နှစ်ပေါင်း ( ၃၇ ) နှစ်တိုင်တိုင် နေ့တိုင်းသစ်ပင်တွေ စိုက်ပျိုးခဲ့တဲ့ အမျိုးသား

ပရိသတ်ကြီးရေ ကမ္ဘာကြီးအတွက် မရှိမဖြစ်လိုအပ်တဲ့ သစ်ပင်တွေ ဟာဆိုရင် တစ်ဖြည်းဖြည်း နည်းပါးလာပြီပဲ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နည်းပါးလာခဲ့တာဖြစ်ပြီး တစ်ချို့ အပင်မျိုးစိတ်တွေဆိုရင် မျိုးတုန်း ပျောက်ကွယ်သွားပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို အပင်မျိုးစိတ်တွေ ဆက်လက်ရှင်သန်နိုင်အောင် တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက် လုပ်ဆောင်နေတဲ့ ဟီးရိုး တစ်ယောက် အကြောင်းကို ပြောပြပေးချင်ပါတယ်။ shwekhitonlinetv.com

သူ့ရဲ့ အမည်ကတော့ Jadav ဖြစ်ပြီး ဆက်ကျော်သက် အရွယ်ကတည်းက သဘာ၀တရားကြီးအတွက် အကျိုးပြုမယ့်ဟာ တစ်ခုခု အမြဲလုပ်ပေးဖို့ စဉ်းစားနေတတ်သူလည်း ဖြစ်ပါတယ် ။ တစ်ရက်မှာတော့ Jadav တို့နေထိုင်တဲ့ နေရာလေးဟာ ရေလွှမ်းမိုးမှုကြီး တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီရေလွှမ်းမိုးမှုကြောင့်ပဲ မြွေအတော်များများ သေဆုံးပြီး ရေထဲမျောပါလာခဲ့ပါတယ်။ ဒါကို မြင်သွားတဲ့ Jadav ဟာ နောက်ထပ် အခုလိုမျိုးတွေ ထပ်မဖြစ်အောင် ၊ တိရစ္ထာန်လေးတွေကိုလည်း ကယ်တင်ရာရောက်အောင် စိတ်ကူးတစ်ခုကို အကောင်အထည်ဖော်ခဲ့ပါတော့တယ်။ shwekhitonlinetv.com

Jadav ဟာ သစ်တောဝန်ကြီးဌာနကို ဆက်သွယ်ကြည့်ခဲ့ပေမယ့်လည်း တစ်ဖက်က ပြန်လည်ဖြေကြားခဲ့ခြင်း မရှိခဲ့ပါဘူး။ အကြောင်းကတော့ တာဝန်ရှိသူတွေက ထိုနယ်မြေဟာ သဲအရမ်းထူတဲ့အတွက် အပင်စိုက်ပျိုးဖို့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Jadva ဟာ လုံး၀ စိတ်မလျော့ခဲ့ပဲ ရတဲ့နည်းနဲ့ အပင်တွေ စိုက်ပျိုးလို့ရအောင် ကြိုးစားခဲ့ပါတော့တယ်။ တစ်ကယ်လည်း သူ့ရဲ့ ကြိုးစားမှုဟာ အရာထင်ခဲ့ပြီး အပင်မျိုးစေ့တွေဟာ အောင်မြင်စွာ ရှင်သန် ကြီးထွားလာခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလို အပင်တွေကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပေမယ့်လည်း Jadva ဟာ မကျေနပ်နိုင်သေးပါဘူး။ သူဟာ တစ်နေ့ကို အပင်နည်းနည်းချင်းစီ စိုက်ပျိုးလာခဲ့ပြီး နှစ်ပေါင်း ( ၃၇ ) နှစ်ကျော်တဲ့အထိ နေ့တိုင်းစိုက်ပျိုးခဲ့ပါတယ်။ အခုဆိုရင်တော့ သူစိုက်ပျိုးခဲ့တဲ့ အသီးအပွင့်တွေကို သူ ကိုယ်တိုင်ခံစားလာရပြီ ဖြစ်ပြီး သူဖြစ်ချင်ခဲ့တဲ့ တိရစ္ဆာန်လေးတွေအတွက် ဘေးကင်းလုံခြုံစေသော နေရာလေးတစ်ခုကိုလည်း ဖန်တီးပေးနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

Jadva စိုက်ပျိုး ပြုစုခဲ့တဲ့ တောအုပ်လေးရဲ့ အကျယ်ဟာ ဧကပေါင်း ( ၁၃၆၀ ) အထိ ကျယ်ဝန်းပါတယ်။ ဒီတောအုပ်လေးထဲမှာ တောရိုင်း တိရစ္ဆာန်တော်တော်များများ ကျက်စားနေကြပြီး ဆင်အကောင်ရေ ( ၁၅၀ ) ကျော် ၊ ကြံ့ အကောင်ရေ အနည်းငယ် ၊ သမင်နဲ့ ကျားအချို့တောင် ရှိပါသေးတယ်။ Jadva ကတော့ ဒီလို သစ်ပင်စိုက်ပျိုးတာကို နားသွားမှာ မဟုတ်ပဲ သူ့ရဲ့ နောက်ဆုံးထွက်သက်အထိ စိုက်ပျိုးနေဦးမယ်လို့ ပြောထားပါတယ်။ ဒါ့ကြောင့် တစ်ကယ့်အပြင်က သဘာ၀ ပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးတဲ့ ဟီးရိုးတစ်ယောက်အကြောင်းကို ပြောပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလိုအကြောင်းအရာမျိုးလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာ မို့လို့ Shwe Khitt ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။