ဒီတစ်ခေါက်မှာတော့ Shwe Khitt ပရိသတ်ကြီးကို ထူးထူးဆန်းဆန်း အကြောင်းအရာလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ အာ့ဒီ အကြောင်းအရာလေးကတော့ မညီမညာဖြစ်နေတဲ့ သွားတွေကို အပြောင်းလဲကြီး ဖြစ်သွားအောင် လုပ်ပြလိုက်တဲ့ အမျိုးသမီး တစ်ယောက် အကြောင်းပါ။ ဘယ်လိုမျိုး ပြောင်းလဲသွားလဲဆိုတာ လေ့လာကြည့်လိုက်ရ အောင်နော်…. shwekhitonlinetv.com


Jaqueline Alarcão ဆိုတဲ့ ဘရာဇီးနိုင်ငံသူ အမျိုးသမီးဟာ Social Media ပေါ်မှာ သူမရဲ့ သွားပုံစံ ပြောင်းလဲပုံ အဆင့်ဆင့်ကို တင်ထားပါတယ်။ Caption မှာ ရေးထားတာကတော့ သွားဆရာဝန်ကို လက်မထပ်ခင်ပုံနဲ့ လက်ထပ်ပြီးပုံ ဆိုပြီး ရေးထားတာ ဖြစ်ပါတယ်။ သူမရဲ့ TikTok ဗီဒီယိုဟာ အတော်လေးကို နာမည်ကြီးသွားကာ လူသိန်းပေါင်းများစွာ ဝင်ကြည့်ခဲ့ကြပါတယ်။ Comment မန့်တဲ့သူပေါင်းကလည်း ( ၁ ) သောင်း ကျော်ရှိကာ ဒီဗီဒီယိုကို ယုံတဲ့ သူတွေလည်း ရှိသလို တစ်ချို့ကလည်း လုပ်ကြံထားတာဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။ shwekhitonlinetv.com


နောက်ပိုင်းမှာတော့ သူမကိုယ်တိုင်က သွားအတုတွေ တပ်ပြီး ဗီဒီယို ရိုက်ထားတယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။ Jaqueline ရိုက်သလိုမျိူး ‘Glow up’ and transformation” ဗီဒီယိုတွေဟာ Tiktok မှာ အတော်လေးကို ခေတ်စားနေတာပဲ ဖြစ်ပါတယ်။ ပုံစံကတော့ အရင်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံ အဟောင်းနဲ့ အခုလက်ရှိ ဓာတ်ပုံထဲက ပုံစံနဲ့ ဘယ်လောက်ကွာခြားသွားလဲဆိုတာ ယှဉ်ပြီး ရိုက်ထားတဲ့ ဗီဒီယိုပုံစံတွေပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလိုထူးဆန်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khitt ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…. .shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။
Be the first to comment
You must log in to post a comment.