အိမ်ထောင်ရှိ အမျိုးသမီး တစ်ဦး၏ နေအိမ်ကို ဝင်ခိုးပြီး ရည်စားစာချန်ထားခဲ့တဲ့ သူခိုးရဲ့ အဆုံးသတ်

အိမ်ထဲကို ဖောက်ထွင်းဝင်ရောက်တဲ့ သူခိုးတွေဟာ များသောအားဖြင့် ခြေရာလက်ရာ မချန်ဘဲ ဝင်ထွက်သွားလာလေ့ရှိပါတယ်။ ဒါပေမယ့် ဝူဟန်မြို့က သူခိုးတစ်ယောက်ကတော့ သူ့ထက် အသက် (၁၀) နှစ်ကြီးတဲ့ အိမ်ပိုင်ရှင်အမျိုးသမီးကို တစ်ဖက်သက်ချစ်ကြိုက်နေပါတယ်။ shwekhitonlinetv.com

အဲ့ဒီတော့ သူခိုးဟာ အိမ်ပိုင်ရှင်အမျိုးသမီးအနေနဲ့ အိမ်ထောင်ရေး ဖောက်ပြားနေတယ်လို့ သူ့ခင်ပွန်းကို အထင်လွဲအောင် အိမ်ကိုဖောက်ထွင်းဝင်ရောက်ပြီး သူ့ရဲ့ အဝတ်အစားဟောင်းတွေကို ချန်ထားခဲ့သလို အိမ်ထဲမှာရှိတဲ့ အစားအသောက်တွေကိုလည်း စားသောက်သွားပြီး စာတိုလေးတွေကို စာရွက်မှာရေးပြီးချန်ထားခဲ့ပါတယ်။ shwekhitonlinetv.com

အိမ်ပိုင်ရှင်အမျိုးသားကတော့ ဒီကိစ္စမှာ သူ့ဇနီးအနေနဲ့ အိမ်ထောင်ရေးအမှန်တစ်ကယ်ဖောက်ပြန်ခဲ့တယ်လို့ ထင်မိတာကြောင့် ပတ်ဝန်းကျင်ရဲ့ ပြောဆိုကဲ့ရဲ့မှုတွေကို ခံရမှာစိုးပြီး ရဲကိုမတိုင်ဘဲနေခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသမီးဖြစ်သူကတော့ ရဲကိုဖုန်းဆက်ခေါ်ခဲ့ပါတယ်။ shwekhitonlinetv.com

ရဲတွေရောက်လာတော့ အိပ်ခန်းရဲ့စားပွဲတစ်ခုပေါ်မှာ ခေါက်ထားတဲ့ စာရွက်တစ်ရွက်ကိုတွေ့ရှိခဲ့ပါတယ်။ စာမှာရေးထားတာကတော့ “ငါမင်းကိုချစ်တယ်၊ ဒီဘဝမှာမင်းတစ်ယောက်တည်းကိုပဲ ချစ်တယ်” လို့”မင်းကိုတွေ့ဖို့လာခဲ့တာ” ဆိုပြီး ရေးသားထားပါတယ်။ shwekhitonlinetv.com

အိမ်ရှင်အမျိုးသီးရဲ့ပြောပြချက်အရတော့ သူမရဲ့အမျိုးသားဟာ တစ်ခြားမြို့တစ်မြို့မှာအလုပ်သွားရောက် လုပ်ကိုင်နေရသူဖြစ်ပြီး သူမအနေနဲ့လည်း ကလေးကျောင်းကိစ္စတွေအတွက် ကျောင်းကိုလိုက်သွားရလို့ တစ်ခါတစ်လေ အိမ်ကိုဘယ်သူမှ လူစောင့်မရှိဘဲပစ်ထားခဲ့ရတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

အဲ့ဒီအတောအတွင်း အိမ်ဟာ ဖောက်ထွင်းမှု (၄) ကြိမ်လောက် ပြုလုပ်ခံခဲ့ရတယ်လို့ဆိုပါတယ်။ တစ်နေ့ သူမအိမ်ပြန်ရောက်တော့ သပ်ရပ်တဲ့အိမ်က ဖရိုဖရဲဖြစ်နေပြီး အံဆွဲထဲက ID ကတ်တွေလည်း ပျောက်နေသလို ထမင်းပေါင်းအိုးထဲကထမင်းတွေယူစားထားပြီး မီးဖိုချောင်ထဲက ငါးနဲ့ ဘေကွန်တွေလည်း ပျောက်နေတယ်လို့ဆိုပါတယ်။ နောက်ပြီး ချိစ်ဘူးတွေလည်း ပွင့်နေသလို အအေးဘူးစတာတွေကို လည်း သောက်သုံးထားတာတွေ့ရတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

နောက်ပြီး အဲ့ဒီနေ့မှာလည်း သူခိုးကစာတစ်စောင်ချန်ထားခဲ့ကြောင်းပြောပါတယ်။ စာထဲမှာတော့ “ ဒီတစ်ကြိမ် မင်းနဲ့ အတူနေဖို့ စီစဉ်ခဲ့ပေမယ့် ရလဒ်က အမြဲတမ်း ရက်စက်ခဲ့တယ် ဒါကြောင့် တရုတ်ယွမ်ငွေ 100 ကျော် (ဟောင်ကောင်ဒေါ်လာ 119 ခန့်) ကို ယူပြီး ဘေဂျင်းကို ပြန်သွားပြီလို့ရေးသားထားပါတယ်။ နောက်ပြီးစာရွက်ပေါ်မှာ ဖုန်းနံပါတ်တစ်ခုနဲ့ “ငါ့တစ်သက်မှာ မင်းကို မိန်းမတစ်ယောက်ပဲ ချစ်ခဲ့တယ်! ငါ မင်းကို မိန်းမတစ်ယောက်ပဲ ချစ်ခဲ့တာ!” လို့လည်း စာရွက်မှာရေးသားထားခဲ့တယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

အိမ်ရှင် အမျိုးသမီးကတော့ စာရေးခဲ့တဲ့သူကို သူမအနေနဲ့ မသိရှိကြောင်း ပြတ်ပြတ်သားသားငြင်းဆိုခဲ့ပါတယ်။ ရဲတွေအနေနဲ့ စာရွက်ထဲမှာပါတဲ့ ဖုန်းကိုဆက်ကြည့်တော့လည်း ပေါက်ကရဖုန်းနံပါတ်တစ်ခုသာဖြစ်ပြီး သူခိုးကသူတို့ကို လှည့်စားထားတာဖြစ်ကြောင်းသိခဲ့ရပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့ ရဲတပ်ဖွဲ့ဟာ ဒီအမှုကိုဆက်လက်စုံစမ်းရင်းနောက်ဆုံးမှာတော့ အသက် (၃၃) နှစ်အရွယ် Luo ဆိုသူကို ဖမ်းဆီးမိခဲ့ပါတယ်။ Luo က သူဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အငယ်တန်းအလုပ်သမားအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး အဆိုပါအိမ်ကို (၁၀) ကြိမ်ထက်မနည်း ဖောက်ထွင်းဝင်ရောက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။ shwekhitonlinetv.com

Luo အနေနဲ့ ပြစ်မှုကျူးလွန်တဲ့အခါအမှာ အိမ်ပိုင်ရှင် လင်မယားဟာကွာရှင်းဖို့ လုပ်ဆောင်နေကြောင်းသိရပြီး အိမ်ပိုင်ရှင်အမျိုးသမီးရဲ့ ID ကတ်မှ ဓာတ်ပုံကိုတွေ့ပြီးနောက် တစ်ဖက်သား၏အိမ်ထောင်ရေးကို ဖျက်စီးရန် ရည်ရွယ်ချက်ဖြင့် သူဝတ်ထားတဲ့အဝတ်အစားများကို ချန်ထားခဲ့ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။ shwekhitonlinetv.com

စာထဲတွင် Luo ထားခဲ့တဲ့ ဘေဂျင်းသို့ သွားမည့် ခရီးစဉ်နဲ့ ဖုန်းနံပါတ်တွေဟာ လည်း ရဲများကို အတွေးရှုပ်ယှက်ခတ်စေဖို့ လုပ်ကြံဖန်တီးခဲ့တာဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်နောက်ဆုံးမှာတော့ သူတစ်ပါး အိမ်ထောင်ပြိုကွဲဖို့ အကွက်ကျကျဖန်တီးခဲ့တဲ့ သူခိုးဟာ တရားဥပေဒေရဲ့ စီရင်မှုကို ခံရတော့မှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။