ဂျပန်နိုင်ငံမှာသာရှိပြီး နားလည်ရခက်တဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာများ

ဂျပန်နိုင်ငံဟာဆိုရင် တစ်ခြားနိုင်ငံတွေထက်စာရင် မတူညီတဲ့ ဆန်းသစ်မှုတွေကို အမြဲတမ်း လုပ်နိုင်တဲ့ နိုင်ငံတစ်ခုလို့ပဲ ပြောရမှာပါ ။ အနီးစပ်ဆုံး တစ်ခုကို ပြောရမယ်ဆိုရင် ၂၀၂၀ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ အိုလံပစ်ပွဲတော်မှာဆိုရင် ချီးမြှင့်ခဲ့တဲ့ ဆုတံဆိပ်တွေ အားလုံးဟာ လျှပ်စစ်ပစ္စည်းအဟောင်းတွေကို Recycle လုပ်ထားတာကနေ ဖန်တီးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဂျပန်လူမျိုးတွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ဟာဆိုရင်လည်း သူမတူအောင် ထူးခြားလွန်းတာကြောင့် တစ်ခြားနိုင်ငံတွေက စိတ်ဝင်တစား ရှိခဲ့ရတဲ့အထိပါပဲ ။ ဒါ့ကြောင့်အခုတစ်ခါမှာတော့ ဂျပန်နိုင်ငံထဲက နားလည်ရခက်လှတဲ့ အကြောင်းအရာလေးတစ်ချို့ကို ပြောပြပေးမှာမို့ ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

၁။ Human Uber

ဂျပန်နိုင်ငံမှာ Human Uber ဆိုတဲ့ ဝန်ဆောင်မှု တစ်ခုရှိပါတယ် ။ ဒီဝန်ဆောင်မှုက ဘယ်လိုမျိုးလဲဆိုတော့ တစ်ကယ်လို့ သင်ဟာ အခမ်းအနားတစ်ခုကို မတက်ရောက်နိုင်တဲ့ အခါ လူစား လွှတ်ပေးတဲ့ ပုံစံမျိုးပါပဲ ။ ထူးဆန်းတာက သင်လူစားလွှတ်မယ့် လူရဲ့ မျက်နှာမှာ သင့်မျက်နှာပုံပါတဲ့ Ipad ကို တပ်ပေးထားလို့ အခမ်းအနားကို ကိုယ်တိုင်တက်သလိုမျိုး ဖြစ်စေမှာပါ ။ shwekhitonlinetv.com

၂။ စက်ဘီးသယ်တဲ့ လမ်းကြောင်း

ဂျပန်နိုင်ငံက မီးရထားဘူတာတွေမှာဆိုရင် လှေကားအတက်အဆင်း နေရာတွေမှာ ပုံထဲကလိုမျိုး စက်ဘီးတင်တဲ့ လမ်းကြောင်းလေးတွေ ထားပေးထားပါတယ် ။ ဒီလို  လမ်းကြောင်းတွေ ထားပေးထားလို့ မီးရထားပေါ်ကနေ ဆင်းပြီးတာနဲ့ လှေကားထစ်တွေကနေ ပင်ပင်ပန်းပန်း စက်ဘီးကို တင်သွားစရာ မလိုတော့ပါဘူး ။ shwekhitonlinetv.com

၃။ ဆိုလာပါဝါနဲ့ အားသွင်းထားတဲ့ ဝံပုလွေ စက်ရုပ်

အခုပုံမှာ မြင်နေရတဲ့ ဝံပုလွေ စက်ရုပ် လေးကိုတော့ ဆိုလာ ပါဝါနဲ့ အားသွင်းရတာပဲ ဖြစ်ပါတယ် ။ ဒီစက်ရုပ်လေးကို စိုက်ခင်းတွေထဲက ကောက်ပဲသီးနှံတွေကို ကာကွယ်ဖို့အတွက် ထားကြတာ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ မျက်နှာမပြတဲ့ စားပွဲထိုး

ဂျပန်နိုင်ငံက တစ်ချို့သော စားသောက်ဆိုင်တွေဟာဆိုရင် ထူးထူးဆန်းဆန်း ဝန်ဆောင်မှု နဲ့ ဧည့်ခံကြပါတယ် ။ ဘယ်လိုမျိုးလဲဆိုတော့ စားပွဲထိုးတွေရဲ့ မျက်နှာကို မပြပဲ ဟင်းပွဲတွေကို လာချပေးတဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ဖြည်းဖြည်းမောင်းဖို့ သတိပေးတဲ့ခလုတ်

ဂျပန်နိုင်ငံက တစ်ချို့သော တက္ကစီတွေမှာဆိုရင် ယာဉ်မောင်းထိုင်တဲ့ ခုံ အနောက်မှာ စပါယ်ရှယ် ခလုတ်လေးတစ်ခု ထားပေးပါတယ် ။ တစ်ကယ်လို့ တက္ကစီ ဒရိုင်ဘာက အရှိန်တင်ပြီး မောင်းနေတယ်ဆိုရင် ဒီခလုတ်လေးကို နှိပ်ပြီး ဖြည်းဖြည်းမောင်းဖို့အတွက် သတိပေးလို့ရပါတယ်တဲ့ ။ shwekhitonlinetv.com

၆။ ညက်ညောလှတဲ့ ရထား

ဒီပုံလေးကတော့ ရထားတစ်စင်းပေါ်က ခရီးသည် တစ်ယောက် ရိုက်ပြထားတဲ့ ပုံလေးပဲ ဖြစ်ပါတယ် ။ ရထားက အရှိန်ပြင်းပြင်းနဲ့ မောင်းနေပေမယ့်လည်း အတွင်းပိုင်းမှာတော့ လှုပ်ခါနေတာမျိုး မရှိတာကြောင့်  အကြွေစေ့တောင် လဲမသွားတာကို တွေ့ရမှာပါ ။ shwekhitonlinetv.com

၇။ အရောင်ခွဲပြီး စီထားတဲ့ ခရီးသည်အိတ်များ

ဂျပန်နိုင်ငံက လေဆိပ်တွေမှာဆိုရင် ပုံထဲကအတိုင်း ခရီးသည်တွေရဲ့ အိတ်တွေကို အရောင်တူတာလေးတွေနဲ့ တွဲပြီး စီထားပေးပါတယ်။ ဒါ့ကြောင့် ခရီးသည်တွေအနေနဲ့ ကိုယ့်အိတ်အရောင်ကို ကြည့်ကာ အလွယ်တကူ ရွေးပြီး ယူလိုက်ယုံပါပဲ ။ shwekhitonlinetv.com

၈။ အနားယူနေကြတဲ့ အလုပ်သမားများ

ဒီပုံကတော့ အလုပ်ဆင်းလို့ မောပန်းပြီး အနားယူနေကြတဲ့ ဂျပန်နိုင်ငံက ဝန်ထမ်းတစ်ချို့ရဲ့ ပုံကို ဓာတ်ပုံဆရာ တစ်ယောက်က ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ဂျပန်နိုင်ငံမှာသာ တွေ့ရမယ့် ထူးဆန်းသော အကြောင်းအရာတွေကို ရှာဖွေ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။