လက်ရှိအချိန်ထိတော့ ကမ္ဘာပေါ်မှာ United Nations (UN) ကမ္ဘာ့ကုလသမ္မဂအဖွဲ့ဝင်နိုင်ငံပေါင်းဟာ ၁၉၃ နိုင်ငံအထိရှိလာခဲ့ပြီဖြစ်ပါတယ်။ (နောက်ထပ်လည်း ၂ နိုင်ငံကိုစောင့်ကြည့်ဆဲအဖြစ်သတ်မှတ်ထားပါတယ်။) အခုတစ်ခါဖော်ပြပေးသွားမှာကတော့ ဒီနိုင်ငံတွေထဲက လွတ်လပ်ရေး သက်တမ်းအနုဆုံး နိုင်ငံ (၁၀) နိုင်ငံအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ ခရိုအေးရှား (၁၉၉၁၊ ဇွန် ၂၅)

ဥရောပတိုက်က ခရိုအေးရှားနိုင်ငံကတော့ ၁၉၉၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ ယူဂိုဆလားဗီးယား နိုင်ငံရဲ့လက်အောက်ကနေ လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံအဖြစ် ခွဲထွက်ကာရပ်တည်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၀၉ ခုနှစ်မှာ ခရိုအေးရှားဟာ NATO (Northern Atlantic Treaty Organization) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ EU (European Union) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါတယ်။ shwekhitonlinetv.com
၉။ ဆလိုဗက်ကီးယား (၁၉၉၃၊ ဇန်နဝါရီ ၁)

ချက်ကိုဆလိုဗက်ကီးယားကနေ ခွဲထွက်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့မှာ သီးခြားရပ်တည်ခဲ့တဲ့ ဆလိုဗက်ကီးယားနိုင်ငံဟာ ၂၀၀၄ ခုနှစ်မှာ NATO နဲ့ EU အဖွဲ့ဝင်နိုင်ငံအဖြစ်အသိအမှတ်ပြုခံခဲ့ရပါတယ်။ ၂၀၁၉ မှာတော့ ဇူဇာနာကာပူတိုဗာဟာ နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး သမ္မတ ဖြစ်လာခဲ့ပါတယ်။ shwekhitonlinetv.com
၈။ ချက် (၁၉၉၃၊ ဇန်နဝါရီ ၁)

ချက်ကိုဆလိုဗက်ကီးယားကနေ ချက် နဲ့ ဆလိုဗက်ကီးယား အဖြစ်ငြိမ်းချမ်းစွာကွဲထွက်ခဲ့တဲ့ ချက်နိုင်ငံကတော့ NATO အဖွဲ့ဝင်ဖြစ်တာ ဆလိုဗက်ကီးယားထက်စောပါတယ်။ ၁၉၉၃ ခုနှစ်မှာ လွတ်လပ်ရေးရပြီး ၁၉၉၉ ခုနှစ်မှာ NATO အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ EU အဖွဲ့ဝင်အဖြစ်တော့ ၂၀၀၄ ခုနှစ်မှာ သတ်မှတ်ခံခဲ့ရပါတယ်။ shwekhitonlinetv.com
၇။ အီရစ်ထရီးယား (၁၉၉၃၊ ဧပြီ ၄)

၁၉၅၂ ခုနှစ်မှာတော့ အီရစ်ထရီးယားကို အီသီယိုးပီးယားနိုင်ငံ၏ လက်အောက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုအဖြစ် ကုလသမ္မဂ အဖွဲ့မှ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုင်ပိုင်လွတ်လပ်တဲ့ နိုင်ငံအဖြစ်ခွဲထွက်ချင်တဲ့ အီရစ်ထရီးယားကြောင့် အီသီယိုးပီးယား နိုင်ငံအတွင်းမှာ နှစ်ပေါင်း (၃၀) ကျော်ကြာပြည်တွင်းစစ်ဖြစ်ပွားခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ အီရစ်ထရီးယား ပြည်သူ့လွတ်မြောက်ရေးတပ် (EPLF) ဟာ အီသီယိုးပီးယားတပ်ဖွဲ့ဝင်တွေကို အပြီးသတ်ဖြုတ်ချနိုင်ခဲ့ပြီး ၁၉၉၃ ခုနှစ်မှာ ဆန္ဒခံယူပွဲကျင်းပကာ လွတ်လပ်တဲ့နိုင်ငံအဖြစ်ရပ်တည်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ ပါလာအူ (၁၉၉၄၊ အောက်တိုဘာ ၁)

အမေရိကန်ရဲ့ လက်အောက်ခံအဖြစ် (၄၇) နှစ်ကြာရှိခဲ့တဲ့ မြောက်ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံလေးဖြစ်ပါတယ်။ အမေရိကန်လက်အောက်ကနေ လွတ်လပ်တဲ့နိုင်ငံအဖြစ်သီးခြားရပ်တည်ခဲ့ပေမယ့် အမေရိကန်တွေနဲ့ချုပ်တိုထားတဲ့ စာချုပ်အရ စစ်အခြေစိုက်စခန်းတွေတော့ ဒီကျွန်းနိုင်ငံလေးပေါ်မှာ ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ အရှေ့တီမော (၂၀၀၂၊ မေ ၂၀)

အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အရှေ့တီမောလို့ အလွယ်ခေါ်ကြပေမယ့် တရားဝင်သတ်မှတ်ထားတဲ့ နိုင်ငံရဲ့အမည်က Democratic Republic of Timor-Leste ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်မှာ လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံအဖြစ်ကြေညာနိုင်ခဲ့တဲ့ အရှေ့တီမောနိုင်ငံဟာ UN ရဲ့ ၁၉၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ မွန်တီနီဂရိုး (၂၀၀၆၊ ဇွန် ၃)

ယူဂိုဆလားဗီးယားနိုင်ငံက ခွဲထွက်ပြီး နှစ်အတော်ကြာတဲ့အထိ ဆားဘီးယားနှင့်မွန်တီနီဂရိုးနိုင်ငံအဖြစ် ပူးတွဲရပ်တည်ခဲ့ကြပေမယ့် ၂၀၀၆ ခုနှစ်မှာတော့ တစ်နိုင်ငံခြင်းစီ သီးခြားခွဲထွက်ကာ ရပ်တည်ခဲ့ကြတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ ဆားဘီးယား (၂၀၀၆၊ ဇွန် ၅)

မွန်တီနီဂရိုးနိုင်ငံ အနေနဲ့ လွတ်လပ်စွာခွဲထွက်ကြောင်း တရားဝင်ကြေညာပြီး (၂) ရက်အကြာမှာတော့ ဆားဘီးယားနိုင်ငံကလည်း လွတ်လပ်စွာသီးခြားရပ်တည်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်ကြေညာခဲ့ပါတယ်။shwekhitonlinetv.com
၂။ ကိုဆိုဗို (၂၀၀၈၊ ဖေဖေါ်ဝါရီ ၁၇)

၂၀၀၅ ခုနှစ် ကိုဆိုဗ်ု ပဋိပက္ခတွေအပြီးမှာကတည်းက ဆားဘီးယားကနေခွဲထွက်ပြီး သီးခြားရပ်တည်ဖို့ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ၂၀၀၈ ခုနှစ်မှသာ လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံအဖြစ် တရားဝင် ကြေညာနိုင်ခဲ့သလိုကမ္ဘာ့နိုင်ငံအတော်များများကလည်း UN အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ်အသိအမှတ်ပြုခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ တောင်ဆူဒန် (၂၀၁၁၊ ဇူလိုင် ၉)

ဆယ်စုနှစ်ပေါင်းများစွာဖြစ်ပွားလာခဲ့တဲ့ ပြည်တွင်းစစ်က တောင်ဆူဒန်နိုင်ငံ ပေါ်ပေါက်လာရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ငြိမ်းချမ်းရေးသဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာတော့ သီးခြားရပ်တည်နိုင်တဲ့ လွတ်လပ်တဲ့နိုင်ငံဖြစ်လာခဲ့တာပါ။ Salva Kirr Mayardit ကတော့ ၂၀၀၅ ခုနှစ်ကတည်းက နိုင်ငံရဲ့ သမ္မတအဖြစ် ဦးဆောင်လာခဲ့သူပဲဖြစ်ပါတယ်။shwekhitonlinetv.com
အခုဖော်ပြပေးခဲ့တာကတော့ ကမ္ဘာပေါ်က သက်တမ်းအနုနယ်ဆုံးနိုင်ငံတွေအကြောင်းပဲဖြစ်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားစရာအကြောင်းအရာတွေကို ဖော်ပြပေးဦးမလဲဆိုတာ ဆက်လက်စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော် …… shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။
ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Be the first to comment
You must log in to post a comment.