ဘယ်သူမှ မထင်ထားတဲ့ ငယ်ဘဝက လျှို့ဝှက်ချက်ကို ဖွင့်ဟလိုက်ပြီး လူတွေကြား ဂယက်ထသွားစေတဲ့ ထိုင်းမင်းသမီး

Instagram လိုလူမှုကွန်ရက်စာမျက်နှာမှာ Followers အရေအတွက် (၁) သန်းကျော်ပိုင်ဆိုင်ထားတဲ့ Yoshi Rinrada ကတော့ ထိုင်းနိုင်ငံရဲ့ အကျော်ကြားဆုံး မော်ဒယ်လ်မင်းသမီးတွေထဲက တစ်ဦးဖြစ်ပါတယ်။ တစ်ကယ်တော့ သူမဟာ ထိုင်းနိုင်ငံမှာသာမကဘဲ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပရိသတ်အများအပြားဆီက အားပေးချစ်ခင်မှုကို ရရှိထားတဲ့မင်းသမီးချောလေး ဆိုလည်းမမှားပါဘူး။ shwekhitonlinetv.com

သူမရဲ့ ကျစ်လှစ်သွယ်လျတဲ့ ခန္ဓာကိုယ်နဲ့ အရုပ်မလေးလို ပြေပြစ်ချောမောလွန်းတဲ့ မျက်နှာထားကြောင့် မဂ္ဂဇင်းတွေ၊ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေရဲ့ မျက်နှာစာတစ်ခုဖြစ်လာခဲ့ပါတယ်။ ပြောရရင်တော့ Rinrada ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ နာမည်ကျော်အမှတ်တံဆိပ်တွေကြားမှာ လူကြိုက်အများဆုံးနဲ့ အားပေးထောက်ခံသူအများဆုံး မော်လ်ဒယ်တစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

အခုရက်ပိုင်းအတွင်းမှာတော့ ဒီလို ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ဆွဲဆောင်မှုရှိတဲ့ ရုပ်ဆင်းသွင်ပြင်ကိုပိုင်ဆိုင်ထားတဲ့ ဒီမင်းသမီးလေးဟာ ကြားရသူမှန်သမျှ ယုံကြည်ဖို့ခက်ခဲစေမယ့် သူမရဲ့လျှို့ဝှက်ချက်တစ်ခုကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

အဲ့ဒီလျှို့ဝှက်ချက်ကတော့ သူမဟာ မွေးရာပါမိန်းကလေးတစ်ဦးမဟုတ်ဘဲ လိင်ပြောင်းလဲထားသူ (Transgender) တစ်ဦးဖြစ်တယ်ဆိုတာပါပဲ။ ဒီသတင်းဟာ သူ့ကိုအားပေးတဲ့ ပရိသတ်တွေကြားမှာသာမက အွန်လိုင်းမီဒီယာတွေကြားမှာပါ အတော်လေးကို ဂယက်ထသွားစေတဲ့ သတင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် Rinrada ကတော့ ဒီသတင်းဟာတစ်ကယ်အမှန်ဖြစ်ကြောင်း သူမဟာ အသက် (၁၅) နှစ်အရွယ်မှာ ယောက်ျားလေးအဖြစ်ကနေ မိန်းကလေးအဖြစ်သို့ လိင်ပြောင်းလဲမှုခံယူခဲ့သူဖြစ်ကြောင်း သူမရဲ့ ပရိသတ်တွေကို အတည်ပြုပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

သူမအနေနဲ့ ငယ်ငယ်ကတည်းက ယောက်ျားလေးဖြစ်ရတာဟာ သူ့အတွက် မသင့်လျော်ဘူးလို့ ခံစားခဲ့ရတာကြောင့် သူမကိုယ်သူမ အမျိုးသမီးတစ်ဦးအဖြစ် လိင်ပြောင်းလဲကာ အမျိုးသမီးတစ်ဦးအသွင် ပြင်ဆင်နေထိုင်ခဲ့တာဖြစ်တယ်လို့ Rinrada ကဆိုပါတယ်။ shwekhitonlinetv.com

ဒီသတင်းကိုတော့ သူမရဲ့ပရိတ်သတ်တွေဟာ မယုံမကြည်နိုင်ဖြစ်နေကြပြီး သူမဆီမှာ ယောကျ်ားနဲ့တူတဲ့လက္ခဏာ တစ်စုံတစ်ရာ ရှာဖွေလို့မရဘူးလို့ဆိုကြပါတယ်။ အမှန်တစ်ကယ်လည်း သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစား၊ ရုပ်ဆင်းသွင်ပြင်အမူအရာတွေဟာ မြင်ရသူတိုင်းကို ဆွဲဆောင်နိုင်တဲ့ အမျိုးသမီးတစ်ဦး ရဲ့သွင်ပြင် လက္ခဏာတွေချည်းဖြစ်ပါတယ်။ shwekhitonlinetv.com

တစ်ချို့ကလည်း သူမအနေနဲ့ ယောက်ျားလေးကနေ မိန်းကလေးအဖြစ် လိင်ပြောင်းလဲထားတဲ့ (Transgender) တစ်ဦးဆိုတာကို တစ်လျှောက်လုံးသိလာခဲ့ပေမယ့် လိင်ခွဲခြားဆက်ဆံခြင်းမပြုဘဲ သူမရဲ့အလှကို သဘောကျနေကြကြောင်း သိရပါတယ်။ shwekhitonlinetv.com

ဒီသတင်းတွေကြောင့် သူမကို အားပေးချစ်ခင်နှစ်သက်တဲ့ ပရိသတ်အရေအတွက်ကတော့ ကျဆင်းသွားခြင်း မရှိတဲ့အပြင် ပိုမိုများပြားလာမယ်လို့ထင်ရပါတယ်။ ရွှေခေတ်ပရိသတ်ကြီးအနေနဲ့ရော Rinrada အပေါ် ဘယ်လိုထင်မြင်မိပါသလဲ … ? shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

Be the first to comment

Leave a Reply