အိမ်ခန်း၊ ရုံးခန်းထဲမှာ အပင်ငယ်လေးတွေ ထားရင် ရရှိလာမယ့် အကျိုးကျေးဇူးများ

အိမ်တွင်းမှာ အပင်ငယ်တွေစိုက်ပျိုးခြင်းအလေ့အထဟာ ရှေးခေတ် ဂရိ၊ ရောမ လူမျိုးတွေခေတ်ကတည်းက ရှိခဲ့တာဖြစ်တယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။ သူတို့တွေဟာ အပြင်ကနေအပင်တွေကို ယူဆောင်လာပြီးအိမ်တွင်းမှာ စိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။  shwekhitonlinetv.com

ဗစ်တိုးရီးယား ခေတ်မှာလည်း ဒီလိုအလေ့အထမျိုးတွေ ရှိခဲ့ပါတယ်။ ဒီကနေ့အချိန်အခါမှာတော့ လူနေအိမ်အဆောက်အဦးတွေ၊ ကုမ္ပဏီရုံးခန်းတွေ၊ စာသင်ကျောင်းနဲ့ စားသောက်ဆိုင် စတာတွေမှာ အပင်ငယ်လေးတွေ စိုက်ပျိုးထားတာကို အလွယ်ကူပဲ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဒီလို အပင်လေးတွေကို အဆောက်အဦးတွေရဲ့ အတွင်းမှာ ထားရှိစိုက်ပျိုးတာက ဘာများကောင်းကျိုးရှိသလဲလို့ သင့်အနေနဲ့ တွေးနေမယ်ဆိုရင် တော့ အခုအကြောင်းအရာလေးကို အဆုံးထိဆက်လက်ဖတ်ရှုဖို့ တိုက်တွန်းပါရစေနော် …. shwekhitonlinetv.com

၁။ အသက်ရှုခြင်းကို အထောက်အပံ့ပေးနိုင်ခြင်း

လူသားတွေဟာအသက်ရှင်ရပ်တည်နေနိုင်ဖို့အတွက် အောက်စီဂျင်ကိုရှူရှိုက်နေကြရပါတယ်။ဒါ့ကြောင့် အောက်စီဂျင်ဟာ လူသားတွေအသက်ရှင်နေထိုင်ရေးအတွက် မရှိမဖြစ်အရေးပါတဲ့ အရာတစ်ခုဖြစ်တယ်လို့ဆိုရင်လည်းမမှားပါဘူး။Photosynthesis ဖြစ်စဥ်အရတော့ အပင်တွေဟာ နေကလာတဲ့ အလင်းရောင်နဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အသုံးပြုပြီး အစာချက်တာကို အားလုံးလဲသိပြီးဖြစ်မှာပါ။ ဒါကြောင့်အပင်ငယ်တွေကို အခန်းတွင်းမှာစိုက်ပျိုးထားခြင်းက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို လျော့ချနိုင်ပြီး အခန်းတွင်း အောက်စီဂျင်ပမာဏကို တိုးပွားစေမှာပဲဖြစ်ပါတယ်။  shwekhitonlinetv.com

ဒါပေမယ့် အပင်အတော်များများကတော့ သူတို့အစာချက်လုပ်တာ ရပ်တန့်တဲ့ ညဘက်လိုအချိန်မျိုးမှာ အောက်စီဂျင်ကို စုပ်ယူပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ကိုပြန်လည်ထုတ်လွှတ်လေ့ရှိတယ်လို့ သိရပါတယ်။ သစ်ခွပန်းလို အပင်တွေကတော့ ညအခါမှာလည်း ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်စီဂျင်ကိုပဲထုတ်လွှတ်ပေးတယ်လို့ သုတေသန ပြုလုပ်ချက်တွေအရ သိရပါတယ်။ ဘာပဲဖြစ်ဖြစ်နေ့ဘက် သာအလုပ်လုပ်ရတဲ့ ကုမ္ပဏီရုံးခန်းလိုနေရာမျိုးတွေမှာ အပင်ငယ်တွေရှိနေခြင်းက အောက်စီဂျင်တိုးပွားစေပြီး အသက်ရှုခြင်းကို အထောက်အပံ့ကောင်းတစ်ခုပေးနိုင်မှာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ သာမန်ဖျားနာခြင်းမျိုးမှ ကာကွယ်ပေးနိုင်ခြင်း

အပင်တွေဟာ သူတို့ရဲ့ရေသောက်မြစ်ကတစ်ဆင့် ပင်စည်နဲ့ အရွက်တွေကိုရေဓာတ်ပြန်လည်ပေးပါတယ်။ ပြီးရင်တော့ အရွက်တွေကတသ်ဆင့်ရေခိုးရေငွေ့အဖြစ် လေထုထဲကို ရေငွေ့ပျံခြင်းဖြစ်စဥ်ကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုဖြစ်စဥ်ကြောင့် အပင်တွေရှိတဲ့ ပတ်ဝန်းကျင်ကလေထုဟာ အမြဲလိုလို စိုထိုင်းစမြင့်မားနေတက်ပါတယ်။  shwekhitonlinetv.com

နော်ဝေးစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်က သုတေသနပြုလေ့လာသူတွေရဲ့အဆိုအရ အပင်တွေကြောင့် လေထုစိုထိုင်းစမြင့်နေတဲ့ ဝန်းကျင်ဟာ အသားအရေခြောက်သွေ့ခြင်း၊ ချွဲသလိပ်ကြပ်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း နဲ့ အအေးမိခြင်းလို ဝေဒနာတွေကို သက်သာစေနိုင်တယ်လို့သိရပါတယ်။ ဒါ့အပြင် စိုထိုင်းစမြင့်တဲ့လေထုဟာ ဗိုင်းရပ်စ် ပိုးမွှားတွေ ရှင်သန်နိုင်စွမ်းကို လျော့နည်းစေတယ်လို့သိရပါတယ်။ ဒါကြောင့်အပင်ငယ်လေးတွေ အိမ်တွင်းမှာစိုက်ပျိုးထားတာက သာမန်ဖျားနာခြင်းမျိုးကနေ ကာကွယ်ပြီးသားဖြစ်စေမှာပါ။ shwekhitonlinetv.com

၃။ လေထုကိုသန့်စင်ပေးနိုင်ခြင်း

NASA ဟာ လုံခြုံတဲ့ပတ်ဝန်းကျင်လေထု အတွက်အချိန်များစွာပေးပြီး သုတေသနလုပ်ငန်းတွေလုပ်ခဲ့ဖူးပါတယ်။ သူတို့ဟာ လေထုအရည်အသွေးတိုးတက်ကောင်းမွန်ဖို့အတွက် အပင်တွေက အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။  shwekhitonlinetv.com

တတစ်ကယ်လို့ သင်ဟာသင့်ရဲ့ အခန်းအတွင်းမှာသစ်ပင်လေးတွေစိုက်ထားမယ်ဆိုရင် သူတို့ရဲ့ သစ်ရွက်တွေက အခန်းတွင်းမှာရှိနေတက်တဲ့ Carbon monoxide နဲ့ Formaldehyde လိုမျိုးအဆိပ်အတောက်ဖြစ်စေမယ့် ဓာတ်ငွေ့တွေကိုဖယ်ရှားပေးပြီး လေထုကို သန့်စင်ပေးနိုင်မှာဖြစ်ပါတယ်။ Peace lily , Golden pothos , Gerbera daisy , Mother-in-law’s tongue , Bamboo palm , Spider plant စတဲ့အပင်တွေကတော့ အခန်းတွင်းလေထုကိုသန့်စင်ပေးတဲ့နေရာမှာ အကောင်းဆုံးဖြစ်ပါတယ်။shwekhitonlinetv.com

၄။ ပြန်လည်ထူထောင်နိုင်စွမ်းကို တိုးမြှင့်ပေးခြင်း

ဆေးရုံမှာလူနာကို လာရောက်တွေ့ဆုံ သတင်းမေူကြတဲ့အခါ တစ်ချို့လူတွေဟာ အပင်ငယ်လေးတွေ ယူလာတက်ကြပါတယ်။ ရွှေခေတ်ပရိသတ်တွေအနေနဲ့လည်း ဒါကို ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာရော အပြင်မှာပါတွေ့ဖူး မြင်ဖူးကြမယ်လို့ထင်ပါတယ်။  shwekhitonlinetv.com

လေ့လာတွေ့ရှိချက်တွေအရတော့ နာမကျန်းဖြစ်နေတဲ့ လူနာရဲ့အနီးနားမှာ ဒီလိုမျိုးအပင်ငယ်လေးတွေထားရှိတာက လူနာရဲ့ ကျန်းမာရေးပြန်လည်ထူထောင်မှုဖြစ်စဥ်ကို တိုးတက်စေတယ်လို့ဆိုပါတယ်။ အထူးသဖြင့် အပင်ငယ်လေးတွေဟာ လူနာရဲ့စိတ်ကိုကြည်လင်လန်းဆန်းစေပြီး သွေးဖိအားကိုလည်းထိန်းညှိပေးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အပင်ငယ်လေးတွေ အနားမှာထားရှိတဲ့ လူနာတွေဟာ တစ်ခြားလူနာတွေထက် ပိုပြီးမြန်မြန် ပြန်လည်ကျန်းမာလာကြတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

၅။ စွမ်းဆောင်ရည်တိုးတက်အောင်ကူညီပေးနိုင်ခြင်း

အပင်တွေကို အရှေ့ ဒါမှမဟုတ် အနီးနားဝန်းကျင်မှာထားပြီး အလုပ်လုပ်ခြင်းက အလွန်အံ့အားသင့်ဖွယ်ကောင်းတဲ့ အကျိုးသက်ရောက်မှုကို ပေးစွမ်းနိုင်တယ်လို့ သုတေသနစစ်တမ်းတစ်ခု မှာဖော်ပြထားပါတယ်။  shwekhitonlinetv.com

မီချီဂန် တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်မှာတော့ အပင်တွေရှိတဲ့ပတ်ဝန်းကျင်မှာ အလုပ်လုပ်ခြင်းက မှတ်ညဏ်ကို (၂၀) ရာခိုင်နှုန်းလောက် ပိုမိုမြင့်မားစေနိုင်ပြီး အာရုံစူးစိုက်မှုလဲ ကောင်းမွန်စေတယ်လို့ ဆိုထားပါတယ်။ နော်ဝေး သုတေသန ပညာရှင်တွေကလည်း လုပ်ငန်းခွင်မှာ အပင်တွေနဲ့စိမ်းစိမ်းစိုစိုရှိခြင်းက ကုန်ထုတ်စွမ်းအားကိုပိုမိုတိုးတက်စေသလို ပိုပြီးတိကျမှန်ကန်စွာနဲ့ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။ ကဲ ဒါဆိုရင်တော့ မိမိနေအိမ်၊ လုပ်ငန်းခွင်တွေမှာ အပင်ငယ်လေးတွေ ဘာကြောင့်ထားရှိသင့်သလဲ ဆိုတာ အားလုံးပဲသိရှိသွားကြပြီလို့ ထင်ပါတယ်နော် ….. shwekhitonlinetv.com

နောက်ထပ်လည်း ဒီလိုစိတ်ဝင်စားဖွယ်ရာနဲ့ ဗဟုသုတရဖွယ်ရာ အကြောင်းအရာကောင်းလေးတွေကို ကြိုးစားတင်ဆက်ပေးသွားမှာမို့လို့ ဆက်လက်စောင့်စား အားပေးကြပါဦးနော် ….. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။