သမိုင်းထဲက သင်္ချာဉာဏ်ထူးချွန်လှတဲ့ အာဖရိကကျွန်တစ်ဦး

Thomas Fuller ဆိုတာကတော့ ကမ္ဘာ့သမိုင်းမှာ ထူးခြားလှတဲ့ သင်္ချာဉာဏ်ပါရမီနဲ့မွေးဖွားလာတဲ့သူအဖြစ် ထင်ရှားပါတယ်။ သူ့ကိုတော့ (၁၇၁၀) ခုနှစ်မှာ အာဖရိကတိုက်တစ်နေရာ (ယနေ့ခေတ် လိုက်ဘေးရီးယားနှင့် ဘီနင်နိုင်ငံကြား) မှာ မွေးဖွားခဲ့တာဖြစ်တယ်လို့ မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ သူ့အသက် (၁၄) နှစ်ရောက်တဲ့အခါမှာတော့ ကျွန်ပြုဖို့အတွက် အမေရိကကိုရောင်းချခြင်းခံခဲ့ရပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့နောက်ဆုံးမှာတော့ ဗာဂျီးနီးယားပြည်နယ်က Presley and Elizabeth ရဲ့ အလက်ဇန္ဒရီးယားသင်္ဘောမှာ လှေထိုးသားအဖြစ်အလုပ်လုပ်ခဲ့ရပါတယ်။ Thomas Fuller အပါအဝင် ဒီသင်္ဘောမှာလှေထိုးသားအဖြစ်လုပ်ကိုင်ကြတဲ့ ကျွန်တွေအားလုံးဟာ စာမတတ်မြောက်ကြပါဘူး။ ဒါပေမယ့် အားလုံးထဲမှာ Fuller ကတော့ထူးခြားတဲ့သင်္ချာဉာဏ်ဦးနှောက်ကို ပိုင်ဆိုင်ထားပါတယ်။ ရှုပ်ထွေးတဲ့ပုစ္ဆာတွေကို ဖြေရှင်းနိုင်စွမ်းရှိလို့ သူ့ကို “Virginia Calculator” လို့တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ shwekhitonlinetv.com

Fullar ရဲ့ဦးနှောက်က သင်္ချာဉာဏ်ဘယ်လောက်ထိထူးချွန်သလဲဆိုတာ ပြောပြရမယ်ဆိုရင် တစ်ခါက သူ့ကိုအမျိုးသားတစ်ဦးက “အချိန် (၁) နှစ်ခွဲမှာ စက္ကန့်ပေါင်းဘယ်လောက်ရှိသလဲလို့မေးခဲ့ပါတယ်”။ Fullar က (၄၇,၃၀၄,၀၀၀) စက္ကန့်ရှိကြောင်း (၂) မိနစ်အတွင်းပြန်ဖြေနိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

ဆက်လက်ပြီး အသက် (၇၀) ၊ (၁၇) ရက် နဲ့ (၁၂) အရွယ်လူတစ်ဦးဟာ စက္ကန့်ပေါင်းဘယ်လောက် အသက်ရှင်နေထိုင်ခဲ့သလဲလို့မေးခဲ့ပြန်ပါတယ်။ Fullar က တစ်မိနစ်ခွဲလောက်စဉ်းစားပြီး (၂,၂၁၀,၅၀၀,၈၀၀) စက္ကန့် အသက်ရှင်ခဲ့ကြောင်းပြန်ဖြေခဲ့ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် ဒီမေးခွန်းရဲ့အဖြေကို ဘေးမှာစာရွက်နဲ့တွက်နေတဲ့အမျိုးသားတစ်ဦးက Fullar ရဲ့အဖြေဟာမှားနေကြောင်း သူချတွက်ထားတဲ့ အဖြေထက် Fullar ဖြေတဲ့အဖြေကစက္ကန့်တွေပိုများနေကြောင်း အသိပေးခဲ့ပါတယ်။
Fullar ကတော့ အဲ့လူချတွက်ထားတဲ့ စာရွက်ကိုကြည့်ပြီး “မင်းရက်ထပ်နှစ်တွေကို မေ့သွားပုံရတယ်” လို့ဆိုခဲ့ပါတယ်။ အဲ့ဒီအခါ ထိုအမျိုးသားလည်း ရက်ထပ်နှစ်တွေကိုထည့်ပေါင်းပြီး ပြန်တွက်ကြည့်လိုက်တဲ့အခါမှာတော့ Fullar ဖြေထားတဲ့အဖြေနဲ့ ကွက်တိတူညီသွားခဲ့ပါတယ်။ ဒါဟာတစ်ကယ့်ကို အံ့သြစရာကောင်းပြီး မယုံကြည်နိုင်စရာ အဖြစ်အပျက်တွေဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီအဖြစ်အပျက်တွေဟာ လူမည်းကျွန်တွေဟာလည်း လူဖြူတွေနဲ့ ဉာဏ်ရည်တစ်တန်းတည်းရှိနေတယ်ဆိုတာကို သက်သေပြလိုက်သလိုဖြစ်ခဲ့ပါတယ်။ ဒါဟာ နောက်ပိုင်း လူမည်းတွေကို ကျွန်ပြုတဲ့စနစ်ကိုအပြီးအပိုင်ဖျက်သိမ်းရေး ဆွေးနွေးညှိနှိုင်းမှုတွေဖြစ်လာစေမယ့် လမ်းစလည်းဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။