စွန့်ပြစ်ပစ္စည်းဟောင်းများနဲ့ လှပတဲ့လူအသုံးအဆောင်ပစ္စည်းများကို ဖန်တီးပြုလုပ်ခဲ့ကြသူများရဲ့ လက်ရာများ

စိတ်ရှည်မှု ၊ တီထွင်နိုင်မှု နဲ့ အလုပ်ကြိုးစားမှုတို့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အဆုံးမရှိတဲ့ တီထွင်ဖန်တီးနိုင်မှုစွမ်းအားကို တွေ့မြင်ရမှာပါ။ စွန့်ပြစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းပြီး လူတို့ရဲ့ ကျန်းမာရေးကို များစွာထိခိုက်စေတယ်ဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။ ဒါ့ကြောင့် ဒီလိုစွန့်ပြစ်ပစ္စည်းတွေကို အိမ်အသုံးအဆောင်ပစ္စည်းများ အလှဆင်ပစ္စည်းများအဖြစ် ပြန်လည်ဖန်တီးနိုင်မှုဟာ အရမ်းကို အရေးပါလှပါတယ်။ တန်ဖိုးမရှိတော့တဲ့ စွန့်ပြစ်ပစ္စည်းများကို အလှပဆုံးအနုပညာပစ္စည်းများအဖြစ် ပြောင်းလဲနိုင်တဲ့စွမ်းရည်ကို အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံတွေကတဆင့်တွေ့မြင်နိုင်ပါတယ်။ ဆက်လက်ဖတ်ရှုပေးပါဦးနော်။ shwekhitonlinetv.com

၁။​ ပြန်လည်ဆန်းသစ်ခဲ့တဲ့ ရေချိုးကန်

ရေချိုးကန်အဟောင်းနဲ့ ရေပိုက်အဟောင်းကို ပြန်လည်ဆန်းသစ်ပြီး အသုံးပြုခဲ့တာကို တွေ့မြင်ရမှာပါ။ ရေချိုးကန်အဟောင်းကို အိမ်ရဲ့ဧည့်ခန်းမှာ ဆိုဖာခုံအဖြစ် မြင်တွေ့ရမယ်ဆိုတာ ဘယ်သူမှ စိတ်ကူးမိမယ်မထင်ပါဘူးနော်။ shwekhitonlinetv.com

၂။ စန္ဒရားအဟောင်းရဲ့ပြောင်းလဲမှု

အိမ်ရဲ့ကျက်သရေဆောင်ဖြစ်ခဲ့တဲ့ စန္ဒရားတလုံးရဲ့ ပြောင်းလဲမှုဖြစ်ပါတယ်။ အသံထွက်မမှန်တော့ပဲ အိုဟောင်းနေတဲ့ စန္ဒရားတွေကို လွှင့်မပြစ်ပဲ ဒီလိုမျိုးလှပတဲ့ ပစ္စည်းတင်စင်အဖြစ်လည်း ပြောင်းလဲနိုင်ပါတယ်။ shwekhitonlinetv.com

၃။ ကတ်ထူပြားတွေနဲ့ လူမျက်နှာပုံစံ ပြုလုပ်ခဲ့သူ

ပုံမှာတွေ့မြင်ရတဲ့ အမျိုးသမီးကတော့ စွန့်ပြစ်ကတ်ထူအမှိုက်တွေကို အသုံးချပြီး သူမနဲ့ပုံတူလူရုပ်ထုကို ပြုလုပ်ပြခဲ့တာ ဖြစ်ပါတယ်။ အမှိုက်တွေကလည်း တကယ်အသုံးပြုနိုင်မယ်ဆိုရင် အနုပညာတရပ်ဖြစ်လာနိုင်ကြောင်းကို သက်သေပြသလိုပါပဲနော်။ shwekhitonlinetv.com

၄။ ကြေးနီကြိုးဘွန်ဆိုင်းပင်

ကြေးနီကြိုးတွေကို ဘွန်ဆိုင်းလို့ခေါ်တဲ့ အပင်ပုပုံစံ ပြုလုပ်ထားတဲ့ ၉တန်းကျောင်းသားလေးရဲ့ လက်ရာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ လျှပ်စစ်ဂစ်တာ

သာမန်လျှပ်စစ်ဂစ်တာတွေနဲ့မတူတဲ့ ဒီဂစ်တာကတော့ စကိတ်စီးတဲ့ ဘုတ်ပြားနဲ့ ပြုလုပ်ထားတဲ့ ဂစ်တာဖြစ်ပါတယ်။ စွန့်ပြစ်ထားတဲ့ စကိတ်ဘုတ်ပြားတွေကို အသုံးပြုပြီး ဂစ်တာတလက်ဖန်တီးဖို့ဆိုတာ မလွယ်ကူလှပါဘူးနော်။ shwekhitonlinetv.com

၆။ ပလပ်စတစ်ဘဲငန်း

ပုံမှာတွေ့မြင်ရတဲ့ ဘဲငန်းကိုတော့ တခါသုံးပလပ်စတစ်ဒါးတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အသင့်စားဆိုင်တွေကနေ ရရှိလာတဲ့ တခါသုံးပလပ်စတစ်ဒါးတွေကို ဖြစ်သလို မစွန့်ပြစ်ပဲ ဘဲငန်းပုံစံပြုလုပ်ခဲ့တဲ့ အတွေးအမြင်ကတော့ တကယ်ကို ချီးကျူးစရာပါနော်။ shwekhitonlinetv.com

၇။ ပန်းအိုးအကွဲရဲ့ အလှတရား

ပန်းအိုးကွဲသွားတဲ့အခါမှာလည်း စွန့်ပြစ်စရာမလိုပဲ လှပအောင်ဖန်တီးနိုင်ကြောင်းကို ဒီပုံလေးက သက်သေပြနေပါတယ်။ ကွဲအက်သွားပြီး တစစီဖြစ်သွားတဲ့ အကွဲတွေကို လှပအောင် တန်ဆာဆင်ထားတာဟာ တကယ့်ကို ဆန်းသစ်တဲ့ အတွေးအမြင်ပါပဲ။ shwekhitonlinetv.com

၈။ ကမ်းခြေကအမှိုက်များနဲ့ ပြုလုပ်ထားတဲ့ငါးရုပ်

ပင်လယ်ကမ်းခြေမှာ စွန့်ပြစ်ခဲ့ကြတဲ့ ပလပ်စတစ်အမှိုက်တွေရဲ့ အန္တရာယ်ဟာ ပင်လယ်နေသတ္တဝါများအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုပဲဖြစ်ပါတယ်။ ဒီလိုမျိုးအန္တရာယ်ကို လူတိုင်းသတိပြုမိနိုင်စေဖို့အတွက် ကမ်းခြေကအမှိုက်တွေနဲ့ ပုံဖော်ထားတဲ့ ငါးရုပ်ကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ တီဗွီငါးကန်

အိုဟောင်းပြီး အသုံးပြုလို့မရတော့တဲ့ တီဗွီကို ငါးကန်အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ဆန်းသစ်လှပတဲ့ တီဗွီငါးကန်ကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com

၁၀။ အဝတ်အိတ်

အိုဟောင်းပြီး ဆက်သုံးလို့အဆင်မပြေနိုင်တော့တဲ့ အဝတ်အိတ်တွေကို ဒီလိုပုံစံလေး ပြောင်းလဲနိုင်ပါတယ်။ လှပတဲ့ စာအုပ်စင်လေးအဖြစ် ပြောင်းလဲခဲ့တဲ့ အဝတ်အိတ်ကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com

၁၁။ ကြွေပန်းကန်ခွက်များနဲ့ ငှက်စာ

ပုံမှာတွေ့မြင်ရတဲ့ ကြွေပန်းကန်လေးတွေကတော့ ငှက်စာလေးတွေထည့်ထားပြီး ငှက်လေးတွေကို အစာကျွေးထားတဲ့ ခွက်လေးတွေပဲ ဖြစ်ပါတယ်။ အသုံးမပြုလိုတော့တဲ့ ပန်းကန်လေးတွေနဲ့ ဒီလိုမျိုးဆန်းကြယ်တဲ့ ဒီဇိုင်းလေးတွေကို ဖန်တီးနိုင်ပါတယ်နော်။ shwekhitonlinetv.com

၁၂။ စက်ဘီးများနဲ့ ပြုလုပ်ထားတဲ့ ဖန်တီးမှု

ပုံမှာတွေ့မြင်ရတဲ့ အမြင်အာရုံကို မူးနောက်သွားစေမယ့် လက်ရာကတော့ စက်ဘီးတွေနဲ့ ပြုလုပ်ထားတဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။ အသုံးပြုလို့မရနိုင်တော့တဲ့ စက်ဘီးများကို အခုလိုလက်ရာမြောက်တဲ့ ဖန်တီးမှုတခုအဖြစ် ပုံဖော်ခဲ့တာပါ။ shwekhitonlinetv.com

၁၃။ ဂျက်ဖာခွံများနဲ့ ပြုလုပ်ထားတဲ့ ဝတ်စုံ

ပုံမှာတွေ့ရတဲ့ ဝတ်စုံဟာ ဂျက်ဖာခွံတွေနဲ့ ပြုလုပ်ထားတဲ့ တန်ဖိုးနည်း ဝတ်စုံတခုဖြစ်ပါတယ်။ စွန့်ပြစ်အမှိုက်များဖြစ်တဲ့ ဂျက်ဖာခွံတွေကို အသုံးပြုပြီး iron man ဝတ်စုံတီထွင်ခဲ့သူရဲ့ ဖန်တီးနိုင်မှုကတော့ တကယ့်ကို ချီးကျူးစရာပါပဲနော်။ shwekhitonlinetv.com

၁၄။ ချိုချဥ်တုတ်တံများနဲ့ ပြုလုပ်ထားတဲ့ အရုပ်ဆိုင်ကယ်

လူတို့ရဲ့ အဆုံးမရှိတဲ့ တီထွင်ဖန်တီးနိုင်စွမ်းများထဲမှာ အမှိုက်များကို အသုံးချပြီး ဖန်တီးမှုပြုလုပ်နိုင်ခြင်းဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချပေးတဲ့ အပြုအမူကောင်းတခုလို့ ဆိုချင်ပါတယ်။ ပုံမှာတွေ့မြင်ရတာကတော့ ကလေးများကြိုက်နှစ်သက်တဲ့ တုတ်ထိုးချိုချဥ်များနဲ့ ရေခဲချောင်းတုတ်တံလေးများကို အသုံးချပြီး အရုပ်ဆိုင်ကယ်ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁၅။ ကော်ဖီအိတ်

ကော်ဖီခွံများနဲ့ ပြုလုပ်ထားတဲ့ ပိုက်ဆံအိတ်ပဲ ဖြစ်ပါတယ်။ တီထွင်တတ်မယ်ဆိုရင် ကော်ဖီခွံအမှိုက်များကလည်း ပိုက်ဆံအိတ်ဖြစ်လာနိုင်တယ်ဆိုတာကို သက်သေပြခဲ့တဲ့ ပုံရိပ်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။