ထူးခြားတဲ့ အပြင်အဆင်တွေနဲ့ ဆွဲဆောင်ထားနိုင်တဲ့ စားသောက်ဆိုင်များ

ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ပြောပြပေးမယ့် အကြောင်းအရာကတော့ ထူးထူးခြားခြားပုံစံနဲ့ Customer တွေကို လာချင်အောင် ဆွဲဆောင်ထားနိုင်တဲ့ စားသောက်ဆိုင်တွေ အကြောင်းကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ် ။ သာမန်စားသောက်ဆိုင်တွေနဲ့ မတူပဲ ဘယ်လို အပြင်အဆင်တွေနဲ့ ဆွဲဆောင်ထားကြလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ ခေတ်သစ် Toilet စားသောက်ဆိုင်

ထိုင်ဝမ်မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုကတော့ ရေချိုးခန်းအတွင်းက အသုံးအဆောင် ပုံစံတွေကို အခြေခံပြီးတော့ ဖွင့်ထားတာ ဖြစ်ပါတယ် ။ ဆိုင်ထဲက ထိုင်ခုံတွေဟာဆိုရင်လည်း ဘိုထိုင် အိမ်သာပုံစံမျိုးတွေနဲ့ ထားပေးထားပြီး ပန်းကန်ပုံစံကအစ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ အိမ်သာပုံစံ ပန်းကန်လုံးတွေနဲ့ တည်ခင်းပေးထားတာပါ ။ shwekhitonlinetv.com

ဆိုင်ရဲ့ နာမည်အကြီးဆုံး ရေခဲမုန့် ဆိုရင်လည်း ဆောင့်ကြောင့်ထိုင်ရတဲ့ အိမ်သာပုံစံ ပန်းကန်လေးထဲမှာ ထည့်ပေးထားပဲ ဖြစ်ပါတယ် ။ စားသုံးသူတွေရဲ့ ပြောကြားချက်အရ စစချင်းမှာတော့ ဒီဆိုင်က ချပေးတဲ့ ပန်းကန်ပုံစံတွေကို ကြည့်ပြီး စိတ်ထဲတစ်မျိုးကြီး ဖြစ်သွားပေမယ့် ဟင်းလျာတွေကတော့ တစ်ကယ်ကို အရသာရှိလွန်းပါတယ်လို့ ချီးကျူးထားကြပါတယ် ။ shwekhitonlinetv.com

၂။ နည်းပညာ အလန်းစားတွေ ရှိတဲ့ စားသောက်ဆိုင်

ကမ္ဘာ့စျေးအကြီးဆုံး စားသောက်ဆိုင်တွေထဲက တစ်ခုဖြစ်တဲ့ sublimotionlibza ဆိုတဲ့ စားသောက်ဆိုင်ကတော့ libza မှာ ရှိတဲ့ Hard Rock Hotel ထဲမှာ ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ် ။ ဆိုင်ရဲ့ ထူးခြားချက်ကတော့ စားသုံးသူတွေအတွက် menu ထဲမှာ ရှိသမျှ ဟင်းခွက် အားလုံးကို မြည်းစမ်းနိုင်ပြီး ဟင်းခွက် တစ်ခုချင်းစီတိုင်းဟာ ထူးခြားတဲ့ တီထွင်ဆန်းသစ်မှုတွေ နဲ့ ပေါင်းစပ်ထားတဲ့အပြင် နည်းပညာ အသစ်တွေပါ ထည့်သွင်းပေးထားပါသေးတယ်။ shwekhitonlinetv.com

၃။ ကောင်းကင်ပေါ်မှာစားတဲ့ ညစာ

ကောင်းကင်ပေါ်က ညစာ လို့အမည်ရတဲ့ ဆိုင်ကတော့ ဒူဘိုင်းမြို့တော်မှာ တည်ရှိတာဖြစ်ပြီး ထူးခြားသော ဝန်ဆောင်မှုပေးတဲ့ ဆိုင်တစ်ဆိုင်လည်း ဖြစ်ပါတယ် ။ ဆိုင်တစ်ခုလုံးမှာရှိတဲ့ စားပွဲတွေဟာဆိုရင် အမြင့်ပေ ( ၅၀ ) အထက်မှာ ကရိန်းနဲ့ တင်ထားတာလည်း ဖြစ်ပါတယ် ။

တစ်ကယ်လို့ သင်ဟာ သာမန်မဟုတ်ပဲ ထူးခြားတဲ့ ပုံစံနဲ့ ညစာ စားချင်တဲ့သူဆိုရင်တော့ ဒီဆိုင်လေးက အသင့်တော်ဆုံးပါပဲ ။ shwekhitonlinetv.com

၄။ အမြင့်ပေ ( ၁၀၀၀၀ ) ကျော်အထက်မှာ ရှိတဲ့ စားသောက်ဆိုင်

ပြင်သစ်နိုင်ငံထဲက  Mont-Blanc massif ဆိုတဲ့ တောင်ပေါ်မှာတည်ဆောက်ထားတဲ့ စားသောက်ဆိုင်လေးကတော့ တစ်ကယ့်ကို အံ့အားသင့်စရာ ကောင်းလှပါတယ် ။ ဒီဆိုင်လေးရဲ့ နာမည်ကတော့  Aiguille du Midi လို့ ခေါ်ပြီး အမြင့်ပေပေါင်း ( ၁၂,၆၀၄ ) ပေ မှာ ဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ရောက်ဖူးတဲ့သူ အတော်များများကတော့ ဘ၀မှာ တစ်ခါလောက် ဒီဆိုင်လေးကို လာသင့်တယ်ဆိုပြီးတော့တောင် အမွှမ်းတင်ထားကြပါတယ်။ ဟိုတယ်နဲ့ ကပ်ရပ်ရှိနေတာကြောင့် တောင်ပေါ်က လေကောင်းလေသန့်တွေကို တစ်၀ ရှုရှိက်ရင်း သဘာ၀အလှတရားတွေကို ထိုင်ငေးကြည့်နေလို့လည်း ရပါတယ် ။ shwekhitonlinetv.com

၅။ ရေတံခွန်‌ အောက်ခြေမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်

ဖိလစ်ပိုင်နိုင်ငံ ၊ San Pablo မြို့အနီးမှာဖွင့်လှစ်ထားတဲ့ Villa Escudero Resort လို့ခေါ်တဲ့ စားသောက်ဆိုင်လေးကတော့ တစ်ကယ့်ကို လှပလွန်းတဲ့ ဆိုင်လေးတစ်ဆိုင်လို့ပဲ ပြောရမှာပါ ။

ဒီဆိုင်လေးကို ရေတံခွန်ရဲ့ အောက်ခြေမှာ ဖွင့်လှစ်ထားတာဖြစ်ပေမယ့်လည်း စားပွဲခုံတွေ ချပေးထားတဲ့ နေရာမှာ ရေအနက်က ( ၂၀ ) စင်တီမီတာပဲ နက်တာမို့လို့ ကြောက်တတ်တဲ့ သူတွေအတွက် စိုးရိမ်စရာ မလိုပါဘူး ။ shwekhitonlinetv.com

၆။ ရေအောက် မှာရှိတဲ့  စားသောက်ဆိုင်

သဘာ၀ အလှအပတွေ စုဝေးနေတဲ့ မော်လ်ဒိုက်နိုင်ငံကို ရောက်ပြီဆိုရင်တော့ မဖြစ်မနေ သွားလည်သင့်တဲ့ စားသောက်ဆိုင်လေး တစ်ဆိုင်ရှိပါတယ် ။ ဒီဆိုင်လေး ကတော့ Anantara Kihavah Villa မှာ ရှိတာဖြစ်ပြီး ရေအောက်မှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်လေးပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

စားသောက်ဆိုင်ကို ရောက်သွားတာနဲ့ ပတ်ပတ်လည်ကို ကြည့်လိုက်မယ်ဆိုရင် ရေအောက်ရှုခင်း အလှအပတွေနဲ့ ရေနေသတ္တဝါလေးတွေကို တွေ့မြင်ရမှာပါ ။ တစ်ခါတစ်လေ စားသောက်နေရင်းနဲ့ ကိုယ့်ဘေးနားကနေ ငါးမန်းတွေ ဖြတ်သွားတာကို လည်း ကြုံနိုင်ပါသေးတယ်နော် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာအနှံ့က စားသုံးသူတွေကို ထူးခြားတဲ့ ပုံစံတွေနဲ့ ဆွဲဆောင်ထားတဲ့ စားသောက်ဆိုင်တွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း ထူးထူးခြားခြား အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။