သင်မသိသေးတဲ့ Rap ဘုရင် Eminem ရဲ့ ဘဝဇာတ်ကြောင်းများ

Eminem လို့ဆိုလိုက်တာနဲ့ ဒီဘက်ခေတ် လူငယ်လူရွယ်တွေကို အထွေအထူး မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူးနော်။ Eminem ဟာ အောင်မြင်ကျော်ကြားလှတဲ့ Rap သီချင်းများစွာကို ဖန်တီးခဲ့တဲ့သူဖြစ်သလို သူများနဲ့ မတူတဲ့ ဆိုဟန်၊ ဖက်ရှင်၊ စရိုက် စတာတွေကြောင့် ကမ္ဘာကျော်တဲ့ Rapper တစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းတော်တော်များများကတော့ ပရိသတ်တွေအတွက် သိရှိပြီးသား ဖြစ်ပေမယ့် အခုဖော်ပြပေးမယ့် သူ့ဘဝ ဇာတ်ကြောင်းအချို့ ကတော့လူသိနည်းလှတာမို့ ဆက်လက်ဖတ်ရှုပေးကြပါဦးနော် ………… shwekhitonlinetv.com

၁။ M&M မှ Eminem သို့

သူ့ရဲ့အမည်ရင်းက Marshall Mathers ပါ။ သူဂီတလောကမှာ စတင်ပွဲထွက်တော့ ဒီနာမည်ရဲ့ အတိုကောက်အနေနဲ့ M&M (အမ်အင်အမ်) ဆိုပြီးသုံးခဲ့ပါတယ်။ ဒါကိုနောက်တစ်မျိုး အသံထွက်ဆိုပြီး ခေါ်ဝေါ်ကြရာကနေ Eminem (အမ်မင်နမ်) ဆိုပြီးဖြစ်လာခဲ့တာလို့သိရပါတယ်။ နောက်ပြီး သူ့ကို Slim Shady လို့လည်းခေါ်ကြပါသေးတယ်။ shwekhitonlinetv.com

၂။ မကြာခဏအနိုင်ကျင့်ခံခဲ့ရသူ

ပါရမီရှိတဲ့ အခြေခံလူတန်းစား ချာတိတ်တစ်ယောက်ရဲ့ ငယ်ဘဝဖြတ်သန်းမှုတွေက လွယ်တော့မလွယ်ကူလှပါဘူး။ သူဟာ ကလေးဘဝတုန်းက အခြားကလေးတွေရဲ့ အနိုင်ကျင့်ခြင်းကို မကြာခဏဆိုသလို ခံခဲ့ရပါတယ်။ တစ်ခါကဆို ကျောင်းသန့်စင်ခန်းထဲမှာ မေ့မျောတဲ့အထိအခြားကလေးတွေ ရဲ့အနိုင်ကျင့်တိုက်ခိုက်ခြင်းကိုတောင် ခံခဲ့ရဖူးတယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

၃။ အလန်းစား စာသားများဖြစ်တည်လာပုံ

Eminem ဟာ Rap လောကမှာ Rhymes ဘုရင်တစ်ဦးလို့ဆိုလို့ ရတဲ့သူတစ်ဦးပါ။ သူဟာ ထူးချွန်တဲ့ Rap အဆိုတော်တစ်ဦးဖြစ်ဖို့အတွက် အချိန်ပြည့်ကြိုးပမ်းခဲ့သူဖြစ်ပြီး ဝေါဟာရအသုံးအနှုန်းကြွယ်ဖို့ အတွက်လည်း Dictionart စာအုပ်ကို ထုံးလိုချေရေလိုနှောက် လေ့လာခဲ့တယ်လို့သိရပါတယ်။ ဒါက သူ့ရဲ့အလန်းစား Rap စာသားတွေ ဖြစ်တည်လာခြင်းရဲ့ အဓိကကျတဲ့အချက်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ငယ်ဘဝအိပ်မက်

နာမည်ကျော် Rapper တစ်ယောက်ဖြစ်လာဖို့ဆိုတာက Eminem ရဲ့ ငယ်ဘဝအိပ်မက်မဟုတ်ဘူး လို့သိရပါတယ်။ သူ့ရဲ့ငယ်ဘဝ အိပ်မက်က တစ်နေ့မှာ ကာတွန်းဆရာတစ်ယောက်ဖြစ်ဖို့ပါတဲ့။ ဒါကြောင့် လည်းသူ့ရဲ့ သီချင်းဗွီဒီယို တွေမှာ Animations တွေပါဝင်နေခြင်းဖြစ်တယ်လို့ Eminem ကဝန်ခံခဲ့ပါတယ်။ shwekhitonlinetv.com

၅။ Grammy ဆုရချိန်မှာ အိပ်ပျော်နေသူ

Eminem ဟာ သူ့ရဲ့ Lose Yourself ဆိုတဲ့ သီချင်းနဲ့ Grammy ဆုရရှိခဲ့ပေမယ့် ဆုပေးပွဲမှာဆုကိုလာရောက် လက်ခံရယူခြင်းမရှိခဲ့ပါဘူး။ အဲ့ဒီအချိန်မှာ Eminem ဟာ ဒက်ထရွိုက်မှာရှိတဲ့ သူ့ရဲ့အိမ်မှာ အိပ်ပျော်နေလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ရဲကားကို သေနတ်ဖြင့်ပစ်ခဲ့ဖူးသူ

Eminem ဟာဘဝတစ်လျောက်အမှုအခင်းတွေတော်တော်များများရင်ဆိုင်ခဲ့ရသူတစ်ဦးလိုသိရပါတယ်။ အဲ့ဒီထဲကတစ်ခုကတော့ သူအသက် (၂၀) လောက်က သူ့ရဲ့ သူငယ်ချင်းနဲ့ အတူရဲကားတစ်စီးကို Paintball သေနတ်နဲ့ပစ်ခဲ့တဲ့ အမှုကတော့ အတော်လေးကို လူပြောများလှပါတယ်။ ဒီအပြုအမူကြောင့် ဖမ်းဆီးခံရပြီး ရုံးတင်ခံခဲ့ရပေမယ့် တရားလိုက တရားခွင်ကိုလာရောက်ခြင်းမရှိလို့ အမှုကို ပယ်ဖျက်ခဲ့ပါသတဲ့။ shwekhitonlinetv.com

၇။ ရှက်တက်လွန်းသူ

သူ့ရဲ့သီချင်းတော်တော်များများက အခြားအနုပညာရှင်တွေကို လှောင်ပြောင်တဲ့ အကြောင်း ပတ်ဝန်းကျင်က အကြောင်းတွေကို ရေးဖွဲ့စပ်ဆိုထားပြီး သဘာဝကျတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် တကယ့်အပြင်က လူနေမှုဘဝမှာတော့ Eminem ဟာ ရှက်တက်ကြောက်တက်လွန်းပြီး ဖာသိဖာသာ နေတက်ထိုင်တက်တဲ့သူ တစ်ယောက်သာဖြစ်တယ်လို့ သူနဲ့ရင်းနှီးတဲ့သူတွေကဆိုပါတယ်။ သူဟာကျောင်းတွေ အိမ်တွေအများအပြားပြောင်းခဲ့ပေမယ့် သူငယ်ချင်းကတော့ အရင်းနှီးဆုံး ပေါင်းသင်းတဲ့သူ အနည်းငယ်သာရှိတယ်လို့ လည်းသိရပါတယ်။ shwekhitonlinetv.com

၈။ Eminem ကိုလူဖြူတစ်ဦးလို့ မထင်ခဲ့တဲ့ Dr.Dre

ဂီတလောကမှာ Eminem အောင်မြင်လာတာဟာ Dr.Dre ရဲ့ကျေးဇူးမကင်းဘူးလို့ဆိုနိုင်ပါတယ်။ နာမည်ကျော် စီနီယာ Rapper တစ်ဦးဖြစ်သလို Producer တစ်ဦးလည်း ဖြစ်တဲ့ Dr.Dre ဟာ Eminem ရဲ့ ပထမဆုံး တိပ်ခွေကို နားထောင်ပြီးတဲ့ အခါ Eminem ရဲ့ Skill ကို သဘောကျပြီး တွေ့ဖို့ချိန်းခဲ့ပါတယ်။ သူတို့တွေ့ဆုံတဲ့ အခါမှာတော့ Eminem ဆိုတာ လူဖြူချာတိတ်လေးတစ်ယောက်မှန်းသိပြီး မှင်သက်ခဲ့ရပါတယ် လို့ Dr.Dre ကဆိုပါတယ်။ shwekhitonlinetv.com

၉။ သေကံမရောက် သက်မပျောက်

လွန်ခဲ့တဲ့ (၂၀၀၆) ခုနှစ်လောက်က Eminem ဟာ ဆေးအလွန်အကျွံ သုံးစွဲမှုကြောင့်ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။ အချိန်မီသာမရောက်ခဲ့ရင် အသက်ဆုံးသွားနိုင်တယ်လို့ လည်း ဆေးရုံတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အသက်ဆက်ရှင်သန်ရေးအတွက် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ချို့ကို ဖြတ်တောက်ခဲ့ရတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၁၀။ Lose Yourself

ဒီသီချင်းဟာ သူ့ရဲ့ဘဝအတွက် အကြီးကျယ်အခမ်းနားဆုံး ဂီတမှတ်တိုင်တစ်ခုဖြစ်မှာတော့ အသေအချာပါပဲ။ ဘာလို့လဲဆိုတော့ ဒီသီချင်းဟာ အော်စကာဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံး Rap သီချင်းတစ်ပုဒ်ဖြစ်ခဲ့လို့ပါ။ shwekhitonlinetv.com

ဒါကတော့ Rap ဂီတလောကရဲ့ ဆရာတစ်ဆူလို့ဆိုရမည့် Eminem ရဲ့လူသိပ်မသိသေးတဲ့ ဘဝဇာတ်ကြောင်း အချို့ပဲဖြစ်ပါတယ်။ နောက်လည်း ဘယ်လိုစိတ်ဝင်စားဖွယ်အကြောင်းအရာလေးတွေ တင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်စောင့်စားပြီး အားပေးကြပါဦးနော် ………. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။