ဆိုရှယ်မီဒီယာနဲ့ ဆက်စပ်နေတဲ့ ထိတ်လန့်ဖွယ်သေဆုံးမှုများ

Advertisements

အရာရာမှာ ဖွံ့ဖြိုးတိုးတက်နေတဲ့ ယနေ့ခေတ်ကာလမှာတော့ Social Media ဆိုတာကလည်း လူသားတွေနေ့ နေ့စဥ်ထိတွေ့နေရတဲ့ ကဏ္ဍတစ်ခုဖြစ်လာပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက Social Media ဆိုတာ အလွယ်ပြောရရင် ကောင်းတဲ့ဘက်မှာ သုံးရင် ကောင်းသလို ဆိုးတဲ့ဘက််မှာ သုံးရင်လည်း ဆိုးတဲ့ အကျိုးတွေပေးနိုင်တဲ့ အရာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

မဟုတ်မဟတ်သတင်းမှားတွေကို ဖြန့်တဲ့သူကဖြန့် ယုံတဲ့သူကလည်းယုံနေလို့ ကြားကနေရင်းထို ရင်ရင်း အဆဲခံနေရတဲ့သူတွေလည်း Social Media ပေါ်မှာ တပုံတပင် တွေ့မြင်နိုင်ပါတယ်။ Social Media အကြောင်းပြောရင်တော့ ပြောလို့မကုန်နိုင်အောင်အကြောင်းအရာက များပြားလှတာမို့ ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကိုပဲ သွားလိုက်ကြရအောင်နော် …. shwekhitonlinetv.com

၁။ Kylie Jenner Challenge အလုပ်ကောင်းလို့ သေဆုံးခဲ့သူ

Kylie Jenner ဆိုတာကတော့ ဒီနေ့ခေတ်လူငယ်လူရွယ်တွေနဲ့ မစိမ်းတဲ့ ကမ္ဘာကျော်ဆယ်လီ တစ်ဦးပဲဖြစ်ပါတယ်။ အထူးသဖြင့် မိန်းကလေးတွေက Kylie ကို ပိုသိကြပြီး သူမရဲ့ နှုတ်ခမ်းကြောင့် ​ကျော်ကြားတယ်လိုလည်း ဆိုကြပါတယ်။ ဒါကြောင့် ဖန်ခွက်ကို ပါးစပ်နဲ့တေ့ပြီး မဟုတ်သုတ်ခလုပ်တဲ့ Challenge တစ်ခုကိုလည်း Kylie Jenner Challenge ဆိုပြီး ဘယ်သူကစတီထွင််မှန်းမသိ Youtube မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီ Challenge လုပ်အပြီးမှာ နှုတ်ခမ်းကြီးဖူးယောင်ပြီး ထော်လာတာကို ဟာသအနေနဲ့ ရိုက်ကူးပြီးတင်ထားတဲ့ Video တွေကို Youtube မှာ မြင်တွေ့နိုင်ပါတယ်။ shwekhitonlinetv.com

ဒီ Challenge နဲ့ပတ်သက်ပြီးကံဆိုးသွားတာကတော့ Natalie လို့ခေါ်တဲ့ အသက် (၁၉) နှစ်အရွယ်မိန်းကလေးတစ်ဦးပဲဖြစ်ပြီး မလုပ်တက်လုပ်တက်နဲ့ Challenge ကိုလိုက်လုပ်ရာကနေ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ယူဆရပါတယ်။သူမအလောင်းကိုသူ့မိဘတွေတွေ့ချိန်မှာ သူမရဲ့နှုတ်ခမ်းဟာ ကြောက်ဖို့ကောင်းလောက်အောင် အဆမတန်ကြီးနေပြီး လက်ထဲမှာလည်းဖန်ခွက်ငယ်တစ်ခုကိုင်ထားတယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

၂။ မကစားသင့်သည့် ကစားနည်းကိုစမ်းခဲ့သူ

၂၀၀၆ ခုနှစ်လောက်က Youtube မှာ ဂိမ်းကစားနည်းတစ်ခုလောက် လူ (၃၀) ကျော်လောက်သေဆုံးခဲ့ပြီဖြစ်တဲ့ အကြောင်း Video လေးတစ်ခုကို နောက်ထပ်မစမ်းဖို့ အသိပေးတားမြစ်တဲ့သဘော နဲ့ တင်ထားခဲ့ဖူးပါတယ်။ ဒါပေမယ့် လူဆိုတာကလည်း တားမြစ်ထားရင်ပိုလုပ်ချင်တက်တဲ့ သဘာဝရှိကြတယ်လေ။ shwekhitonlinetv.com

Choking Game လို့ အမည်ရတဲ့ ဒီဂိမ်းကမေ့ကြောကိုဖိထားပြီး ဦးနှောက်ကို အောက်စီဂျင် ခဏဖြတ်တောက်ကာ သတိလစ်အောင်လုပ်တဲ့ ကစားနည်းလည်းဖြစ်ပါတယ်။ Mason Bogard လို့အမည်ရတဲ့ ချာတိတ်တစ်ဦးက ၂၀၁၉ ခုနှစ်အတွင်းမှာ သူ့သူငယ်ချင်းတွေကို ဒီဂိမ်းလေးကစားဖို့ Challenge လုပ်ရင်း သူကိုယ်တိုင်ကစားပြခဲ့ပါတယ်။ အဲ့လိုကစားပြရင်းနဲ့ပဲ ရာသက်ပန် သတိပြန်မလည်လာတော့ဘဲ အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Selfie ဆွဲရင်းသေဆုံးခဲ့သည့် မိန်းမချောလေး

မိန်းကလေးအတော်များများအတွက်တော့ ခရီးသွားတယ်ဆိုတာ ဓာတ်ပုံရိုက်ဖို့လို့တောင် ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ခရီးသွားတဲ့ မိန်းကလေးတွေရဲ့ (၇၀) ရာခိုင်နှုန်းလောက်က ဓာတ်ပုံရိုက်ဖို့ ခရီးသွားကြတာဖြစ်ပါတယ်။ Madalyn Davis ဆိုတဲ့ ဒီမိန်းကလေးကတော့ သြစတြေးလျ နိုင်ငံကို အလည်ရောက်တုန်း Diamond Bay မှာ Selfie အဆွဲကောင်းလို့ ချောက်ထဲပြုတ်ကျပြီးသေဆုံးခဲ့ရတာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Fake Account ​ဖြင့်လူသတ်မှုကျူးလွန်စေသူ

Jenelle ဆိုတဲ့မိန်းကလေးဟာ Social Media ပေါ်က သူငယ်ချင်းတစ်ယောက်ကို Unfriend လုပ်မိပါတယ်။ အဆိုပါ Unfriend လုပ်ခံရတဲ့သူငယ်ချင်းက သူမကို ခြိမ်းခြောက်မှုတွေ (Cyberbullying) နေ့စဥ်နဲ့အမျှပြုလုပ်ပါသတဲ့။ ဒီလိုနဲ့ Jenelle ဟာ Pdycho ဝင်ပြီး ဒီကိစ္စကို သူ့မိဘတွေကိုပြောပြပြီး သူမရဲ့ Unfriend လုပ်ခြင်းခံရတဲ့ သူငယ်ချင်းကို သတ်ခိုင်းပါသတဲ့။ ဒါပေမယ့် သူ့အဖေကတော့ အခြေအနေကို စောင့်ကြည့်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Jenelle က CIA က Agent တစ်ယောက်အသွင်နဲ့ Fake Account တစ်ခုဖွင့်ပြီး သူမအဖေထံ စာတစ်စောင်ပို့ခဲ့ပါတယ်။ စာထဲမှာတော့ CIA Agent က “ခင်ဗျားသမီးရဲ့ ဘဝကအလွန် အန္တရာယ်များနေပြီ” လို့ရေးသားထားပါတယ်။ ဒီအချိန်မှာတော့ သူမရဲ့ဖခင်ဟာ သည်းမခံနိုင်တော့ဘဲ အဲ့သူငယ်ချင်းတစ်သိုက်ကို သတ်ပစ်လိုက်ပါတယ်။ ဒီအမှုကို CIA တောင်မျက်စိလည်သွားပြီး နှစ်ခါပြန်စစ်ဆေးခဲ့ရတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၅။ သတင်းအမှားကြောင့် အသက်ပေးခဲ့ရသူ

တစ်ခါတစ်လေ မှာ မစူးစမ်းမဆင်ခြင်တဲ့ လူတွေကြောင့် အပြစ်မဲ့သူတွေများစွာထိခိုက်ရတာကို ဒီဖြစ်ရပ်လေးက အကောင်းဆုံး သက်သေပြလို့နေပါတယ်။ အ​ပျော်သဘောနဲ့ ဖန်တီးခဲ့တဲ့ သတင်းအမှားတွေကြောင့် အပျက်သဘောဖြစ်ခဲ့ရတယ်ဆိုလည်းမမှားပါဘူး။ ဘရာဇီးနိုင်ငံက Fabiane Maria ဆိုတာ ကောင်းရောင်းကောင်းဝယ်လုပ်စားနေတဲ့ ကလေးနှစ်ယောက်ရဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူကဘယ်လို စပြီးဖွလိုက်သလဲမသိပါဘူး လူမှုကွန်ယက်စာမျက်နှာတွေမှာ သူ့ပုံကြီးနဲ့ “ကလေးတွေကို ညှဥ်းပန်းနှိပ်စက်သူ၊ စေတန်ကိုးကွယ်သူ စသဖြင့် မကောင်းတဲ့ လုပ်ရပ်တွေပြုလုပ်နေတဲ့ ဗီလိန်မကြီးအဖြစ်နာမည်ကြီးလို့နေပါတယ်။ ဒီလိုနဲ့တစ်ရက်မှာ သူအလုပ်ကပြန်လာချိန် လူတစ်စုနဲ့ဆုံပြီး အဲ့ဒီလူတွေက သူ့ကို အင်တာနက်ပေါ်က မိန်းမဆိုးကြီးမှန်း မှတ်မိသွားလို့ ရန်ရှာပြီး ဝိုင်းဝန်းထိုးနှက်ရာကနေ သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Cyber Bullying ရဲ့ နောက်ဆက်တွဲ ကိုယ့်ကိိုကိုယ်သေကြောင်းကြံမှု

Ryan Halligan လို့အမည်ရတဲ့ (၁၃) နှစ်သားလေးဟာ အွန်လိုင်းပေါ်မှာတော့ အခြောက်လို့ ကျောင်းကကောင်တွေရဲ့ စနောက်ခြင်းကို ခံနေရ​တဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။ နောက်တော့ အွန်လိုင်းကတစ်ဆင့် အပြင်လောကကို ကူးဆက်လာပြီး အနိုင်ကျင့်ပြုမူ ပြောဆိုတာတွေကို ခံခဲ့ရပါတယ်။ နောက်ဆုံး ဒီဒဏ်တွေကို မခံနိုင်တော့တဲ့ Ryan ဟာ ကိုယ့်ကိုကိုယ် ကြိုးဆွဲချသတ်သေသွားခဲ့ပါတယ်။ အမှန်တော့ ဒါဟာ ဘယ်သူ့အတွက်မှ ကောင်းကျိုးမရှိတဲ့ လုပ်ရပ်တစ်ခုရဲ့ ရင်နင့်ဖွယ် ဘေးထွက်ဆိုးကျိုးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ပါတီပွဲမှာသေဆုံးခဲ့တဲ့ ရွှေပွဲလာများ

ဒီဖြစ်စဥ်မှာတော့ ရုရှားက Follower ၁သန်းကျော် ပိုင်ဆိုင်ထားတဲ့ Influencer တစ်ဖြစ်လဲ ဆယ်လီမလေးတစ်ယောက်ရဲ့မွေးနေ့ပါတီကို လာရောက်တဲ့ ဧည့်သည်သူငယ်ချင်းမလေး (၃) ဦး ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပါတယ်။ သူတို့ (၃) ဦးဟာ ပါတီပွဲမှာ ရေကူးကန်အတွင်း ရေကူးနေစဥ် မတော်တဆဖြစ်ရပ်တစ်ခုကြောင့် အောက်စီဂျင်ပြတ်တောက်ပြီး သတိလစ်မေ့မျောရာကနေ သေဆုံးခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဟုတ်ကဲ့ ဒါကတော့ Social Media တွေနဲ့ပတ်သက်လို့ သေဆုံးသွားခဲ့ သူတွေအကြောင်းပဲဖြစ်ပါတယ်။ နောက်ထပ်လည်း ဒီထက်​ကောင်းမွန်မယ့် အကြောင်းအရာလေးတွေကိုရှာဖွေတင်ဆက်ပေးသွားပါဦးမယ်နော် … ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment