သင့်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေမယ့် ထူးဆန်းဓာတ်ပုံများ

ထူးထူးဆန်းဆန်း အဖြစ်အပျက်တွေကိုမှ စိတ်ဝင်စားတဲ့ ရွှေခေတ်ပရိသတ်ကြီးအတွက် အခုတစ်ခါမှာတော့ အံ့အားသင့်စရာအကြောင်းအရာလေးတစ်ချို့ကို ပြန်လည်ဝေမျှပေးထားပါတယ်။ ဘယ်လိုအံ့အားသင့်ဖွယ် အကြောင်းအရာတွေကို ဖော်ပြပေးထားသလဲဆိုတာကိုတော့ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် …… shwekhitonlinetv.com

၁။ အံ့အားသင့်ဖွယ် သ-ဆုံးခဲ့တဲ့ သားအဖနှစ်ဦး

အချက်အလက်တွေအရနာမည်ကျော် Hoover ဆည်တည်ဆောက်ရေးစီမံကိန်းမှာ စုစုပေါင်း လူ (၁၁၂) ဦးသ-ဆုံးခဲ့တယ်လို့သိရပါတယ်။ J.G Tierney ဆိုတဲ့ Surveyor တစ်ဦးက ပထမဆုံးသ-ဆုံးခဲ့တဲ့သူဖြစ်ပြီး ၁၉၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ သ-ဆုံးခဲ့တာဖြစ်ပါတယ်။ သူသ-ဆုံးပြီး (၁၃) နှစ်တိတိပြည့်တဲ့ ၁၉၃၅ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတော့ သူ့ရဲ့သားဖြစ်သူ Patrick ဟာလည်းဒီဆည်ကြီးတည်ဆောက်ရေးလုပ်ငန်းခွင်မှာပဲသ-ဆုံးခဲ့ပြန်ပါတယ်။ ဒီဆည်ကြီးတည်ဆောက်ရေးမှာသ-ဆုံးခဲ့တဲ့ လူ (၁၁၂) ဦးအနက် Patrick ကနောက်ဆုံး သ-ခဲ့တဲ့သူ ဖြစ်နေတာကလည်း ထူးဆန်းလွန်းလှပါတယ်။shwekhitonlinetv.com

၂။ တက်တူးနဲ့ သမ္မတ

Teddy Roosevelt ဟာ အမေရိကန်သမ္မတတွေထဲမှာ တစ်ဦးတည်းသော တက်တူးရှိတဲ့သူဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၃။ မိုက်ကယ်ဂျက်ဆင်ကို ကူညီဖို့ငြင်းဆန်ခဲ့တဲ့ ရဲများ

နာမည်ကျော်ပေါ့ပ် အဆိုတော် မိုက်ကယ်ဂျက်ဆင်ဟာ တစ်ခါတုန်းက သူ့ကားလမ်းဘေးထိုးကျတဲ့အချိန်မှာ 911 ကိုဖုန်းခေါ်ပြီး အကူအညီတောင်းခဲ့ပေမယ့် ရဲတပ်ဖွဲ့က သူ့ရဲ့တောင်းဆိုမှုကို ပယ်ချခဲ့တယ်လို့သိရပါတယ်။ သူ့အနေနဲ့ သူဟာ မိုက်ကယ်ဂျက်ဆင်ဖြစ်ကြောင်း ပြောပြခဲ့တာတောင်မှ အကူညီပေးဖို့ ငြင်းဆန်ခြင်းခံရခဲ့ရတာဖြစ်ကြောင်းသိရပါတယ်။ shwekhitonlinetv.com

၄။ (၁၁၃) နှစ်သက်တမ်းရှိတဲ့ ပေါင်မုန့်က

ပေါင်မုန့်တစ်လုံးကို မစားဘဲနဲ့ ဘယ်လောက်ကြာကြာထားလို့ ရမယ်လို့သင်ထင်ပါသလဲ ? အခုပုံမှာပြထားတာကတော့ နှစ်ပေါင်း (၁၁၃) နှစ်သက်တမ်းရှိတဲ့ ပေါင်မုန့်တစ်လုံးရဲ့ ပုံပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ The Mother of All Flowers

၂၀၀၂ ခုနှစ်တုန်းက သိပ္ပံပညာရှင်တွေဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံးပန်းလို့ ယူဆရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ “The mother of all flowers” လို့တင်စားခေါ်ဝေါ်ခြင်းခံရပြီး သိပ္ပံအမည် Archaefructus Sinensis လို့ခေါ်တဲ့ ဒီပန်းပင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၂၅)သန်း ကျော်လောက်က တရုတ်နိုင်ငံမှာရှင်သန်ခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ဧရာမ မြေအောက်ဆားတွင်းကြီး

ဒါကတော့ အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်၊ ဒက်ထရွိုက် မြို့ရဲ့အောက် ပေ (၁၁၀၀) အနက်မှာရှိတဲ့ ‘ဆား’ မိုင်းတွင်းကြီး ဖြစ်ပါတယ်။ ဒီဆားတွင်းကြီးဟာ မြေဧက (၁၅၀၀) လောက်ကျယ်ဝန်းတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၇။ ကမ္ဘာ့စျေးအကြီးဆုံး သွားတစ်ချောင်း

၂၀၁၁ နိုဝင်ဘာလမှာတော့ ကမ္ဘာ့စျေးအကြီးဆုံးသွားတစ်ချောင်းကို ဒေါ်လာ (၃၆၈၀၀) နဲ့လေလံအောင်ခဲ့ပါတယ်။ ဒီသွားဟာ နာမည်ကျော် ဘီတဲလ်အဖွဲ့က အဆိုတော် ဂျွန်လန်နွန်ရဲ့သွားဖြစ်ပြီး ကနေဒါလူမျိုးဆရာဝန်တစ်ဦးဖြစ်တဲ့ မိုက်ကယ်ဇက်ခ် ကဝယ်ယူခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့် နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။