Marvel ဇာတ်ကားတွေရဲ့ မျက်နှာဖုံးနောက်ကွယ်က သရုပ်ဆောင်တွေ အကြောင်း

ပရိသတ်ကြီးကို အခုတစ်ခါပြောပြပေးမယ့် အကြောင်းအရာလေးကတော့ Marvel ဇာတ်ကားတွေရဲ့ နောက်ကွယ်က ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ လူတွေ အ‌ကြောင်းပဲ ဖြစ်ပါတယ်။ သူတို့က ဘယ်သူတွေ ဖြစ်မလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁ ။ Karen Gillan

Karen Gillan ကတော့ စကော့တလန် နိုင်ငံသူ တစ်ဦး ဖြစ်ပြီး Marvel ထဲမှာ Nebula ဆိုတဲ့ ဇာတ်ဆောင်နေရာကနေ ပါဝင် သရုပ်ဆောင်ထားသူ ဖြစ်ပါတယ် ။ Karen ဟာ ဒီဇာတ်ကားကို ရိုက်ကူးတဲ့အခါ မိတ်ကပ် အပြင်အဆင်တွေကြောင့် သူမရဲ့ ဆံပင်ရှည်ကိုပါ ညှပ်ပစ်ခဲ့ရတယ်လို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ် ။ ဒါ့အပြင် Nebula ဇာတ်ရုပ်ကို ပေါ်လွင်စေဖို့အတွက် မိတ်ကပ် ပညာရှင်တွေဟာ Karen ကို ဇာတ်လမ်းတစ်ခါရိုက်တိုင်း ( ၄ ) နာရီ ကြာအောင် မိတ်ကပ်လိမ်းပေးရပြီး ရိုက်ကူးရေး ပြီးသွားတဲ့အချိန် လိမ်းထားတဲ့ မိတ်ကပ်တွေကို မိနစ် ( ၃၀ ) ကြာအောင် ဖျက်ရပါတယ်တဲ့ ။ shwekhitonlinetv.com

၂ ။ Josh Brolin

အစောပိုင်းတုန်းကတော့ Thanos နေရာမှာ Damion Poitier က သရုပ်ဆောင်ခဲ့ပြီး ( ၂၀၁၂ ) ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ The Avengers ထဲမှာ ပါဝင်ခဲ့ပါတယ် ။ ဒါပေမယ့် နောက်ဆုံး ( ၄ ) ကား မှာတော့ Marvel ရဲ့ အဓိက ဗီလိန် တစ်ဦး ဖြစ်တဲ့ Thanos နေရာမှာ သရုပ်ဆောင် Josh Brolin က ပြောင်းလဲ သရုပ်ဆောင်ခဲ့တာပါ။ ဒါ့အပြင် Thanos ဇာတ်ရုပ်ကို ဖန်တီးတဲ့ အခါမှာလည်း စိတ်ကူးယဉ် ဇာတ်ကောင် ဖြစ်တဲ့အတွက် ရှုပ်ထွေးလှတဲ့ ကွန်ပျူတာ နည်းပညာတွေကို အသုံးပြုခဲ့ရတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃ ။ Pom Klementieff

ပြင်သစ် သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ Pom Klementieff ကတော့ Guardians of the Galaxy Vol. 2 မှာ စတင် ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ် ။ သူမဟာ Mantis ဆိုတဲ့ ဇာတ်ဆောင် နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဇာတ်ရုပ်နဲ့ လိုက်ဖက်အောင် မျက်ကပ်မှန် အမည်းကို တပ်ရတဲ့ အပြင် သေးငယ်လှတဲ့ ခြေတု၊လက်တု လေးတွေကိုပါ တပ်ဆင်ခဲ့ရပါတယ် ။ shwekhitonlinetv.com

၄ ။ Michael Rooker

Michael Rooker ကတော့ The Walking Dead နဲ့ The Guardian Of The Galaxy ဇာတ်ကားတွေကနေ အောင်မြင်လာခဲ့သူ တစ်ယောက်ပါ ။ Guardians of the Galaxy ထဲမှာတော့ Centauri-IV ဂြိုဟ်က Zatoan မျိုးနွယ်ဝင် တစ်ဦး ဖြစ်တဲ့ Yondu နေရာကနေ သရုပ်ဆောင်ထားတာပါ ။ Michael ဟာ ဒီ ဇာတ်ရုပ်ကို သရုပ်ဆောင်ဖို့အတွက် ရိုက်ကူးရေး မစခင် မိတ်ကပ် အလွှာပေါင်း ( ၆ ) လွှာ လောက်အထိ လိမ်းခဲ့ရပြီး သက်တောင့်သက်သာ မရှိလှတဲ့ သွား အတု အပြင် အနီရောင် မျက်ကပ်မှန် ကိုပါ တပ်ခဲ့ရပါတယ် ။ shwekhitonlinetv.com

၅ ။ Ben Mendelsohn

နောက်ထပ်ပြောပြပေးမှာကတော့ ဩစတေးလျ နိုင်ငံသား အနုပညာရှင် တစ်ဦး ဖြစ်တဲ့ Ben Mendelsohn အကြောင်းပဲ ဖြစ်ပါတယ် ။ သူဟာ Captain Marvel ထဲမှာ ဂြိုဟ်သား မျိုးနွယ်စု တစ်ဦး ဖြစ်တဲ့ Talos နေရာကနေ ပါဝင် သရုပ်ဆောင်ထားတာပါ ။ Ben ဟာ ဒီ ဇာတ်ရုပ်အတွက် သက်တောင့်သက်သာ မရှိလှတဲ့ ဆီလီကွန် ဦးခေါင်းခွံ အတု တစ်ခုကို ဝတ်ခဲ့ရပြီး နားရွက်အတု အပြင် ဂြိုဟ်သား ပုံစံ ပီပြင် စေဖို့အတွက် ပုံမှန်မဟုတ်တဲ့ မျက်ကပ်မှန်ကို ပါ တပ်ဆင်ခဲ့ရပါသေးတယ် ။ shwekhitonlinetv.com

၆ ။ Taika Waititi

Taika Waititi ကတော့ နယူးဇီလန်နိုင်ငံသား တစ်ဦး ဖြစ်ပြီး သရုပ်ဆောင် ၊ ဇာတ်ညွှန်းရေးဆရာ နဲ့ comedian စတဲ့ အနုပညာ လုပ်ငန်းတွေကို လုပ်ကိုင်နေသူပါ ။ Taika ဟာ Thor: Ragnarok ကို ဒါရိုက်တာ အဖြစ် ရိုက်ကူးတဲ့ အပြင် ဒီဇာတ်ကားထဲက Korg ဆိုတဲ့ ဇာတ်ဆောင်နေရာမှာပါ ပါဝင် သရုပ်ဆောင်ခဲ့ပါသေးတယ် ။ဒါ့အပြင် သူဟာ ဗီလိန် တစ်ဦး ဖြစ်တဲ့ Surtur နေရာ ကနေ ပါဝင်သရုပ်ဆောင်ထားပြီး တစ်ချို့သော ဇာတ်လမ်းနေရာတွေမှာတောင် Hulk နေရာ ကနေ ပါဝင် ထားပါသေးတယ် ။ shwekhitonlinetv.com

၇ ။ James Spader

Avengers: Age of Ultron ဇာတ်ကားရဲ့ အဓိက ဗီလိန်တစ်ဦး ဖြစ်တဲ့ Ultron နေရာကနေ ပါဝင် သရုပ်ဆောင် ထားသူကတော့ James Spader ပဲ ဖြစ်ပါတယ် ။ ဇာတ်ကား ရိုက်ကူးသူတွေဟာ Ultron ဇာတ်ရုပ်ကို ဖန်တီးဖို့အတွက် ကွန်ပျူတာ နည်းပညာတွေကို အသုံးပြုခဲ့ရပြီး Ultron ရဲ့ လှုပ်ရှားပုံတွေ နဲ့ မျက်နှာ အမူအရာတွေကိုတော့ James က သရုပ်ဆောင်ပေးထားတာ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ Marvel ဇာတ်ကားတွေ ရဲ့ နောက်ကွယ်က ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ အနုပညာရှင်တွေထဲက တစ်ချို့အကြောင်းကို ပြောပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ပြောပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။