ယောင်လို့တောင်မှ သွားမထိမိသင့်တဲ့ ကမ္ဘာ့အန္တရာယ်အများဆုံးသစ်ပင်

ကမ္ဘာပေါ်မှာ ကြောက်မက်ဖွယ်ကောင်းလှပြီး လူ့အသက်ကိုအန္တရာယ်ပေးနိုင်တဲ့ သတ္တဝါတွေ အများအပြားရှိပါတယ်။ ဥပမာပြောရရင် မိကျောင်း၊ ငါးမန်း၊ မြွှေ၊ ကျား စသဖြင့်ပေါ့ … ဒါပေမယ့် သွေးဆာနေတဲ့သားရဲကောင်တွေမဟုတ်ဘဲ နေရာကနေမရွေ့လျားဘဲနဲ့ လူ့အသက်ကိုအန္တရာယ်ပေးမယ့် သစ်ရှိတစ်မျိုးလည်းရှိနေပါတယ်။ အဲ့ဒါကတော့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ အများအပြားတွေ့ရတက်တဲ့ အဆိပ်မာလကာပင် (Manchineel) ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဖလော်ရီဒါပြည်နယ်၊ ကာရစ်ဘီယံကမ်းရိုးတန်းဒေသတွေနဲ့ မက္ကဆီကိုပင်လယ်ကွေ့က သဲသောင်ပြင်တွေမှာ တွေ့ရတက်တဲ့ ဒီ အဆိပ်မာလကာပင် (Manchineel) ကို ၂၀၁၁ ခုနှစ်ကစပြီး “The Guinness Book of World Records” မှာ ကမ္ဘာ့အန္တရာယ်အရှိဆုံး သစ်ပင်အဖြစ် သတ်မှတ်ဖော်ပြခဲ့ပါတယ်။ shwekhitonlinetv.com

အပင်အမြင့် ပေ (၄၀) လောက်အထိကြီးထွားနိုင်တဲ့ အဆိပ်မာလကာပင် (Manchineel) ဟာ အပြင်ပန်းကြည့်ရင်တော့ သာမန်အပင်တွေလိုပဲ အန္တရာယ်ကင်းပုံပေါက်ပါတယ်။ အစိမ်းရောင်ရှည်မျောမျောအရွက်တွေ မွှေးရနံ့ရှိတဲ့အသီးတွေကြောင့် အကြောင်းမသိတဲ့သူဆိုရင် ခူးဆွတ်စားသုံးမိမှာ အသေအချာပါပဲ။ shwekhitonlinetv.com

ဒါပေမယ့် အပင်ရဲ့အစိတ်အပိုင်းအကုန်လုံးနီးပါးဟာ အဆိပ်အတောက်တွေနဲ့ပြည့်နှက်နေပါတယ်။ ကုန်ကုန်ပြောရရင် မိုးရွာလို့မိုးခိုစရာနေရာမရှိရင်တောင် ဒီအပင်အောက်မှာတော့သွားပြီးမိုးမခိုသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအပင်ရဲ့ အရွက်နဲ့အခေါက်မှာ Phorbol လို့ခေါ်တဲ့ ယားယံခြင်းကိုဖြစ်စေနိုင်တဲ့ ဓာတုဓာတ်တွေပါဝင်နေလို့ဖြစ်ပါတယ်။ အဲ့ဒီအရွက်တွေ၊ ပင်စည်တွေကတစ်ဆင့်ကျလာတဲ့ မိုးရေတွေဟည လူ့အရေပြားကိုထိမိရင် အပူလောင်သလိုအဖုတွေထလာပြီး ယားယံလောင်ကျွမ်းစေနိုင်ပါတယ်။ shwekhitonlinetv.com

ဒီအတိုင်းအကအကွယ်မပါဘဲ အပင်ရဲ့အခေါက်အသားကို ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုနဲ့ တိုက်ရိုက်သွားထိမိမယ်ဆိုရင် တဖြည်းဖြည်းအရေပြားကို လောင်ကျွမ်းစေနိုင်ပါတယ်။ အသားကိုမီးရှို့မယ်ဆိုရင်လည်းထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေကမျက်လုံးကိုယားယံစေပြီး ကန်းစေနိုင်တဲ့အထိကို အန္တရာယ်ရှိပါတယ်။ shwekhitonlinetv.com

နောက်ပြီးအပင်ရဲ့ အသီးလေးတွေက အဆိပ်မာလကာပင်ဆိုတာထက် ပန်းသီးနဲ့တောင်ပိုပြီး ပုံသဏ္ဍာန်တူပါတယ်။ တစ်ချိန်က စပိန်လူမျိုးပင်လယ်ရေကြောင်းစူးမ်းရှာဖွေသူတစ်ဦးဖြစ်တဲ့ Juan Ponce de Leon ဟာ ဖလော်ရီဒါကမ်းခြေမှာ ဒီအသီးတွေကိုစားမိပြီး ေ-သဆုံးခဲ့ရတာဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ ဒီအပင်အကြောင်းမသိဘဲနဲ့ သွားပြီးထိမိမှာစိုးရိမ်တာကြောင့် လက်ရှိအချိန်မှာတော့ ဖလော်ရီဒါမှာရှိတဲ့ ဒီအပင်မှန်သမျှရဲ့ပင်စည်တွေမှာ သတိပေးဆိုင်းဘုတ်တွေကပ်ထားရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။