သင်သိရင် မျက်လုံးပြူးသွားမယ့် ကမ္ဘာ့အချမ်းသာဆုံး သူတောင်းစား (၅) ဦးရဲ့ ဝင်ငွေ

လောကမှာ ဆင်းရဲခြင်း နဲ့ ချမ်းသာခြင်း ဆိုတာက ဆန့်ကျင်ဘက်သဘောဆောင်တဲ့ အသုံးအနှုန်းလို့ ဆိုလို့ရမယ်ထင်ပါတယ်။ သူဌေးတစ်ဦးနဲ့ ဆင်းရဲသားတစ်ဦးဆိုရင်လဲ နေထိုင်၊ ဝတ်စား၊ သွားလာမှုတွေမှာ ခြားနားချက်ကအတော်လေးများ မှာအမှန်ပါပဲ။ အခုဒီဖော်ပြမယ့် ပုဂ္ဂိုလ်တွေက ဒီလိုအခြေအနေ (၂) ရပ်စလုံးကိုတစ်ပြိုင်တည်း ရရှိပိုင်ဆိုင်ထားတဲ့သူတွေဖြစ်ပါတယ်။ ပိုက်ဆံချမ်းသာတဲ့ သူတောင်းစားတွေလို့လည်း ဆိုလို့ရမယ်ထင်ပါတယ်။ shwekhitonlinetv.com

၁။ အီရှာ (Eisha)

အီရှာကတော့အသက် (၁၀၀) အရွယ် တောင်းရမ်းစားသောက်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး ကွယ်လွန်သွားခဲ့တာကြာပြီဖြစ်တယ်လို့သိရပါတယ်။ သူမသေဆုံးပြီးနောက်မှာသူမရဲ့ပိုင်ဆိုင်မှုကို ထုတ်ဖော်ပြသခဲ့ရာမှာတော့ အားလုံးမျက်လုံးပြူးခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့သူမ ရဲ့ပိုင်ဆိုင်မှုက ဒေါ်လာသန်းချီပြီး ကျန်ရစ်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ သူမရဲ့ပိုင်ဆိုင်မှုတွေမှာအဆောက်အဦး (၄) ခုအပြင် ဒေါ်လာတစ်သန်းလောက်ရှိတန်တဲ့ရတနာတွေနဲ့ရွှေဒင်္ဂါးတွေ ပါဝင်နေတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂။ ဘာရာ့ဂျိန်း (Bharat Jain)

နောက်ထပ် လေးစားရမယ့် သူတောင်းစားတစ်ဦးကတော့ ဘာရာ့ဂျိန်း (Bharat Jain) ပဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံသားဖြစ်တဲ့ ဂျိန်းဟာ တောင်းရမ်းစားသောက်သူတစ်ဦးဆိုပေမယ့် အထင်တော့သေးလို့မရပါဘူး။ သူက နယူးဒေလီမြို့ မှာ ရူပီး သိန်း (၈၀) တန်တဲ့ (BHK) လူနေတိုက်ခန်းတွဲ (၂) ခုကိုပိုင်ဆိုင် ထားတယ်လို့သိရပါတယ်။ BHK ဆိုတာကတော့ အိပ်ခန်း၊ ဟောခန်းနဲ့၊ မီးဖိုချောင်ပါဝင် တိုက်ခန်းမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး လစဉ်ရူပီး (၁၀,၀၀၀) နဲ့ ငှားရမ်းထားတဲ့ ဆိုင်တစ်ဆိုင်ကိုလည်းဂျိန်းက ပိုင်ဆိုင်ထားပါသေးတယ်။ ဒါကြောင့် ဂျိန်းရဲ့ပျမ်းမျှတစ်လဝင်ငွေက အိန္ဒိယရူပီး (၇၅,၀၀၀) လောက်ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၃။ ဆိုင်မွန်ရိုက် (Simon Wright)

ဆိုင်မွန်ရိုက် (Simon Wright) ဟာ အလွန်ဆင်းရဲပေမယ့် ဗြိတိန်ရဲ့ ဥပဒေအချို့အရ သူ့အနေနဲ့တောင်းရမ်းစားသောက်ခွင့်မရှိတာကြောင့်အခက်တွေ့နေမယ်လို့ရင်တော့ မှားသွားပါလိမ့်မယ်။ ဆိုင်မွန်ရိုက်ဟာ အင်္ဂလန်နိုင်ငံ ဖူလ်ဟမ်မြို့ကတိုက်ခန်းမှာ ဇိမ်ကျကျနေထိုင်နေတဲ့သူဖြစ်ပါတယ်။ ဘာကြောင့်ဒီလိုနေနိုင်တာလဲဆိုတော့ အင်္ဂလန်မှာ တောင်းရမ်းစားသောက်ခွင့်မရှိတဲ့သူတွေကို အခြားသူတွေက လှူဒါန်းမှုတဲ့အနေနဲ့ ပေးအပ်တဲ့ ငွေတွေသူ့မှာအမြောက်ရှိနေလို့ဖြစ်ပါတယ်။ သူ့ဝင်ငွေကတစ်နှစ်ကို ပေါင် (၅၀,၀၀၀) ကနေ ပေါင် (၃၀၀,၀၀၀) အထိရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၄။ အာဝင်ကိုရေး (Irwin Corey)

Irwin Corey ကတော့ လူရွှင်တော်အလုပ်နဲ့အသက်မွေးဝမ်းကြောင်းပြုခဲ့ပြီး အတော်အတန်လဲအောင်မြင်ခဲ့တဲ့သူဖြစ်ပါတယ်။ သူကဒေါ်လာ (၃.၅) သန်းတန်တဲ့ စံအိမ်ကြီးမှာနေထိုင်သူဖြစ်ပါတယ်။ ဒါပေမယ့် လူရွှင်တော်အလုပ်ကနေအနားယူပြီးနောက်ပိုင်းမှာ (၁၇) လုံးလုံး မန်ဟက်တန်က (၃၅) လမ်းပေါ်မှာတောင်းရမ်းနေခဲ့တဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုတောင်းရမ်းလို့ရသမျှငွေကြေးတွေကိုတော့ Irwin က ကျူးဘားမှာရှိတဲ့ ပရဟိတအဖွဲ့ကိုအကုန်လှုဒါန်းနေတာဖြစ်ပါတယ်။
သူ့အနေနဲ့ တစ်နေ့ကို တောင်းရမ်းခြင်းကနေ ပျမ်မျှဒေါ်လာ (၁၅၀) ကနေ (၂၅၀) ကြားရရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ လွန်ခဲ့တဲ့ (၁၇) နှစ်လုံးလုံးမှာဆိုရင် သူ့အနေနဲ့ တောင်းရမ်းခြင်းကနေ ဒေါ်လာ (၁) သန်းဝန်းကျင်အထိရရှိခဲ့ပြီး ကျူးဘားက ပရဟိတအဖွဲ့ကိုလှုဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ဆမ်ဘာဂျီကေးလ် (Sambhaji Kale)

ဆမ်ဘာဂျီကေးလ် (Sambhaji Kale) ကတော့ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့သစ်မှာနေထိုင်တဲ့သူဖြစ်ပါတယ်။ သူတို့ဟာ မိရိုးဖလာ တောင်းရမ်းစားသောက်တဲ့ မျိုးရိုးမရှိခဲ့ပေမယ့်လို့ Sambhaji Kale အပါအဝင် မိသားစုဝင်လေးယောက်စလုံးကတော့ မွမ်ဘိုင်းကလမ်းတွေပေါ်မှာ နေ့စဉ်တောင်းရမ်းစားသောက်ခြင်းကို လုပ်ကိုင်ကြပါတယ်။ တောင်းရမ်းစားသောက်ခြင်းဟာ အလွန်အမြတ်အစွန်းရှိတဲ့ လုပ်ငန်းတစ်ခုလို့လည်း Sambhaji Kale က ဆိုပါတယ်။ သူတို့မိသားစုဝင်လေးဦးဟာ နေ့စဉ်ထောင်နဲ့ချီတဲ့ ရူပီးငွေတွေကိုတောင်းရမ်းခြင်းကနေ ရရှိလာပြီး လစဉ် အိန္ဒိယရူပီးငွေ (၅၀,၀၀၀) လောက်ကိုစုဆောင်းထားနိုင်တယ်လို့ဆိုပါတယ်။ သူတို့ဟာ မွမ်ဘိုင်းမြို့မှာ တိုက်ခန်းတစ်ခန်း၊ ဆိုလာပူးမြို့မှာအိမ် (၂) လုံးပိုင်ဆိုင်ထားပြီး ရင်းနှီးမြုပ်နှံမှုကုမ္ပဏီအချို့မှာလည်း ငွေတွေကို ရင်းနှီးမြုပ်နှံထားတယ်လို့သိရါပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။