Covid-19 ကင်းစင်သွားပြီလို့ ကြေညာနိုင်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံများ

တရုတ်နိုင်ငံဝူဟန်မြို့ကနေ စတင်ပြီး ကမ္ဘာတသ်လွှားကိုပျံ့နှံ့ခဲ့တဲ့ Coronavirus ဟာ လက်ရှိအချိန်မှာ (၇) ကျော်ကြာမြင့်ပြီဖြစ်ပေမယ့် ကူစက်ပြန့်ပွားမှုကတော့ သိသိသာသာ ကျဆင်းသွားခြင်းမရှိသေးပါဘူး။ ယနေ့ချိန်ထိ ရေားဂါကူးစက်ခံရသူဦးရေဟာ ကမ္ဘာတစ်ဝှမ်းမှာ (၇) သန်းကျော်ထိရှိနေပြီး ရောဂါကြောင့်သေဆုံးသူက (၄) သိန်းကျော်ပြီဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် အဆိုးထဲကအကောင်းဆိုသလိုပဲ ဒီနေ့တင်ဆက်ပေးချင်တဲ့အကြောင်းအရာလေးကတော့ အားလုံးအတွက် မင်္ဂလာရှိစေမယ်လို့ထင်ပါတယ်။ ဟုတ်ပါတယ် အခုဖော်ပြပေးချင်တာက Covid-19 ရောဂါကိုတိုက်ထုတ်နိုင်ခဲ့ပြီး Covid-19 ကင်းစင်တဲ့နိုင်ငံတွေအဖြစ် ကြေညာနိုင်ခဲ့တဲ့ နိုင်ငံတွေအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ နယူးဇီလန်

ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်အတွင်းမှာ Covid-19 ရောဂါကူးစက်ခံထားရတဲ့ နောက်ဆုံးလူနာ ဆေးရုံကဆင်းခဲ့ပြီးချိန်မှာတော့ နယူးဇီလန်နိုင်ငံဟာ အတားအဆီးတွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ကြေညာချက်မှာတော့ လက်ရှိအချိန်မှာ နယူးဇီလန်နိုင်ငံအနေနဲ့ Covid-19 ကူးစက်ခံရသူတစ်ဦးမှ မရှိတော့ဘူးလို့ဆိုခဲ့ပါတယ်။ အချက်အလက်တွေအရတော့ နယူးဇီလန်နိုင်ငံမှာ လူဦးရေ (၁၅၀၀) လောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး (၂၂) ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂။ တန်ဇန်နီးယား

အာဖရိကတိုက်က တန်ဇန်းနီးယား နိုင်ငံကလည်းပြီးခဲ့တဲ့ ဇွန်လ (၈) ရက်နေ့ကတည်းက ကိုရိုနာဗိုင်းရပ်စ်ကင်းစင်သွားပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ တန်ဇန်းနီးယားမှာတော့ ရောဂါကူးစက်ခံရသူဦးရေ (၅၀၀) ခန့်ရှိခဲ့ပြီး (၂၀) ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၃။ ဖီဂျီ

ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံငယ်လေးဖြစ်တဲ့ ဖီဂျီနိုင်ငံကလည်း ဇွန်လ ပထမပတ်ကတည်းက ကိုဗစ်ကင်းစင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကြေညာထားခဲ့တာဖြစ်ပါတယ်။ ရောဂါကူးစက်ခံရသူ (၁၈) ဦးစလုံးရောဂါပျောက်ကင်းပြီးဆးရုံကဆင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဝန်ကြီးချုပ် Frank Bainimanma ရဲ့တွစ်တာစာမျက်နှာမှာတော့ “ကျွန်တော်တို့နေ့စဥ် စစ်ဆေးမှုတွေကို တိုးမြှင့်ပြုလုပ်နေပေမယ့် ရောဂါပိုးရှိတဲ့ လူနာကို မတွေ့ရှိတာ ဒီနေ့အထိဆိုရင် (၄၅) ရက်ရှိပါပြီ။ နောက်ပြီးရောဂါကူးစက်ခံရသူတွေဟာလည်း အသေအပျောက်မရှိဘဲ အကုန်လုံးကျန်းမာစွာနဲ့ ဆေးရုံကဆင်းနိုင်ခဲ့ကြပါပြီ” လို့ရေးသားထားပါတယ်။ shwekhitonlinetv.com

၄။ ဗာတီကန်စီးတီး

ပုဒ်ရဟန်းမင်းကြီး နေထိုင်ပြီး လူဦးရေ (၁၀၀၀) တောင်မပြည့်တဲ့ ဗာတီကန်စီးတီးကတော့ ကူးစက်ခံရသူ (၁၂) ဦးသာရှိခဲ့ပြီး အားလုံးရောဂါပျောက်ကင်းခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ရောဂါ စတင်ကူးစက်ခံရတဲ့ မတ်လ ကတည်းက နိုင်ငံတွင်းအဝင်အထွက်တွေကို ပိတ်ခဲ့တာကြောင့် ကူးစက်ခံရတဲ့အရေအတွက် ထပ်မံမတိုးပွားလာတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ မွန်တီနီဂရိုး

ဥရောပဒေသက မွန်တီနီဂရိုးနိုင်ငံကတော့ ရောဂါကိုထိန်းချုပ််မှုအလွန်ကောင်းမွန်ခဲ့တဲ့နိုင်ငံဖြး်ပြီး မေလ (၂၅) ရက်နေ့ကတည်းက ကိုဗစ်ကင်းစင်တဲ့ နိုင်ငံအဖြစ်ကြေညာနိုင်ခဲ့တာဖြစ်ပါတယ်။ (၃၂၄) ဦးရောဂါကူးစက်ခံခဲ့ရပြီး (၉) ဦးသေဆုံးခဲ့ရတယ်လို့ မွန်တီနီဂရိုး အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်အရ သိရပါတယ်။ ဇွန်လ (၁) ရက်နေ့ကစပြီးနိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။ shwekhitonlinetv.com

၆။ ဆေချဲလ်

အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းနိုင်ငံဖြစ်တဲ့ ဆေချဲလ် နိုင်ငံကလည်း ကူးစက်ခံရသူ (၁၁) ဦးစလုံး ရောဂါပျောက်ကင်းခဲ့တဲ့ မေလ (၁၈) ရက်နေ့က စတင်ပြီး နောက်ထပ် ရောဂါပိုးတွေ့ရှိခြင်း မရှိတော့ဘူးလို့သိရပါတယ်။ မတ်လ (၈) ရက်နေ့မှာ အီတလီကနေ တစ်ဆင့် ဗိုင်းရပ်စ် စတင်ကူးစွခံခဲ့ရပေမယ့် ဧပြီ (၆) ရက်နေ့ထိကိုမှ ကူးစက်ခံရသူ (၁၁) ဦးပဲရှိခဲ့လို့ ရောဂါထိန်းချုပ််မှု နည်းဗျူဟာကောင်းမွန်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ချီးကျူးခံရတဲ့ နိုင်ငံငယ်လေးလဲဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ စိန့်ကစ်နှင့်နီဗစ်

ကာရစ်ဘီယံ ဒေသက လှပတဲ့ကျွန်းနိုင်ငံ ငယ်လေးကလည်း ကိုဗစ်ကူးစက်ခံရသူ (၁၅) ဦးစလုံး ရောဂါပျောက်ကင်းခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဇွန်လပထမပတ်မှာ အတားအဆီးတွေပြန်လည်ပယ်ဖျက်ပြီး ခရီးသွားလုပ်ငန်းတွေလည်း လည်ပတ်နေပြီဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၈။ အရှေ့တီမော

အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ အရှေ့တီမောကတော့ အင်ဒိုနီးရှားနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ် စပ်ကိုပိတ်ပြီးနောက်မှာ စုစုပေါင်း ရောဂါကူးစက်ခံရသူ (၂၄) ဦးရှိခဲ့ပါတယ်။ ဒါပေမယ့် မေလ (၁၅) ရက်နေ့မှာတော့ ကူးစက်ခံရသူတွေအားလုံးပြန်လည်ကျန်းမာလာပြီး ဆေးရုံကဆင်းနိုင်ခဲ့လို့ ကိုဗစ်ကင်းစင်တဲ့ နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ပါပူအာနယူးဂီနီ

ပထမဆုံးကိုဗစ်ကိုတွန်းလှန်နိုင်ခဲ့တဲ့ နိုင်ငံကတော့ ပါပူအာနယူးဂီနီဆိုတဲ့ ကျွန်းနိုင်ငံလေးပဲဖြစ်ပါတယ်။ ရောဂါကူးစက်ခံရသူ (၂၄) ဦးစလုံးအလျင်အမြန် ရောဂါပျောက်ကင်းခဲ့လို့ ပြီးခဲ့တဲ့ မေလ (၃) ရက်နေ့ကတည်းက ကိုဗစ်ကင်းစင်သွားတဲ့ နိုင်ငံအဖြစ်ကြေညာ နိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တာကတော့ Covid-19 ရောဂါလုံးဝကင်းစင်သွားတဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။ ဒီနိုင်ငံတွေထဲကအများစုဟာ လူဦးရေနည်းပါးတဲ့ နိုင်ငံတွေ ကျွန်းနိုင်ငံတွေဖြစ်လို့ ကန့်သတ်ပိတ်ပင်မှုတွေ အလွယ်တကူပြုလုပ် နိုင်ခဲ့ပြီး ရောဂါကို ထိန်းချုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ နောက်ထပ်လည်း ကိုဗစ်ကင်းစင်ကြောင်းအတည်ပြုလို့ရသလောက် ရှိနေတဲ့ နိုင်ငံလေးတွေလည်းရှိနေကြောင်း ဖော်ပြရင်း အဆုံးသတ်လိုက်ပါရစေနော် …… shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။