အိမ်သာသုံး စက္ကူတွေ မပေါ်ခင်က လူတွေ အသုံးပြုခဲ့တဲ့ အရာဝတ္ထု (၇) မျိုး

ယနေ့ခေတ်မှာ အသုံးပြုနေကြတဲ့ အိမ်သာသုံး စက္ကူတွေကို လွန်ခဲ့သော ၁၄ ရာစုနှစ်လောက်က တရုတ်လူမျိုးတွေက စတင် ဖန်တီးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အနောက် ကမ္ဘာခြမ်းမှာတော့ ၁၈၀၀ ခုနှစ် အလယ်လောက်မှသာ အသုံးပြုလာကြတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် အခုလိုမျိုး အိမ်သာသုံး စက္ကူတွေ မပေါ်သေးခင်တုန်းက ဘယ်လိုအရာ၀တ္ထုတွေနဲ့ လူတွေ အသုံးပြုခဲ့ကြလဲဆိုတာ ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်နော် ။ shwekhitonlinetv.com

၁။ ပြောင်းဖူးရိုး

မူလ အမေရိကန် လူမျိုးစုတွေနဲ့ ကိုလိုနီ နယ်ချဲ့တွေဟာဆိုရင် ၁၇၀၀ ခုနှစ်လောက်တုန်းက အိမ်သာတက်ပြီး သန့်ရှင်းရေးလုပ်တဲ့ အခါတိုင်း ခြောက်သွေ့နေတဲ့ ပြောင်းဖူးရိုးကို အသုံးပြုခဲ့ကြပါတယ် ။ shwekhitonlinetv.com

အချက်အလက်တွေ အရတော့ ပြောင်းဖူးအူတိုင်ဟာ ပျော့ပြောင်းတဲ့အပြင် စုပ်ယူနိုင်စွမ်း ရှိလို့ပဲ ဖြစ်ပါတယ် ။ ပြောင်းဖူးအူတိုင်ဟာ စက္ကူအပျော့လောက် မနူးညံ့ပေမယ့် တစ်ခြားအစားထိုး အရာတွေထက်တော့ ပိုပြီးဘေးကင်းစေနိုင်ပါတယ် ။ shwekhitonlinetv.com

၂။ ဆီးနှင်း

အအေးပိုင်း ဒေသတွေမှာ နေထိုင်တဲ့ သူတွေကတော့ ဆီးနှင်းကို သန့်စင်အောင် ဆေးတဲ့ အရာအဖြစ် အသုံးပြုလျက်ရှိပါတယ် ။ ဒါပေမယ့် ဆိုးကျိုးကတော့ အခုလိုမျိုး အသုံးပြုမယ်ဆိုရင် အစပိုင်းမှာတော့ အနေရခက်လှအောင် အေးစက်သွားမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် အသုံးပြုပါများလာပြီဆိုရင်တော့ ခန္ဓာကိုယ်ဟာ အအေးဓာတ်နဲ့ အကျွမ်းဝင်သွားနိုင်ပါတယ် ။ ဒါပေမယ့် လေ့လာမှုတွေအရ ဒီနည်းလမ်းဟာ အနည်းငယ် ထူးခြားနေပေမယ့်လည်း သန့်ရှင်းမှု ရှိစေတဲ့ နည်းလမ်းထဲက တစ်ခုလို့ ပြောပြထားပါတယ် ။ shwekhitonlinetv.com

၃။ ကျောက်တုံး

အိမ်သာ အသုံးပြုပြီးတိုင်း ကျောက်တုံးနဲ့ သန့်ရှင်းတာကတော့ ရှေးကျတဲ့ ရေချိုးခန်း အလေ့အထ တစ်ခုပဲ ဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ ကာလတွေတုန်းကတော့ လူတွေဟာ အိမ်သာ တက်ပြီး သန့်ရှင်းတဲ့ အခါတိုင်း အနီးနား မှာ ရှိတဲ့ အရာတွေကို ကောက်ပြီး အလွယ်တကူ ဖြေရှင်းခဲ့ကြတာပါ ။ shwekhitonlinetv.com

ဒီအထဲမှာ ကျောက်တုံးတွေလည်း ပါဝင်ပြီး တစ်ခြားသော သဘာ၀ ပစ္စည်းတွေနဲ့ လည်း အသုံးပြုခဲ့ကြပါတယ် ။ ရာစုနှစ်တစ်ခု ကျော်လောက် အထိ လူတွေဟာ အိမ်သာတက်ပြီးတိုင်း ကျောက်တုံးတွေနဲ့ သန့်ရှင်းရေး လုပ်ကြတယ်လို့ ပညာရှင်များက လေ့လာ တွေ့ရှိခဲ့ကြပါတယ် ။ shwekhitonlinetv.com

၄။  သစ်သားချောင်း

လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၂၀၀၀ ) လောက်တုန်းက ရှေးဟောင်းတရုတ်လူမျိုးတွေဟာ ဝါးပင်နဲ့ အခြား သစ်ပင်ကနေ ဖြတ်ထားတဲ့ တုတ်ချောင်းတွေကို သုံးပြီး အိမ်သာတက်တဲ့အခါ သန့်ရှင်ရေး လုပ်ခဲ့ကြပါတယ် ။ သူတို့ ရဲ့ ရိုးရာမှာတော့ ဒီလိုနည်းလမ်းကို salaka ၊ cachou နဲ့ chugi လို့ ခေါ်ကြပါတယ် ။ အသုံးပြုပုံကတော့ တုတ်ချောင်းရဲ့ ထိပ်ပိုင်းကို အဝတ်ဖြင့်ပတ်ပြီး သန့်ရှင်းရေး လုပ်ကြတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။ ခရုခွံ

ရှေးတုန်းက လူတွေ ထူးထူးခြား အသုံးပြုခဲ့ကြတဲ့ နောက်ထပ် နည်းလမ်းကတော့ ခရုခွံလိုမျိုး အခွံမာတွေကို အသုံးပြုခဲ့ကြတာပဲ ဖြစ်ပါတယ် ။ များသောအားဖြင့် ကျွန်းပေါ် နဲ့ ကမ်းရိုးတန်း တစ်လျှောက်မှာ နေထိုင်တဲ့သူတွေ အသုံးပြုကြတာ ဖြစ်ပြီး ယောက်သွားလို အခွံတွေနဲ့ သန့်ရှင်းရေး လုပ်ကြတာပါ ။ shwekhitonlinetv.com

တစ်ကယ်လို့ ခရုခွံ မရှိဘူးဆိုရင် ကျွန်းသူ ၊ ကျွန်းသားတွေဟာ အုန်းသီး အခွံတွေ နဲ့ သန့်ရှင်းရေး လုပ်ကြပါတယ်တဲ့ ။ ဒီနည်းလမ်းဟာ စဉ်းစားလိုက်တာနဲ့တင် အတော်လေးကို အဆင်မပြေချင်စရာ ကောင်းလှပါတယ် ။ အကြောင်းကတော့ ခရုခွံတွေရဲ့ မျက်နှာပြင်က ကြမ်းတမ်းသလို အစွန်းပိုင်းတွေကလည်း ချွန်ထက်နေတာကြောင့်ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၆။ သတင်းစာ ၊ မဂ္ဂဇင်း အဟောင်း

( ၁၈ ) ရာစုနှစ် အရောက်မှာတော့ အိမ်သာတက်ပြီး သန့်ရှင်းရေးလုပ်တဲ့ အလေ့အထဟာ အနည်းငယ် ခေတ်မှီလာပြီး လူတွေဟာ သတင်းစာတွေ နဲ့ မဂ္ဂဇင်း အဟောင်းတွေကို အသုံးပြုလာကြပါပြီ ။ အာ့ဒီ ခေတ်အခါတုန်းက အမေရိကန် နိုင်ငံမှာဆိုရင်  Farmer’s Almanac ဆိုတဲ့ စာစောင် တွေနဲ့ Sears Catalog လို ဟာမျိုးကို အများဆုံး အသုံးပြုခဲ့ကြပါတယ် ။ shwekhitonlinetv.com

The Almanac ဆိုရင် သူတို့ရဲ့ စာစောင်တွေကို လူသုံးများလွန်းတာကြောင့် အိမ်သာအခန်းတွေထဲမှာ အလွယ်တကူ ချိတ်ဆွဲထားနိုင်ရန် ထုတ်ဝေကတည်းက အပေါက်လေးပါ ဖောက်ပေးထားပါသေးတယ်တဲ့ ။ shwekhitonlinetv.com

၇။ ရေ

အရင်ကာလတွေတုန်းက အိန္ဒိယ ၊ အာဖရိက နဲ့ အာရပ် နိုင်ငံတွေမှာဆိုရင် သူတို့ရဲ့ ရိုးရာအရ အိမ်သာတက်ပြီးတဲ့ အခါတိုင်း ဘယ်လက်ကို အသုံးပြုပြီး ရေနဲ့ ဆေးကြောလေ့ရှိပါတယ် ။ ပြီးတော့မှ လက်ကို ရေနဲ့ ပြန်ပြီးဆေးကြောကြပါတယ်တဲ့ ။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ ဒီနည်းလမ်းကို ကမ္ဘာပေါ်က နေရာ တစ်ချို့မှာ အသုံးပြုနေဆဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။ shwekhitonlinetv.com

သမိုင်းသုတေသီပညာရှင်တွေကတော့ လူတွေက လက်ဆွဲ နှုတ်ဆက်တဲ့အခါတိုင်း ညာဘက်လက်နဲ့ နှုတ်ဆက်ကြတာဟာ ဒီအကြောင်းအရာနဲ့ ဆက်စပ်နေမယ်လို့လည်း ယူဆထားကြတာတွေ ရှိပါသေးတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ အိမ်သာသုံး စက္ကူတွေ မပေါ်သေးခင် အချိန်တုန်းက လူသားတွေ အသုံးပြုခဲ့ကြတဲ့ ထူးထူးဆန်းဆန်း ပစ္စည်းတွေ အကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။