ပူပြင်းလွန်းတဲ့ အရပ်ဒေသမှာ နေထိုင်သူတွေ ကြုံတွေ့ရတဲ့ အဖြစ်အပျက်များ

ပရိသတ်ကြီးရေ အခုတစ်ခေါက်မှာတော့ ပူပြင်းလွန်းတဲ့ အရပ်ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ထူးထူးဆန်းဆန်း ဖြစ်စဉ်တွေ အကြောင်းကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ် ။ ရာသီဥတုတွေ ဖောက်လွဲ ဖောက်ပြန် ဖြစ်ပြီး ပူပြင်းလွန်းတဲ့အခါ ဘယ်လိုတွေ ဖြစ်သွားလဲဆိုတာကို အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ အရည်ပျော်သွားတဲ့ မီးပွိုင့်

ဒီပုံကတော့ ကူဝိတ်နိုင်ငံမှာ အပူချိန်မြင့်မားလွန်းတာကြောင့် မီးပွိုင့်ကအစ အရည်ပျော်သွားတာပဲ ဖြစ်ပါတယ် ။ မီးပွိုင့်တောင်အရည်ပျော်တဲ့ပုံအရ အပူချိန် ဘယ်လောက်တောင် ပြင်းနေမလဲဆိုတာ ခန့်မှန်းမိကြမှာပါ ။ shwekhitonlinetv.com

၂။ ဩစတေးလျနိုင်ငံက လမ်းမပေါ် မောင်းပြီးသွားတဲ့နောက် တာယာရဲ့ပုံစံ

အခုမြင်နေရတာကတော့ ဩစတေးလျနိုင်ငံက လမ်းမပေါ်မှာ ကားမောင်းပြီးသွားတဲ့ အချိန် တာယာတွေကို အခုလို ပုံစံနဲ့ မြင်တွေ့ရတာပဲ ဖြစ်ပါတယ် ။ ရာသီဥတုက ပူပြင်းလွန်းတာကြောင့် တာယာမှာ ကတ္တရာစေးတွေနဲ့ ကျောက်စလစ်ခဲတွေ ရောထွေးပြီး ကပ်ပါလာတာပါ ။ shwekhitonlinetv.com

၃။ နေပူထဲ ၃ နာရီကျော် ထားထားတဲ့ ကြက်ဥ

ဒီမှာဆိုရင်လည်း ဩစတေးလျနိုင်ငံမှာ အပူလှိုင်းဖြတ်သွားတုန်းက ဘယ်လောက်ပူပြင်းလဲဆိုတာကို စမ်းသပ်ပြထားတာပဲ ဖြစ်ပါတယ် ။ ကြက်ဥ ၂ လုံးကို ခွဲပြီး ဒယ်အိုးထဲ ထည့်ပြီး ၃နာရီလောက် နေပူထဲထားကြည့်တဲ့အခါ ပုံမှမြင်ရတဲ့ အတိုင်း ဖြစ်သွားပါတယ် ။ shwekhitonlinetv.com

၄။ အရည်ပျော်ကျနေတဲ့ နံရံ

ဒါကတော့ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်ထဲက အိမ်တစ်အိမ်ရဲ့ နံရံကို ရိုက်ပြထားတာပါ ။ အပူချိန် မြင့်မားလွန်းတာကြောင့် နံရံတွေဟာ သိသိသာသာ အရည်ပျော်ကျ နေတာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။ အပူဒဏ် မခံနိုင်တဲ့ အမျိုးသား

အခုစာဖတ်နေတဲ့ ပရိသတ်တွေထဲမှာ အပူဒဏ်ကို သူများတွေထက် မခံနိုင်တဲ့သူတွေ ရှိကြမယ်ထင်ပါတယ် ။ ပုံထဲက အမျိုးသားဟာဆိုရင်လည်း အပူဒဏ်ကို မခံစားနိုင်လွန်းတဲ့အတွက် အခုလိုမျိုး ပန်ကာတွေ နဲ့ ဝန်းရံထားပြီး နေနေတာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

၆။ ရေခဲသေတ္တာပေါ် အိပ်နေတဲ့ ကြောင်လေးများ

ဒါကတော့ နိုင်ငံတစ်နိုင်ငံမှာ အပူလှိုင်း ဖြတ်သွားခဲ့စဉ်တုန်းက ပူပြင်းလွန်းတာကြောင့် ကြောင်လေးတွေဟာ ရေခဲသေတ္တာပေါ်တက်ပြီး အပူဒဏ်ကို ရှောင်နေတဲ့ ပုံပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ပူပြင်းလွန်းတဲ့ အရပ်ဒေသမှာ နေထိုင်တဲ့သူတွေပဲ ကြုံတွေ့ရတဲ့ ထူးထူးခြားခြား ဖြစ်စဉ်တွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။နောက်ပိုင်းတွေမှာလည်း အခုလို ထူးဆန်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာ မို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။