သင့်ကို အံ့ဩသွားစေမယ့် ကမ္ဘာမြေကြီးပေါ်က ထူးဆန်းသော နေရာ (၅) ခု

ဒီတစ်ခါမှာတော့ Shwe Khit ပရိသတ်ကြီးကို ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာကြီးပေါ်က ထူးဆန်းတဲ့ နေရာ ( ၅ ) ခုအကြောင်းကို ပြောပြပေးချင်ပါတယ် ။ ဘယ်လိုမျိုးတွေ ထူးဆန်းလဲဆိုတာကတော့ အောက်ပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁ ။ Hua shan တောင်

Hua Shan တောင်ကတာ့ တရုတ်နိုင်ငံမှာတည်ရှ်ိတာ ဖြစ်ပြီး တောင်ရဲ့ ဘေးဘက်ကနေ အသည်းတယားယား တောင်တက်လမ်းတွေကနေ တက်ရမှာပဲ ဖြစ်ပါတယ်။ တောင်တက်လမ်းတွေ ဟာ ဘေးဘက်ကနေ တောင်နံရံကို ကပ်ပြီး လမ်းလျှောက်ရတာ ဖြစ်လို့ နှလုံးရောဂါရှိသူတွေ ၊ အမြင့်ကြောက်တတ်တဲ့သူတွေ လုံး၀ မသင့်တဲ့နေရာ တစ်ခုပါ ။ နောက်ပြီး Hua Shan တောင်တက်လမ်းဟာ ကမ္ဘာပေါ်မှာ အန္တရာယ် အများဆုံး Hiking တွေထဲမှာ တစ်ခု အပါအဝင်လည်း ဖြစ်ပါသေးတယ် ။ shwekhitonlinetv.com

၂။ Lion City

၁၉၅၉ ခုနှစ်တုန်းက လေ့လာရေးပညာရှင် တစ်ချို့ဟာ တရုတ်နိုင်ငံက Qiandao ဆိုတဲ့ ရေကန်အောက်ခြေမှာ ရှေးဟောင်းမြို့တော် တစ်ခုကို ရေအနက် မီတာ ( ၅၀ ) လောက်မှာ တွေ့ရှိခဲ့ကြပါတယ် ။ ဒီရှေးဟောင်းမြို့တော်ကို အေဒီ ၂၀၀ လောက်က တည်ရှိခဲ့တာ ဖြစ်ပြီး ရှေးဟောင်းတရုတ် လူမျိုးစုရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကိုလည်း တွေ့ရှိခဲ့ရပါတယ်။ shwekhitonlinetv.com

မြို့တော်ရဲ့ နေရာတော်တော်များများမှာ ခြင်္သေ့ရုပ်တုတွေ တော်တော်များများ တွေ့ခဲ့ရလို့ Lion City လို့ အမည်ပေးခဲ့ပြီး ယနေ့အချိန်အထိ ဒီရေအောက် မြို့တော်ဟောင်းကြီးကို လေ့လာမှုတွေ ပြုလုပ်လျက်ရှိနေပါသေးတယ် ။ shwekhitonlinetv.com

၃။ ဘယ်လ်ဂျီယမ်နိုင်ငံ က နယူးကလီးယား ဓာတ်ပေါင်းဖို

ဘယ်လ်ဂျီယမ် နိုင်ငံမှာတည်ရှိတဲ့ ဒီနယူးကလီးယား ဓာတ်ပေါင်းဖိုဟောင်း တစ်ခုဟာဆိုရင် မြင်ရသူတိုင်းကို ထူးထူးဆန်းဆန်း ဖြစ်စေမှာ အသေအချာပါပဲ ။ ဒီ ဓာတ်ပေါင်းဖိုရဲ့ နာမည်ကတော့ Power Plant IM လို့ အမည်ရပြီး ၁၉၂၁ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ကာ အစောပိုင်း အချိန်တွေတုန်းက တော့ ကျောက်မီးသွေး လုပ်ငန်းအတွက် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com

နောက်ပိုင်းမှာတော့ နယူးကလီးယား ဓာတ်ပေါင်းဖို အဖြစ် ပြောင်းလဲတည်ဆောက်ခဲ့ပြီး ၂၀၀၇ ခုနှစ် မှာတော့ ဓာတ်ပေါင်းဖိုကို ပိတ်ချ လိုက်ကာ စွန့်ပစ် ဓာတ်ပေါင်းဖို တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ် ။ အခုမြင်နေရတာကတော့ ဓာတ်ပေါင်းဖို တစ်ခုရဲ့ အတွင်းဘက် ပုံစံဖြစ်ပြီး နှစ်အနည်းငယ်ကြာမြင့်သွားပြီ ဖြစ်တာကြောင့် ရေညှိတွေတောင် တက်လို့နေတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄ ။ Mirny စိန်တွင်း

ရုရှားနိုင်ငံက Siberia အရှေ့ဘက်ခြမ်းမှာ Mirny ဆိုတဲ့ စိန်တွင်းကြီး တစ်ခုရှိခဲ့ပါတယ်။ ဒီ စိန်မိုင်းတွင်းကြီးရဲ့ အနက်ဟာ ပေပေါင်း ( ၁၇၂၂ ပေ) လောက်အထိတောင် နက်ပြီး ကမ္ဘာပေါ်မှာ စတုတ္ထမြောက် အနက်ဆုံးတွင်း တစ်ခုလည်း ဖြစ်ပါတယ် ။ တွင်းကြီးက ဘယ်လောက်တောင် နက်လဲဆိုရင် ဝေဟင်ကနေ ကြည့်မယ်ဆိုရင်တောင် အထင်းသား မြင်ရပါတယ်တဲ့ ။ shwekhitonlinetv.com

၅။ Bran ( ဒရက်ကူလာ ရဲတိုက် )

ဒရက်ကူလာ အကြောင်းနဲ့ ပတ်သတ်ပြီး သမိုင်းကြောင်းများစွာ ရှိကာ ယုံတဲ့သူလည်းရှိသလို မယုံကြည်ကြတဲ့ သူတွေကလည်း ဒုနဲ့ဒေးပါပဲ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရိုမေးနီးယားနိုင်ငံမှာရှိတဲ့ ဒရက်ကူလာလို့ အမည်ရတဲ့ ရဲတိုက်ကတော့ ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်လျက်ရှိနေပါတယ် ။ shwekhitonlinetv.com

အကြောင်းကတော့ ရိုမေနီးယားနိုင်ငံ Transylvania မှာရှိတဲ့ ဒီရဲတိုက်ကြီးထဲမှာ မြို့စားကြီး Dracula နေခဲ့တယ်လို့ ဆိုခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ မြို့စားကြီးကို သွေးစုပ်ဖုတ်ကောင်လို့ တစ်ချို့က တထစ်ကျ ယုံကြပေမယ့်လည်း ယနေ့အချိန်အထိတော့ အတိအကျ ဘယ်သူမှ သက်သေမပြနိုင်ကြပါဘူး ။ shwekhitonlinetv.com

အခုဖော်ပြထားတာကတော့ ကမ္ဘာကြီးပေါ်မှာရှိတဲ့ ထူးထူးဆန်းဆန်း နေရာများစွာထဲကမှ အချို့ကို ပရိသတ်ကြီး ဗဟုသုတရစေရန်အတွက် ရှာဖွေ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိူး ထူးဆန်းတဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးဦးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးပါဦးနော်… shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။