ကမ္ဘာ့ထိပ်တန်း တန်ဖိုးအကြီးဆုံး ပစ္စည်း (၁၆) မျိုး

နှစ်ပေါင်းအတော်ကြာတဲ့အထိ ရွှေဟာ စျေးအကြီးဆုံး ဖြစ်တယ်လို့ လူတွေက ယုံကြည်ခဲ့ကြပါတယ်။ တကယ်တော့ ဒီထင်မြင်ချက်ဟာ လုံးဝကို မှားယွင်းနေခဲ့တာ ဖြစ်ပါတယ်။ ရွှေအပြင် စျေးအကြီးဆုံး အရာတွေဟာ အများအပြားရှိလို့နေပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ကမ္ဘာ့စျေးအကြီးဆုံး ပစ္စည်းပေါင်း ၁၆ မျိုးကို အခုပဲ​ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁၆။ ဆက်ဖရွန် ( Saffron ) တစ်ဂရမ်ကို ၁၁ ဒေါ်လာရှိ

ပုံမှာမြင်တွေ့ရတဲ့ အရာကတော့ တစ်ဂရမ်ကို ၁၁ ဒေါ်လာထိ ပေါက်စျေးရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်ပဲ ဖြစ်ပါတယ်။ ဒီအမွှေးအကြိုင်ဟာ အရမ်းကို ထူးခြားကောင်းမွန်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါတယ်။ ဒီပစ္စည်းကို ထုတ်လုပ်တဲ့အခါ တခြားအရာတွေထက် အချိန်ပေးရပြီး အားစိုက်ထုတ်မှု ပိုပေးရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အရသာနဲ့ ကျန်းမာရေးအတွက် ကုသနိုင်စွမ်းကတော့ အခြား ဘယ်လိုအမွှေးအကြိုင်နဲ့မှ ယှဥ်စရာမလိုလောက်အောင် ကောင်းမွန်လွန်းလှပါတယ်။ shwekhitonlinetv.com

၁၅။ ရွှေ တစ်ဂရမ်ကို ၅၆ ဒေါ်လာရှိ

အကုန်လုံးသိကြတဲ့အတိုင်း ရွှေဟာ တန်ဖိုးရှိတဲ့ အရာတခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ရွှေဟာ ကမ္ဘာ့တန်ဖိုးအကြီးဆုံးပစ္စည်းတခုတော့ မဟုတ်ခဲ့ပါဘူးနော်။ shwekhitonlinetv.com

၁၄။ ရိုဒီရမ် ( Rhodium ) တစ်ဂရမ်ကို ၅၈ ဒေါ်လာရှိ

ပလပ်တီနမ်အမျိုးအစားဝင်တခုဖြစ်ပြီး အရမ်းကို ရှားပါးတဲ့ ဓာတုဒြပ်စင် တမျိုးလည်း ဖြစ်ပါတယ်။​ မြင်သာအောင် ပြောရမယ်ဆိုရင်တော့ ကမ္ဘာမြေကြီးအပေါ်ယံလွှာ မြေထု ၁ တန်မှာ ရီုဒီရမ် ၀.၀၀၁ ဂရမ်မျှသာ ပါဝင်ပါတယ်။ shwekhitonlinetv.com

၁၃။ ပလပ်တီနမ် တစ်ဂရမ်ကို ဒေါ်လာ ၆၀ ရှိ

ပလပ်တီနမ်ဟာ ရှားပါးပြီး တန်ဖိုးကြီးတဲ့ ငွေရောင် သတ္တုတမျိုးပဲ ဖြစ်ပါတယ်။ သူဟာ အက်စစ် ၊ အယ်ကာလီနဲ့ အခြား ဒြပ်ပေါင်းတွေကို ခံနိုင်ရည်ရှိတာကြောင့် ရွှေနဲ့ ဆင်တူပါတယ်။ shwekhitonlinetv.com

၁၂။ စိတ်ကြွဆေး (​Methamphetamine ) တစ်ဂရမ်ကို ဒေါ်လာ ၁၀၀ ရှိ

ဒီဆေးကတော့ နိုင်ငံအသီးသီးမှာ ဥပဒေထုတ်ကာ တင်းတင်းကြပ်ကြပ် တားမြစ်ထားရတဲ့ ဆေးဖြစ်ပါတယ်။ ရွှေထက်တောင် တန်ဖိုးကြီးတာကြောင့် လွယ်လင့်တကူ ဝယ်နိုင်ဖို့လည်း ခက်ခဲပါတယ်။ shwekhitonlinetv.com

၁၁။ ကြံ့ဦးချို တစ်ဂရမ်ကို ဒေါ်လာ ၁၁၀ ရှိ

ကြံ့ရဲ့ ဦးချိုဟာ ဆေးပညာအရ ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူမှ မရရှိနိုင်ကြောင်း သိပ္ပံပညာရှင်တွေက အတည်ပြုပြောကြားထားပါတယ်။ ဒါပေမဲ့လည်း ဦးချိုကြောင့် အသတ်ခံရတဲ့ ကြံ့အရေအတွက်ဟာ နှစ်စဥ် များပြားလျက်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြံ့ဦးချိုကို ကောင်းမွန်တဲ့ ဓားလက်ကိုင်အတွက် အသုံးပြုလို့ရနေတာကြောင့် ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ ဘိန်းဖြူ ( Heroin ) တစ်ဂရမ်ကို ဒေါ်လာ ၁၃၀ ရှိ

ဒီမူးရစ်ဆေးကိုတော့ အားလုံးကြားဖူးပြီး ရင်းနှီးကြမှာပါ။ ဒီလိုအရာတွေကို လွန်ကျွံစွာသုံးစွဲပြီးရင်တော့ ကိုယ့်ကိုယ်ကိုတောင် ကယ်တင်နိုင်မယ် မထင်တော့ပါဘူး။ ဘိန်းဖြူဟာ လူကို ဖျက်ဆီးတတ်သလို ဝယ်ယူရရှိနိုင်ဖို့အတွက်လည်း အရမ်းကို ခက်ခဲပါတယ်။ ဒါ့ကြောင့် သူဟာ တန်ဖိုးအကြီးဆုံး ထိပ်ဆုံး ၁၀ ခု စာရင်းဝင်နေခဲ့တာပါ။ shwekhitonlinetv.com

၉။ ကိုကိန်း ( Cocaine )​ တစ်ဂရမ်ကို ၂၃၆ ဒေါ်လာရှိ

ဒီသေးငယ်တဲ့ အဖြူရောင်အမှုန့်လေးတွေဟာ သေစေနိုင်တဲ့အထိ အန္တရာယ်ရှိတဲ့ မူးယစ်ဆေးဝါးပဲ ဖြစ်ပါတယ်။ ကိုကိန်းဟာ ဘိန်းဖြူထက် စျေးပိုကြီးပါတယ်။ ဘာလို့လဲဆိုတော့ သန့်စင်ပြီး သဘာဝဆန်တဲ့ သူ့ရဲ့ ပုံစံကြောင့်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ LSD ( Lysergic acid diethylamide ) တစ်ဂရမ်ကို ဒေါ်လာ ၃,၀၀၀ ထိရှိ

LSD လို့ခေါ်တဲ့ ဒီမူးရစ်ဆေးကတော့ စိတ်ကြွဆေး ဒါမှမဟုတ် အတွေးတွေ စိတ်ခံစားချက်တွေကို လှုံဆော်ပေးတဲ့ စိတ်အားထက်သန်စေတဲ့ မူးရစ်ဆေးတမျိုးပဲ ဖြစ်ပါတယ်။​ ဒီမူးရစ်ဆေးကို ထုတ်လုပ်ရတာဟာ အရမ်းကို ခက်ခဲလွန်းတာကြောင့် စျေးကြီးရခြင်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ပလူတိုနီယမ် (​Plutonium )​ တစ်ဂရမ်ကို ဒေါ်လာ ၄,၀၀၀ ထိရှိ

ပလူတိုနီယမ်ဟာ ရေဒီယိုသတ္တိကြွ ပစ္စည်းတမျိုးပဲ​ဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ ငွေဖြူရောင်ရှိပြီး လေးလံတဲ့ ပစ္စည်းဖြစ်သော်လည်း အလွယ်တကူ ပျက်စီးတတ်ပါတယ်။ ပလူတိုနီယမ်ကို နယူကလီးယားလက်နက်ထုတ်လုပ်ရမှာလည်း သုံးသလို အာကာသယာဥ်တွေရဲ့ လောင်စာဆီအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ shwekhitonlinetv.com

၆။ ပီနိုက်ကျောက် ( Painite ) တစ်ဂရမ်ကို ဒေါ်လာ ၉,၀၀၀ ထိရှိ

ရှားပါးပြီး လူသိနည်းတဲ့ ကျောက်အမျိုးအစားဖြစ်ပါတယ်။ လိမ္မော်ရောင် ဒါမှမဟုတ် နီညိုရောင်ရှိတဲ့ ဓာတ်သတ္တုနဲ့ ဖွဲ့စည်းထားပြီး လွန်ခဲ့တဲ့ ၆၅ နှစ်ကမှ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ ပီနိုက် ကျောက် အခု ၂၀၀ ပဲ ရှိပါတယ်။ shwekhitonlinetv.com

၅။ ထားဖိုက်ကျောက် ( Taaffeite )​ တစ်ဂရမ်ကို ဒေါ်လာ ၂၀,၀၀၀ ထိရှိ

ထားဖိုက်ကျောက်ဟာ တန်ဖိုးကြီး ကျောက်အမျိုးအစားဖြစ်ပြီး တစ်ကာရက်ကို ဒေါ်လာ ၄,၀၀၀ ထိရှိပါတယ်။ အရောင်အနေနဲ့ကတော့ ခရမ်းရောင် ၊ ပန်းရောင် ၊ အနီရောင် ဒါမှမဟုတ် အဖြူရောင်ထိ အရောင်အမျိုးမျိုး ရှိပါတယ်။ တန်ဖိုးကြီးပါတယ်ဆိုတဲ့ စိန်တွေထက် အဆပေါင်းများစွာ ရှားပါးလွန်းတာကြောင့် သူ့ရဲ့ ဖြစ်တည်မှုဟာ ထူးခြားလို့ နေပါတယ်​။ ထားဖိုက်ကျောက်ဟာ အတုမရှိတဲ့ အဖိုးတန်ကျောက် ဖြစ်နေပေမဲ့လည်း သူ့ကို လက်ဝတ်ရတနာအနေနဲ့ တော့ ဝတ်ဆင်လေ့မရှိကြပါဘူး ။ ဒါ့အတွက်ကြောင့် စိန်ထက်အဖိုးတန်ပေမဲ့လည်း နံပါတ် ၅ နေရာကို ရောက်နေရခြင်းဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ထွီတီယမ် (​Tritium) တစ်ဂရမ်ကို ဒေါ်လာ ၃၀,၀၀၀ ထိရှိ

ထွီတီယမ်ဟာ အငွေ့အမျိုးအစားတခုဖြစ်ပြီး အလင်းရောင်အတွက် အသုံးပြုလေ့ရှိပါတယ်။ ရှားပါးတဲ့ အမျိုးအစားဖြစ်ပြီး ထွီတီယမ် ၁ ပေါင်ကို ထုတ်ယူနိုင်ဖို့အတွက် ဒေါ်လာ ၁၅ မီလီယမ် ကုန်ကျပါတယ်။ shwekhitonlinetv.comshwekhitonlinetv.com

၃။ စိန် တစ်ဂရမ်ကို ဒေါ်လာ ၅၅,၀၀၀ ရှိ

လူတိုင်း နီးပါး ကြိုက်နှစ်သက်တဲ့ စိန်ကတော့ ကမ္ဘာ့စျေးအကြီးဆုံး ထိပ်တန်း ၃ ခုမှာ ပါဝင်ပါတယ်။ shwekhitonlinetv.com

၂။ ကယ်လီဖိုနီယမ် ( Californium ) တစ်ဂရမ်ကို ဒေါ်လာ ၂၅ ကနေ ၂၇ မီလီယမ်ထိရှိ

စျေးအကြီးဆုံး ရေဒီယို သတ္တိကြွ ဓာတုဒြပ်စင်ပဲ ဖြစ်ပါတယ်။ ဒီဒြပ်စင်ကို ၁၉၅၀ ခုနှစ်မှာ ကယ်လီဖိုနီးယား တက္ကသိုလ်ရဲ့ ဓာတ်ရောင်ခြည် ဓာတ်ခွဲခန်းမှ ပေါင်းစပ်ပြုလုပ်ခဲ့တာပါ။ shwekhitonlinetv.com

၁။ အန်တီမက်တာ ( Antimatter ) တစ်ဂရမ်ကို ဒေါ်လာ ၆၂.၅ ထွီလီရမ် ထိရှိ

ကမ္ဘာကြီးရဲ့ တန်ဖိုးကြီးမားလွန်းတဲ့ ပစ္စည်းပဲ ဖြစ်ပါတယ်။ တစ်မီလီဂရမ် ထုတ်လုပ်ဖို့အတွက် ဒေါ်လာ ၂၅ မီလီယမ်ခန့် ကုန်ကျပါတယ်။ သီအိုရီများအရ အနာဂတ်မှာ အာကာသယာဥ်တွေရဲ့ လောင်စာဆီအဖြစ် အန်တီမက်တာကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တစ်ဂရမ်ထုတ်လုပ်နိုင်ဖို့အတွက်တောင် စျေးကြီးလွန်းတာကြောင့် အန်တီမက်တာကို အသုံးပြုမယ်ဆိုရင် လူသားအားလုံး မနားမနေ တစ်နှစ်လောက် အလုပ်လုပ်နိုင်မှ ရနိုင်မယ်လို့ ထင်ကြေးပေးကြပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။