အဝါကတ်ပြသခံရမယ့် ဘောလုံးသမားကို ခန့်မှန်းရင်း သိန်း (၂၅၀၀) အနိုင်ရခဲ့တဲ့ အမျိုးသား

ဘရိုင်ယန်ဂျုံးစ်လို့အမည်ရတဲ့ ဘောလုံးပွဲ လောင်းတဲ့သူတစ်ဦးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တွေကို ခန့်မှန်းပြီး စတာလင်ပေါင် ၉၈,၀၀၀ လောက် (မြန်မာငွေ သိန်း ၂၅၀၀ နီးပါး) အနိုင်ရရှိသွားခဲ့ပါတယ်။ shwekhitonlinetv.com

ဂျုံးစ်ဟာ နာမည်ကျော်လောင်းကစားဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Bet365 မှာ အလေးပေးမှု (၃၇၇၄/၁) ရှိတဲ့ ကြေးဖွင့်လှစ်မှုတစ်ခုကို မှန်ကန်အောင်ခန့်မှန်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ သူခန့်မှန်းခဲ့တာကတော့ ပရီးမီးယားလိဂ်ပွဲစဥ် (၂) ပွဲရဲ့ အဝါကတ်ပြသခံရမယ့် ကစားသမား (၄) ဦးပါ။ shwekhitonlinetv.com

သူ့အနေနဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ နောဝစ်ချ် (၁-၂) လိဒ်ယူနိုက်တက် ပွဲမှာ တစ်ဖက်စီက အဝါကတ်ပြသခံရမယ့် ကစားသမား (၁) ဦးစီ၊ အက်စတွန်ဗီလာ (၁-၄) ဝက်စ်ဟမ်းယူနိုက်တက် ပွဲမှာ တစ်ဖက်စီက အဝါကတ်ပြသခံရမယ့် ကစားသမား (၁) ဦးစီ၊ စုစုပေါင်း အဝါကတ်ပြသခံရမယ့် ကစားသမား (၄) ဦးကို အတိအကျ မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဂျုံးစ်ရဲ့ခန့်မှန်ချက်မှာတော့ နောဝစ်ချ် (၁-၂) လိဒ်ယူနိုက်တက်ပွဲမှာ နောဝစ်ချ်ဘက်က ကန်နီမက္ကလင်း နဲ့ လိဒ်ယူနိုက်တက်ဘက်က ဂျက်ဟာရစ်ဆင်၊ အက်စတွန်ဗီလာ (၁-၄) ဝက်စ်ဟမ်းယူနိုက်တက်ပွဲမှာတော့ အက်စတွန်ဗီလာဘက်က ဂျွန်မက်ဂင်းနဲ့ ဝက်စ်ဟမ်းယူနိုက်တက်ဘက်က ပက်ဘလိုဖော်နယ် တို့ အဝါကတ်အသီးသီးပြသခံရမယ်ဆိုပြီး လောင်း​ကြေးကို (၂၅) ပေါင် လောင်းခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

သူ့ရဲ့မှန်းချက်က မယုံကြည်နိုင်စရာကောင်းလောက်အောင်ကို ကွတ်တိမှန်ကန်ခဲ့ပြီး စုစုပေါင်းလျော်ကြေးငွေ (၉၄,၃၅၀) ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဂျုံးစ်ဟာ စနေနေ့မှာလည်း ပေါင် (၅၀) လောက် လောင်းထားပြီး (၃,၆၂၅) ပေါင်လောက်အနိုင်ရရှိထားသေးတာကြောင့် စနေ၊ တနင်္ဂနွေ (၂) ရက်မှာသူ့ရဲ့ အနိုင်ရရှိတဲ့ ငွေကြေးက စုစုပေါင်း ပေါင် (၉,၈၀၀၀) လောက်ရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဘရိုင်ယန်ဂျုံးစ်ဟာ သူ့လောင်းထားတဲ့ Screen Shot ကိုလည်း သူ့ရဲ့တွစ်တာအကောင့်မှာ ဖော်ပြထားပါတယ်။ ဂျုံးစ်အတွက်တော့ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ အားရပ်ရက်တွေဟာ အလွန်ကံကောင်းပြီး ပျော်ရွှင်ကျေနပ်စရာအတိဖြစ်နေမှာတော့ ကျိန်းသေပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ တခြားဝက်ဆိုက်များတွင် ကူးယူဖော်ပြခွင့် မပြုပါ။