ကြုံတောင့်ကြုံခဲ ဖြစ်ရပ်တွေကို အမိအရ ရိုက်ကူးထားတဲ့ ဓာတ်ပုံများ

ပရိသတ်ကြီးကို အခုတစ်ခါမှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကြုံတောင့် ကြုံခဲ ဖြစ်သွားတာကို အမိအရ ရိုက်ကူးထားတဲ့ ပုံတွေအကြာင်းပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဘယ်လိုပုံလေးတွေ ဖြစ်မလဲဆိုတာ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ အန္တရာယ်ရှေ့မှာတောင် အအိပ်မပျက်တဲ့ အမျိုးသား

ပုံထဲက အမျိုးသားကတော့ တောတွင်းတိရစ္ဆာန်တွေ အကြောင်း ရိုက်ကူးနေရင်း ညဘက် ပင်ပန်းလို့ အိပ်ပျော်နေတာပါ ။ ဒါပေမယ့် သူအိပ်နေမိတဲ့ နေရာက ကျားသစ်တွေနဲ့ အတူတူ ဖြစ်နေတယ်ဆိုတာ သတိမထားမိပုံပါပဲ ။ ကံကောင်းတာက ကျားသစ်တွေကလည်း ဒီအမျိုးသားကို အာရုံမရှိနေတာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ မျက်လှည့်ဆန်ဆန် သစ်သားတုံးကြီးကို ကားပေါ်တင်နေတဲ့ အမျိုးသား

အခုမြင်နေရတဲ့ အမျိုးသားကတော့ သူ့ရဲ့ ကားသေးသေးလေးပေါ် သစ်သားတုံးကြီး တင်ဖို့ ကြိုးစားနေတာပါ ။ ဒါပေမယ့် အခန့်မသင့်ရင် ကားမှန်ကို ထိုးမိလို့ ကုန်ကျစရိတ် ပိုများသွားနိုင်မယ့် အနေအထားလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃ ။ အရည်ပျော်ကျသွားတဲ့ ကားများ

လွန်ခဲ့တဲ့ နှစ်တွေတုန်းက အမေရိကန်နိုင်ငံထဲက အရီဇိုးနားပြည်နယ်ထဲမှာ အပူချိန်လွန်ကဲမှု တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဘယ်လောက်တောင် အပူချိန်က မြင့်မားလဲဆိုရင် အိမ်ရှေ့မှာရပ်ထားတဲ့ ကားတွေတောင် အရည်ပျော်ကျသွားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ လမ်းမပေါ်က ချိုင့်ဝှမ်းထဲမှာ အပန်းဖြေနေတဲ့ အမျိုးသား

ပုံထဲက အမျိုးသားကတော့ ရောက်တဲ့နေရာမှာ ပျော်သလို နေတတ်တဲ့ ပုံပါပဲ ။ လမ်းမတစ်နေရာမှာ အပေါက်ချိုင့်ကြီး ဖြစ်နေပြီး ရေတွေ ပြည့်နေတာကို ဝင်စိမ်ပြီး ဘီယာအေးဆေး သောက်နေတာပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ အခက်အခဲတွေ ကြုံနေရင်တောင် ပျော်အောင်နေတတ်ရမယ်ဆိုတာ ဒီအမျိုးသားကိုကြည့်ပြီး အတုယူရမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။ အကောင်လေးတွေကို ချစ်တတ်လွန်းသူများ

အခုမြင်နေရတာကတာ့ Biker ကြီးတွေ ဖြစ်ပေမယ့်လည်း အကောင်လေးတွေကို ချစ်တတ်တာကြောင့် သွားလေရာ ခေါ်သွားတာကို တွေ့ရမှာပါ ။ တစ်ခါတစ်လေမှာ အပြင်ပန်းပုံစံက ခက်ထန်တယ်ဆိုပေမယ့် အတွင်းစိတ်က နူးညံ့တယ်ဆိုတာကို ဒီပုံကြည့်ပြီး သဘောပေါက်သွား စေမိပါတယ် ။ shwekhitonlinetv.com

၆။ ကားမတော်တဆ ဖြစ်ပေမယ့်လည်း အပြုံးမပျက်တဲ့ အမျိုးသား

ဒီပုံထဲက အမျိုးသားကို ကြည့်လိုက်တာနဲ့ ဘယ်လောက်တောင် အကောင်း မြင်စိတ်ရှိလဲဆိုတာ သိသာနိုင်ပါတယ် ။ သူ့ရဲ့ကားက မတော်တဆ ဖြစ်သွားလို့ ရဲအရာရှိက မှတ်တမ်းတင် ဓာတ်ပုံရိုက်နေတာတောင် အပြုံးမပျက်ပဲ အိုင်တင်ပေးနိုင်သေးတာပဲ ဖြစ်ပါတယ် ။shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ကြုံတောင့်ကြုံခဲ ဖြစ်ခဲ့တာတွေကို အမိအရ ှမှတ်တမ်းတင် ရိုက်ကူးထားတဲ့ ပုံတွေပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း ထူးထူးဆန်းဆန်း ပေါက်ပေါက်ရှာရှာ အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Be the first to comment

Leave a Reply