အဆိုတော် Adele က သူမရဲ့ဝိတ်တွေကို ဘယ်လို လျော့ချခဲ့သလဲ

ဗြိတိန်နာမည်ကျော်အဆိုတော် Adele ကတော့ ရွှေခေတ်ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ သူမအနေနဲ့ စတင်နာမည်ကြီးတဲ့အချိန်မှာ အခြားအဆိုတော်တွေလိုမျိုး သွယ်လျတဲ့ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ခဲ့တဲ့သူမဟုတ်ဘဲ အနည်းငယ်ဝဖိုင့်တဲ့ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့် အင်တာဗျူးတစ်ခုမှာတော့ “ကျွန်မရဲ့အသွင်အပြင်နဲ့ပတ်သတ်ပြီး အပျက်သဘောဆောင်တဲ့ မှတ်ချက်တွေအများကြီးရရှိခဲ့ဖူးပါတယ်။ ဒါဟာကျွန်မရဲ့အသက်မွေးဝမ်းကြောင်းတစ်ခုလုံးကို ကန့်သတ်ထားသလိုမျိုး ခံစားခဲ့ရပါတယ်။” လို့ Adele ကဖွင့်ဟဖူးပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် ဒီလိုအပျက်သဘောဆောင်တဲ့ မှတ်ချက်တွေဟာ Adele တစ်ယောက်ကိုကျရှုံးသွားတဲ့အထိ မထိုးနှက်နိုင်ခဲ့ပါဘူး။ “လူတွေကျွန်မရဲ့ ခန္ဓာကိုယ်အကြောင်းကိုပြောနေတာ လွန်ခဲ့တဲ့ (၁၂) နှစ်လောက်ကတည်းကပါ။ နောက်ပြီး လူတွေရဲ့ခန္ဓာကိုယ်အပေါ်ဘယ်လို ခံစားရတယ်ဆိုတာကို သက်သေပြဖို့လည်း ကျွန်မစိတ်မဝင်စားပါဘူး” လို့ Adele ကဆိုပါတယ်။ shwekhitonlinetv.com

လက်ရှိအချိန်မှာတော့ Adele ဟာ ခန္ဓာကိုယ်အလေးချိန် ပေါင် (၁၀၀) ကျော်လျော့ချနိုင်ခဲ့ပြီး လုံးဝကိုကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ ဒီလိုမျိုး ကိုယ်အလေးချိန်လျော့ကျအောင် ဘယ်လိုမျိုးပြုမူခဲ့သလဲဆိုတာကိုတော့ British Vogue နဲ့ အင်တာဗျူးမှာ အခုလိုပဲပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

“ကိုဗစ်ကာလမှာ ကျွန်မအနေနဲ့ တစ်နေ့ကို (၃) ကြိမ်လေ့ကျင့်ခန်းလုပ်ခဲ့ပါတယ်။ မနက်ခင်းမှာ ကိုယ်အလေးချိန်ကျအောင် ပြေးတာမျိုးတွေလုပ်တယ်၊ နေ့လည်ပိုင်းမှာတော့ တောင်တက်တာ၊ Boxing ထိုးတာမျိုးတွေလုပ်တယ်။ ပြီးရင်တော့ ညပိုင်းမှာ Cardio လို လေ့ကျင့်ခန်းမျိုးတွေကို လုပ်တယ်လို”့ ဆိုပါတယ်။ shwekhitonlinetv.com

ဒီလိုမျိုးလေ့ကျင့်ခန်းတွေကို သူမအနေနဲ့ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Heart & Hustle အားကစားရုံက Greg Miele လို့အမည်ရတဲ့ Gym Trainer ရဲ့ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ shwekhitonlinetv.com

နောက်ပြီးသူမအနေနဲ့ Boxing ထိုးတာကို နဂိုကတည်းက ဝါသနာပါတဲ့သူဖြစ်တယ်လို့လည်း ဝန်ခံခဲ့ပြီး ငယ်ငယ်ကတည်းက အားကစားသမားတစ်ယောက်ဖြစ်ချင်ခဲ့ကြောင်းလည်း British Vogue ကိုပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

လက်ရှိမှာတော့ Adele တစ်ယောက် လေ့ကျင့်ခန်းတွေပြုလုပ်ခြင်းကို စွဲလန်းနှစ်သက်နေပြီး အစားအသောက်စားခြင်းဖြင့် ကိုယ်အလေးချိန် ကျသွားတယ်ဆိုတဲ့ ကောလဟလတွေဟာ မှားယွင်းကြောင်း ကိုလည်း သူမက အတည်ပြုခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

Be the first to comment

Leave a Reply