သာမန်မျက်စိနဲ့ ကြည့်ရင် တွေ့ဖို့ခက်ခဲတဲ့ ကမ္ဘာ့အသေးငယ်ဆုံး ကင်မရာ အကြောင်း

ပရင်စတန်တက္ကသိုလ် (Princeton University) နဲ့ ဝါရှင်တန်တက္ကသိုလ် (Washington University) မှ သုတေသီတွေဟာ Ultracompact လို့အမည်ပေးထားတဲ့ ဆားပွင့်အရွယ်သာသာကမ္ဘာ့အသေးဆုံး ကင်မရာလေးကို တီထွင်ဖန်တီးခဲ့ကြပါတယ်။ shwekhitonlinetv.com

ဒီဆားပွင့်သာသာအရွယ်အစားရှိတဲ့ ကင်မရာလေးဟာ သူ့အရွယ်နဲ့မလိုက်ဖက်အောင် စွမ်းဆောင်ရည်ပြည့်ဝလွန်းပြီး အခြားကင်မရာကြီးတွေလိုမျိုး ကြည်လင်ပြတ်သားတဲ့ အရည်အသွေးမြင့် ဓာတ်ပုံတွေကို ထုတ်လုပ်ပေးနိုင်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

သမားရိုးကျ ကင်မရာတွေမှာတော့ အလင်းတန်းတွေကို ညွှတ်ကွေးစေဖို့အတွက် မှန်ခုံး ဒါမှမဟုတ် ပလတ်စတစ်ကို အသုံးပြုကြပါတယ်။ ဒါပေမယ့် ဒီကင်မရာလေးမှာတော့ “metasurface” ဆိုတဲ့နည်းပညာကို အသုံးပြုထားပါတယ်။ shwekhitonlinetv.com

metasurface နည်းပညာဆိုတာကတော့ အလွန်သေးငယ်တဲ့ ဆလင်ဒါပုံစံထောက်တိုင်ပေါင်း (၁.၆) သန်းလောက်ပါဝင်ပြီး သာမန်ကင်မရာတွေထက် အဆတစ်သန်းလောက် ကြည်လင်ပြတ်သားတဲ့ ရောင်စုံဓာတ်ပုံတွေကို ထုတ်လုပ်ပေးနိုင်တဲ့နည်းပညာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီကင်မရာလေးကို တီထွင်ဖန်တီးခဲ့တဲ့ အင်ဂျင်နီယာတွေကတော့ သာမန်ကင်မရာတွေအနေနဲ့ ထိုးဖောက်ဝင်ရောက်ပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးဖို့ မလွယ်တဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရောဂါရှာဖွေစစ်ဆေးရာမှာ အသုံးပြုဖို့အတွက် ရည်ရွယ်ထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com

အနာဂတ်ကာလမှာတော့ ဒီအရွယ်အစားသေးငယ်ပြီး ရုပ်ထွက်ကောင်းလွန်းတဲ့ ကင်မရာလေးကို သေးငယ်တဲ့စက်ရုပ်လေးတွေမှာတပ်ဆင်ပြီးပတ်ဝန်းကျင်လေ့လာရာမှာ အသုံးပြုဖို့နဲ့ စမတ်ဖုန်းတွေရဲ့ ကင်မရာတွေနေရာမှာ အစားထိုးအသုံးပြုသွားဖို့အထိတောင်ရည်ရွယ်ထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။