြစ်ပြီး သက်ရှိဘာဘီရုပ်မလေးလို့တောင် အားလုံးက သတ်မှတ်ရတဲ့သူလေးဖြစ်ပါတယ်။ ဘာဘီရုပ်မလေးနဲ့ တူစေဖို့အတွက် […]

Amazing

ကမ္ဘာ့နေရာအနှံ့အပြားက မတူညီတဲ့လူမျိုးများရဲ့ ထူးခြားဆန်းပြားတဲ့ နှစ်သစ်ကူးပွဲတော်များ

ကမ္ဘာတလွှားက နိုင်ငံအသီးသီးမှာ မတူညီတဲ့ ရိုးရာဓလေ့များနဲ့ နှစ်သစ်ကူးပွဲတော်များကျင်းပလေ့ရှိကြပါတယ်။ မတူညီတဲ့ ဓလေ့ထုံးတမ်းများကြောင့် နှစ်သစ်ကူးပွဲတော်များ ကျင်းပခြင်းကလည်း ကွဲပြားခြားနားကြပါတယ်။​ ဒီတခေါက်မှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ထူးခြားဆန်းပြားတဲ့ ရိုးရာနှစ်သစ်ကူးပွဲတော်များအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ စကော့တလန် စကော့တလန်လူမျိုးတွေရဲ့ နှစ်သစ်ကူးပွဲတော်ကတော့ ၃ ရက်တာ ကြာမြင့်ပါတယ်။ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ မီးလုံးများကို ကိုင်ဆောင်ထားကြသူများဟာ လမ်းမတွေပေါ်မှာ ထွက်ပေါ်လာကြပြီး မီးတန်းကြီးသဖွယ်တန်းစီးပြီး ပုံဖော်ကြပါတယ်။ ထို့နောက်မှာတော့ တီးမှုတ်သူများနဲ့အတူ ခမ်းနားလှပတဲ့ […]

Amazing

သာမန်အခြေအနေများနဲ့မတူပဲ သဘာဝကိုဆန့်ကျင်ပြီး ဖြစ်တည်နေခဲ့ကြတဲ့ အရာများ

နေ့စဥ်ဘဝမှာ ကျွန်တော်တို့တွေဟာ လက်တဆုပ်စာအရွယ်သာရှိတဲ့ ခရမ်းချဥ်သီး ၊ ကြက်သွန်နီ တို့ကိုသာ တွေ့ဖူးကြမှာပါ။ ဒါပေမယ့်လည်း ကျွန်တော်တို့ မထင်မှတ်ထားလောက်အောင် ကြီးမားတဲ့ ခရမ်းချဥ်သီးများ ၊ နေကြာပန်းများ အစရှိသဖြင့် သဘာဝကိုလွန်ဆန်ပြီး မထင်ထားလောက်အောင် ကြီးမားနေတဲ့ အရာများကိုလည်း တွေ့ရှိနိုင်ပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် သာမန်အခြေအနေများနဲ့မတူပဲ သဘာဝကိုလွန်ဆန်ပြီး ဖြစ်ပေါ်နေတဲ့ အရာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ ကြီးမားလွန်းတဲ့ကြောင်ကြီး ကြောင်မျိုးစိတ်များစွာရှိတဲ့အထဲကမှ ပုံမှာတွေ့မြင်ရတဲ့ကြောင်ကြီးကတော့ ကြီးမားတဲ့ကြောင်မျိုးစိတ်နွယ်ဝင်ပဲဖြစ်ပါတယ်။ သာမန်ကြောင်များနဲ့မတူပဲ ကြီးမားပြီးရှည်လျားလွန်းလှတဲ့ […]

Knowledge

စွန့်ပြစ်ပစ္စည်းဟောင်းများနဲ့ လှပတဲ့လူအသုံးအဆောင်ပစ္စည်းများကို ဖန်တီးပြုလုပ်ခဲ့ကြသူများရဲ့ လက်ရာများ

စိတ်ရှည်မှု ၊ တီထွင်နိုင်မှု နဲ့ အလုပ်ကြိုးစားမှုတို့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အဆုံးမရှိတဲ့ တီထွင်ဖန်တီးနိုင်မှုစွမ်းအားကို တွေ့မြင်ရမှာပါ။ စွန့်ပြစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းပြီး လူတို့ရဲ့ ကျန်းမာရေးကို များစွာထိခိုက်စေတယ်ဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။ ဒါ့ကြောင့် ဒီလိုစွန့်ပြစ်ပစ္စည်းတွေကို အိမ်အသုံးအဆောင်ပစ္စည်းများ အလှဆင်ပစ္စည်းများအဖြစ် ပြန်လည်ဖန်တီးနိုင်မှုဟာ အရမ်းကို အရေးပါလှပါတယ်။ တန်ဖိုးမရှိတော့တဲ့ စွန့်ပြစ်ပစ္စည်းများကို အလှပဆုံးအနုပညာပစ္စည်းများအဖြစ် ပြောင်းလဲနိုင်တဲ့စွမ်းရည်ကို အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံတွေကတဆင့်တွေ့မြင်နိုင်ပါတယ်။ ဆက်လက်ဖတ်ရှုပေးပါဦးနော်။ shwekhitonlinetv.com ၁။​ ပြန်လည်ဆန်းသစ်ခဲ့တဲ့ ရေချိုးကန် ရေချိုးကန်အဟောင်းနဲ့ ရေပိုက်အဟောင်းကို ပြန်လည်ဆန်းသစ်ပြီး […]

Knowledge

လူတိုင်းလည်ပတ်ခွင့်မရှိတဲ့ ကမ္ဘာပေါ်က ဆွဲဆောင်မှုအရှိဆုံးနေရာ ၁၀ ခု

တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာများနဲ့ လွယ်ကူအဆင်ပြေလာတဲ့ ပို့ဆောင်ဆက်သွယ်ရေးများကြောင့် ကမ္ဘာကြီးဟာ ရွာကြီးတရွာ ဖြစ်လာခဲ့သည့်တိုင် လူတွေမလည်ပတ် မရောက်ရှိနိုင်တဲ့ နေရာအများအပြားလည်း ရှိလို့နေပါတယ်။ လူသားတွေဟာ မားစ်ဂြိုလ်ပေါ်ကို နယ်မြေသစ်ချဲ့ထွင်ခဲ့ရုံသာမက စကြာဝဠာကြီးအကြောင်းကို သိရှိစေဖို့ ကြိုးစားအားထုတ်ခဲ့ကြပေမယ့်လည်း ကမ္ဘာမြေပေါ်မှာရှိတဲ့ တချို့သောနေရာတွေရဲ့အကြောင်းကိုတော့ သိရှိနိုင်ခြင်းမရှိကြသေးပါဘူး။ တချို့သောနေရာတွေဟာ စစ်ရေးအချက်အချာများဖြစ်တာကြောင့် အပြင်လူများသိရှိခွင့်မရှိတဲ့ နေရာတွေဖြစ်သလို တချို့သောနေရာတွေကတော့ လူတို့ကို အန္တရာယ်ဖြစ်စေမယ့် အရာတွေရှိတာကြောင့် သွားရောက်လည်ပတ်ခွင့်မရှိကြတဲ့ နေရာတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ရွှေခေတ်ပရိတ်သတ်ကြီးအတွက် သာမန်ပြည်သူများ သွားရောက်လည်ပတ်ခွင့်မရှိတဲ့ နေရာဒေသတွေအကြောင်းကို […]

Amazing

ကြည့်မိသူတိုင်းကို မူးနောက်သွားစေမယ့် ထူးဆန်းတဲ့ နှစ်ထပ်တက်တူးဒီဇိုင်းများ

ခန္ဓာကိုယ်ရဲ့ ပန်းချီကားတခုလို့ တင်စားခေါ်ဝေါ်ရမယ့် တက်တူးဒီဇိုင်းတွေဟာ ယနေ့ခေတ်မှာတော့ ပိုမိုဆန်းပြားလာခဲ့ပြီပဲဖြစ်ပါတယ်။ အရောင်အသွေးစုံလင်စွာနဲ့ လှပတဲ့ တက်တူးများရှိသလို အဖြူအမည်း အရောင်နှစ်မျိုးကိုသာအသုံးပြုပြီး ရေးဆွဲတဲ့ တက်တူးဒီဇိုင်းများလည်း ရှိပါတယ်။ shwekhitonlinetv.com ဒီတခေါက်မှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ထူးဆန်းပြီး အမြင်အာရုံကို လှည့်စားလွန်းတဲ့ တက်တူးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ လက်ရာမြောက်လွန်းတဲ့ တက်တူးများကြောင့် မူးနောက်သွားစေမယ့် ခံစားချက်ကို ရရှိသွားမယ်ဆိုတာ သေချာပါတယ်။ shwekhitonlinetv.com Yatzil Elizalde ဆိုတဲ့ တက်တူးပညာရှင် အမျိုးသမီး ဖန်တီးခဲ့တဲ့ […]

News

အာရှတခွင်မှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ အလှပဆုံးလိင်ပြောင်းအမျိုးသမီးရဲ့ မင်္ဂလာဆောင်ပုံရိပ်များ

ထိုင်းနိုင်ငံရဲ့အလှပဆုံး လိင်ပြောင်းအမျိုးသမီးဖြစ်သူ Poyd Treechada Petcharat ဟာ အမျိုးသားဖြစ်သူ Oak နဲ့ တရုတ်ရှေးရိုးရာပုံစံအတိုင်း မတ်လ ၂ ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့ပါတယ်။ shwekhitonlinetv.com Poyd Treechada Petcharat ကတော့ အလှမယ်ပြိုင်ပွဲများမှာ Miss Tiffany’s 2004 နဲ့ Miss International Queen 2004 ဆုတို့ကို ရရှိခဲ့ပြီး အလှပဆုံးလိင်ပြောင်းအမျိုးသမီးဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ shwekhitonlinetv.com ထိုင်းသတင်းစာများရဲ့ ဖော်ပြချက်အရ […]

Knowledge

ကမ္ဘာတဝှမ်းရှိ အချို့သောနိုင်ငံများရဲ့ တားမြစ်ပိတ်ပင်ခြင်းခံထားရတဲ့ တက်တူးအမျိုးအစားများ

တက်တူးထိုးနှံတဲ့အခါ လှပပြီးစိတ်တိုင်းကျတဲ့ အနုပညာလက်ရာများကို ထိုးနှံပြီးသည့်တိုင်အောင် နောင်အခါမှာ ထိုတက်တူးတွေနဲ့ ပက်သက်ပြီး နောင်တမရဖို့ လိုပါတယ်။ တခါတလေမှာ ရိုးရှင်းတဲ့တက်တူးသေးသေးလေးတခုဖြစ်နေရင်တောင် နေရာဒေသပေါ်မူတည်ပြီး ကြီးမားတဲ့အန္တရာယ်တခုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒါ့ကြောင့် တက်တူးမထိုးခင်မှာ ကိုယ်ထိုးမယ့်တက်တူးနဲ့ပက်သက်တဲ့ အဓိပ္ပာယ်များကို သေချာလေ့လာစုံစမ်းသင့်ပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် တက်တူးအမျိုးမျိုးထဲကမှ အချို့နိုင်ငံများရဲ့ ပိတ်ပင်တားဆီးခြင်းကိုခံထားရတဲ့ တက်တူးအမျိုးအစားတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ ထိုင်းနိုင်ငံ ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာဝင်များအများဆုံးနေထိုင်ရာ နိုင်ငံတခုဖြစ်တာကြောင့် ဗုဒ္ဓရုပ်ပွားတော်များနဲ့ ဗုဒ္ဓပုံတော်များဟာ အထွတ်အမြတ်ထားကိုးကွယ်ရာ အမှတ်သင်္ကေတများဖြစ်ကြပါတယ် […]

Knowledge

၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့စျေးအကြီးဆုံး ပစ္စည်း ၁၀ မျိုး

ကိုယ့်ရဲ့ပိုင်ဆိုင်မှုကို ထည့်တွက်စရာမလိုပဲ လိုချင်သမျှ ပစ္စည်းကို ဝယ်ယူနိုင်ဖို့ဆိုတာ လူတိုင်းတောင်းတတဲ့ အိမ်မက်တခုဖြစ်မယ်ထင်ပါတယ်။ ဒါဆိုရင် ကမ္ဘာ့စျေးအကြီးဆုံးပစ္စည်းများကို မျက်တောင်တချက်မခတ်ပဲ ဝယ်ယူနိုင်သူတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူတော်တော်များများရဲ့ အိမ်မက်တွေကို ပိုင်ဆိုင်ခွင့်ရရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲနော်။ ၂၀၂၂ ခုနှစ်အတွင်း လေ့လာစမ်းစစ်ချက်များအရ အောက်ဖော်ပြပါ ပစ္စည်း ၁၀ ခုဟာ ကမ္ဘာ့စျေးအကြီးဆုံးထိပ်တန်း ၁၀ ခုစာရင်းဝင် ပစ္စည်းများ ဖြစ်ကြပါတယ်။​ဆက်လက်ဖတ်ရှုပေးပါဦးနော်။ shwekhitonlinetv.com ၁၀။ Giant Clock ( အမေရိကန်ဒေါ်လာ ၄၂ […]

Amazing

အင်္ဂလန်ဘုရင်မကြီးပိုင်ဆိုင်တဲ့ ကျောက်မျက်ရတနာပေါင်းများစွာထဲကမှ တန်ဖိုးအကြီးဆုံး လက်ဝတ်ပစ္စည်းများ

၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ အဲလိဇဘက် ၂ ဘုရင်မကြီးဟာ သူမမကွယ်လွန်ခင်အချိန်အထိ တန်ဖိုးမဖြတ်နိုင်တဲ့ ကျောက်သံပတ္တမြားပေါင်းများစွာကို စုဆောင်းခဲ့သူဖြစ်ပါတယ်။ သူမစုဆောင်းခဲ့သမျှ ကျောက်မျက်ရတနာပေါင်းများစွာရဲ့ ခန့်မှန်းခြေတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄ ဘီလီယမ်တန်ဖိုးရှိတယ်လို့ ဆိုကြပါတယ်။ တချို့ကျောက်သံပတ္တမြားများဟာ ရှေးယခင်က အုပ်စိုးခဲ့တဲ့ တော်ဝင်မျိုးနွယ်များရဲ့ လက်ဆင့်ကမ်းပေးအပ်ခဲ့တဲ့အရာများဖြစ်ပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် အင်္ဂလန်ဘုရင်မကြီးပိုင်ဆိုင်တဲ့ ကျောက်မျက်ရတနာများထဲကမှ တန်ဖိုးအကြီးဆုံးရတနာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၈။ Queen Alexandra’s Wedding Necklace ဒီလည်ဆွဲကိုတော့ […]