သင့်ကိုပါးစပ်အဟောင်းသား ဖြစ်သွားစေမယ့် အရာများ

လောကမှာ တစ်ချို့တစ်ချို့သော အရာတွေက တစ်ခါတစ်ရံမှာ မယုံကြည်နိုင်လောက်အောင်ကို ထူးဆန်းအံ့သြ ဖွယ်ရာတွေနဲ့ ပြည့်နှက်နေတက်ပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာလေးတွေကလည်း သင့်အနေနဲ့ ဖတ်ရှုလေ့လာပြီးရင် ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေမယ်ဆိုတာ အသေအချာပါပဲ။ ဘယ်လိုအကြောင်းအရာ တွေများဖြစ်မလဲ ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော် ……… shwekhitonlinetv.com

၁။ သစ်ပင်တစ်ပင်နဲ့တူတဲ့ လျှပ်စီးမိုးကြိုးတန်း

ဒါက Photoshop နဲ့ ပြုပြင်ထားတဲ့ ပုံမဟုတ်ဘူးလို့ သိရပါတယ်။ သစ်ပင်တစ်ပင်သဖွယ် ပုံသဏ္ဍန်ထင်ဟပ်သွားတဲ့ လျှပ်စီးမိုးကြိုးတန်းကို အမိအရ ရိုက်ကူးထားလိုက်နိုင်တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ရှားပါးတဲ့အရောင်အသွေးနဲ့ ဧရာမဂဏန်း

Coconut Crab လို့ခေါ်တဲ့ ဧရာမဂဏန်း အမျိုးအစားဖြစ်ပြီး ဒီလိုမျိုးအပြာရောင်အဆင်းရှိတဲ့ အကောင်ကတော့ အတော်လေးကိုရှားပါးပြီး မြင်ရခဲတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၃။ ရုပ်ဖျက်ကောင်းတဲ့ဖားများ

ဗီယက်နမ်နိုင်ငံ အတွင်းမှာတွေ့ရတက်တဲ့ Mossy Frog လို့ခေါ်တဲ့ဖားတွေပါ။ သူတို့ရဲ့ရုပ်ဖျက်စွမ်းရည်ကတော့ အံ့သြလောက်ပါရဲ့နော် …. shwekhitonlinetv.com

၄။ Green Meteor

သြစတြေးလျ နိုင်ငံရဲ့ ကောင်းကင်ထက်မှာ မြင်တွေ့ခဲ့ရတဲ့ အစိမ်းရောင်တောက်ပနေတဲ့ ဥက္ကာခဲပဲ ဖြစ်ပါတယ်။ ဘယ်လိုဓာတ်သတ္တိတွေကြောင့် လေထုနဲ့ ဓာတ်ပြုပြီး အစိမ်းရောင်မီးတောက်ဖြစ်နေရသလဲဆိုတာတော့ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ shwekhitonlinetv.com

၅။ အနက်ရောင်မုန်လာဥ

မုန်လာဥတွေရဲ့ အရောင်အဆင်းတွေထဲမှာ အဝါရောင၊် အနီရောင်၊ လိမ္မော်ရောင် စတာတွေကတော့ မြင်နေတွေ့နေကြဖြစ်ပါတယ်။ ဒါပေမယ့် ဒီမုန်လာဥမျိုးတွေကတော့ ထူးထူးဆန်းဆန်းပဲ အနက်ရောင်တွေဖြစ်နေပါတယ်။ Turkish Black လို့ အမည်ရပြီး တူရကီနိုင်ငံမှာ မိရိုးဖလာစိုက်ပျိုးကြတဲ့ မုန်လာဥတွေလို့ သိရပါတယ်။ shwekhitonlinetv.com

၆။ သက်တံရောင်ပင်လယ်

ဒါကတော့ ခရိုအေးရှားနိုင်ငံ Adriatic ပင်လယ်ရဲ့ အံ့အားသင့်ဖွယ်သဘာဝ မြင်ကွင်းပဲဖြစ်ပါတယ်။ တစ်နေရာတည်းမှာရှိတဲ့ ရေတွေကအရောင်မျိုးစုံနဲ့လှပနေတာ အတော်လေးကို ကြည့်ရတာ မျက်စိ ပသာဒဖြစ်စရာပါပဲ။ shwekhitonlinetv.com

၇။ အဖြူရောင် Raccoon ဝက်ဝံ

သာမန်အားဖြင့်တော့ Raccoon ဝက်ဝံတွေဆိုတာ မျက်နှာမှာ အဖြူ၊ အနက်၊ မီးခိုးရောင် အရစ်ရစ်တွေပါရှိပြီး အမြီးဖွားဖွားနဲ့ နို့တိုက်သတ္တဝါလေးတွေဖြစ်ပါတယ်။ ဒီတစ်ကောင်ကတော့ တစ်မူထူးခြားပြီး တစ်ကိုယ်လုံးဖြူဆွတ်နေပါတယ်။ shwekhitonlinetv.com

၈။ လှပလွန်းတဲ့ ဆင်လိပ်ပြာ

ရွှေခေတ်ပရိသတ်တွေအနေနဲ့ ဆင်လိပ်ပြာလို့ ခေါ်တဲ့ လိပ်ပြာအကြီးစားကြီးတွေကို တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါပေမယ့် ဒီပုံမှာပါတဲ့ ဆင်လိပ်ပြာကြီးလောက် လှပတာကိုတော့ မြင်ဖူးလောက်မယ်မထင်ပါဘူးနော် … shwekhitonlinetv.com

၉။ Spider Man ပုံဖော်ထားတဲ့ ပင့်ကူအိမ်

ဒီပင့်ကူ အိမ်ကိုအမှတ်တမဲ့ကြည့်လိုက်မယ်ဆိုရင်တော့ Spider Man ပုံစံဖော်ပြီး ဆောက်လုပ်ထားသလားထင် မှတ်ရနိုင်ပါတယ်။ ဖြစ်လည်းဖြစ်တက်ပါပေ့နော် … shwekhitonlinetv.com

ဟုတ်ကဲ့ အခုလိုမျိုး ဒီအကြောင်းအရာလေးကို အဆုံးထိကြည့်ပြီး ဖတ်ရှုပေးလို့ အားလုံးကို ရွှေခေတ် ကကျေးဇူးတင်ပါတယ်နော်။ နောက်လည်း ဘယ်လို အံ့သြထူးဆန်းဖွယ်ရာအကြောင်းအရာတွေကို တင်ဆက်ပေးသွားဦးမလဲဆိုတာ စောင့်မျှော်ပြီး အားပေးကြပါဦးနော် … shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။