ဒေါ်လာ (၁)သန်းတန် မြန်မာ့ပတ္တမြားကြီးကြောင့် မြန်မာ့အရေးလှုပ်ရှားသူတွေရဲ့ တောင်းဆိုမှုကိုခံခဲ့ရတဲ့ ရီဟားနား

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကပြုလုပ်ခဲ့တဲ့ NFL Superbowl Halftime Show မှာဖျော်ဖြေခဲ့ကြတဲ့ အဆိုတော်တွေထဲမှာ ကမ္ဘာကျော်ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ရီဟားနားလည်းအပါအဝင်ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာဖျော်ဖြေခဲ့တဲ့သူမရဲ့ Performance တွေဟာ လိုအပ်ချက်တွေရှိနေတယ်ဆိုပြီး ဝေဖန်မှုတွေမြင့်တက်နေပေမယ့် သူမဝတ်ဆင်ခဲ့တဲ့ ဒေါ်လာ(၁)သန်းတန် မြန်မာ့ပတ္တမြားလက်စွပ်ကြောင့် အင်တာနက်အသုံးပြုသူတွေရဲ့ အာရုံစိုက်ခြင်းကိုခံခဲ့ရပါတယ်။ shwekhitonlinetv.com

ဒီပတ္တမြားလက်စွပ်ကိုတော့ မြန်မာနိုင်ငံကကျောက်မျက်ရတနာ အများအပြားကိုဝယ်ယူရောင်းချနေတဲ့ နယူးယော့ခ်မြို့ Bayco Jewels ထံကနေ ရီဟားနားအနေနဲ့ အမေရိကန်ဒေါ်လာ (၁) သန်းကျော်ပေးပြီး ဝယ်ယူ ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီကိစ္စနှင့်ပတ်သတ်ပြီးတော့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ Justice For Myanmar ရဲ့ တွစ်တာစာမျက်နှာမှာတော့ “ရီဟားနားအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူရပ်တည်သင့်ပြီး စစ်အစိုးရအတွက်ကြီးမားတဲ့ ရန်ပုံငွေဖြစ်တဲ့ ကျောက်မျက်ရတနာကုန်သွယ်မှုကို တားမြစ်ဆန့်ကျင်သင့်ပါတယ်” လို့ရေးသားတောင်းဆိုခြင်းခံခဲ့ရပါတယ်။ shwekhitonlinetv.com

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာအဖိုးတန်ကျောက်မျက်ရတနာတွေထွက်ရှိတဲ့ အရင်းအမြစ်တွေထဲကတစ်ခုဖြစ်ပြီး အရည်အသွေးကောင်းမွန်လှတဲ့ မြန်မာ့ပတ္တမြားတွေဟာ နိုင်ငံတကာမှာအထူးလူသိများလှပါတယ်။ shwekhitonlinetv.com

“စစ်အစိုးရဟာ ၂၀၂၁ ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာအာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေကြောင့် ဘဏ္ဍာရေးအခြေအနေမှာ များစွာအခက်အခဲကြုံတွေ့ခဲ့ရပါတယ်။ အဖိုးတန်ကျောက်မျက်ရတနာတွေကို ရောင်းချခြင်းဟာ စစ်အစိုးရအတွက် ရန်ပုံငွေများစွာရရှိအောင် ကြိုတင်စီမံထားတဲ့ နည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့လက်ရှိအချိန်မှာ မြန်မာ့ကျောက်မျက်ရတနာကုန်သွယ်မှုကို ပိတ်ပင်သင့်ပါတယ်” လို့ တစ်ဆက်တည်းရေးသားတောင်းဆိုခဲ့ပါတယ်။ shwekhitonlinetv.com

မြန်မာနိုင်ငံမှကျောက်မျက်ရတနာအဓိက ရောင်းချသူအချို့ကိုအမေရိကန်က ဒဏ်ခတ်အရေးယူထားပေမယ့် ၎င်းတို့ကိုတင်သွင်းမှုကိုလုံးဝတားမြစ်နိုင်မယ့် ဥပဒေကိုမပြဋ္ဌာန်းထားတာကြောင့် နိုင်ငံတကာကလက်လီရောင်းချသူတွေကတော့ကုန်သွယ်မှုမှာ ဆက်လက်ပါဝင်နေတယ်လို့သိရပါတယ်။ shwekhitonlinetv.com

NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Global Witness မှ မြန်မာ့အရေးအတွက်လှုံ့ဆော်သူတစ်ဦးဖြစ်တဲ့ Clare Hammond ကလည်း “ကျောက်မျက်ရတနာတွေဟာ လူသားတွေအတွက်ချစ်ခင်နှစ်သက်မြတ်နိုးဖွယ်ကောင်းတဲ့ အရာတွေဖြစ်ပေမယ့် မြန်မာနိုင်ငံက အကျင့်ပျက်ခြစားမှု၊ ကြောက်မက်ဖွယ်ရာလူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ထောက်ပံ့ရေးကွင်းဆက်တွေဖြစ်နေပါတယ်” လို့ မြန်မာ့ကျောက်မျက်ကုန်သွယ်မှုကို ပိတ်ပင်ဖို့ ပြောကြားဖူးပါတယ်။ shwekhitonlinetv.com

ရီဟားနားဟာ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကို ရှင်းရှင်းလင်းလင်းသိရှိထားတဲ့သူဖြစ်ပြီး ၂၀၂၁ ဖေဖေါ်ဝါရီတုန်းက အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး ဆန့်ကျင်ရှုတ်ချတဲ့ သူမရဲ့တွစ်တာပို့စ်တစ်ခုကြောင့် ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးခြင်းခံခဲ့ရဖူးတဲ့သူလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။