ကမ္ဘာပေါ်မှာရှိတဲ့ အထူးဆန်းဆုံးနဲ့ ပုံမှန်မဟုတ်တဲ့ ပြတိုက် ၁၀ မျိုး

ပြတိုက်တွေဟာ လူ့ယဥ်ကျေးမှု လူ့သမိုင်းနဲ့ ရိုးရာဓလေ့ထုံးတမ်းတွေကို ပြသနေလေ့ရှိတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ ပြတိုက်တိုင်းဟာတော့ သာမန်တွေ့ရိုးတွေ့စဥ် အကြောင်းအရာတွေကို တင်ဆက်ပြသနေတာ မဟုတ်ကြပါဘူး။ တချို့ပြတိုက်တွေဟာ ထူးဆန်းပြီး ပုံမှန်တင်ဆက်နေကြမဟုတ်တဲ့ အကြောင်းအရာတွေကို ပြသလေ့ရှိကြပါတယ်။ ဒါ့ကြောင့် ထူးထူးဆန်းဆန်းကြိုက်နှစ်သက်တတ်ကြတဲ့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ကမ္ဘာပေါ်မှာရှိတဲ့ ထူးဆန်းတဲ့ပြတိုက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ ရေပိုက်ခေါင်းပြတိုက် ( တရုတ်နိုင်ငံ ၊ ပေကျင်းမြို့ )

ပေကျင်းမြို့လည်ခေါင်မှာရှိတဲ့ ယခင်က ရေပိုက်ခေါင်းအိမ်ကို အခုခေတ်မှာတော့ ရေပိုက်ခေါင်းမျိုးစုံပြသတဲ့ ပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ရေပိုက်ခေါင်း ၁၃၀ ကို ပြသထားပြီး လူတို့ပြုလုပ်ထားတဲ့ ရေပိုက်ခေါင်းများနဲ့ မြို့တော်ရဲ့ ပထမဆုံးရေပိုက်မှ သောက်ရေထုတ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Jingshi Tap Water Company ရဲ့ ရှေးဟောင်းပစ္စည်းတွေကိုလည်း ပြသထားပါတယ်။ ဒါပေမယ့်လည်း ရေပိုက်ခေါင်းကနေ ကျဆင်းနေတဲ့ ရေတွေကို ကြည့်ပြီး ရေသောက်ချင်စိတ်မဖြစ်ဖို့တော့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပေကျင်းမြို့ခံတွေဟာ ရေပိုက်ခေါင်းကလာတဲ့ရေတွေကို သန့်ရှင်းတယ်လို့ မယူဆတာကြောင့် ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဆိုးဝါးလွန်းတဲ့အနုပညာတွေကို ပြသထားတဲ့ပြတိုက် ( အမေရိကန် )

ဆိုးဝါးလွန်းတဲ့ အနုပညာပြတိုက်ရဲ့ ပထမဆုံးတည်ထောင်သူကတော့ Scott Wilson ဖြစ်ပါတယ်။ သူဟာ ဆိုးဝါးလွန်းပြီး ဘယ်သူမှမလိုချင်လို့ စွန့်ပြစ်ထားတဲ့ Lucy in the Field with Flowers ဆိုတဲ့ ပန်းချီကားကို အမှိုက်တောင်းနားကနေ ကောက်ယူပြီးတဲ့နောက်မှာတော့ ဒီပြတိုက်ကို တည်ထောင်ဖို့အတွက် အကြံဥာဏ်ရရှိခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ ဆိုးဝါးလွန်းတဲ့ အနုပညာပြတိုက်ကို West Roxbury house ဆိုတဲ့အိမ်ရဲ့ မြေအောက်ခန်းမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ သူ့ရဲ့ ပြတိုက်ဖွင့်ရခြင်းရည်ရွယ်ချက်ကတော့ ဘယ်သူမှ အသိအမှတ်မပြုပဲ ပြသခြင်းမခံရတဲ့ ပန်းချီကားတွေကို ဂုဏ်ပြုဖို့အတွက်လို့ ဆိုပါတယ်။ ပုံမှာပြသထားတဲ့ ပန်းချီကားကတော့ ဆိုးဝါးလွန်းတဲ့အနုပညာပြတိုက်ကို ဖြစ်ပေါ်လာစေခဲ့တဲ့ Lucy in the Field with Flowers ဆိုတဲ့ ပန်းချီကားပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ခွေးလည်ပတ်ပြတိုက် ( အင်္ဂလန် )

သမိုင်းပညာရှင် John Hunt နဲ့ သူ့ရဲ့အမျိုးသမီးဖြစ်သူ Gertrude Hunt တို့ဟာ ပစ္စည်းစုဆောင်းရာမှာ စိတ်ထက်သန်သူတွေဖြစ်ကြပြီး များသောအားဖြင့် အနုပညာလက်ရာများနဲ့ ရှေးဟောင်းပစ္စည်းများကို စုဆောင်းလေ့ရှိကြပါတယ်။ John Hunt ရဲ့ အဓိကစုဆောင်းတဲ့ ပစ္စည်းများကတော့ ခေတ်အဆက်ဆက်မှာရှိတဲ့ ခွေးလည်ပတ်အမျိုးမျိုးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

John Hunt ဆုံးပါးသွားတဲ့ နောက်ပိုင်းမှာတော့ ဇနီးဖြစ်သူ Gertrude Hunt က အမှတ်တရအနေနဲ့ စုဆောင်းထားတဲ့ ခွေးလည်ပတ်အမျိုးမျိုးကို Leeds Castle Foundation မှာ ခင်းကျင်းပြသခဲ့ပါတယ်။ ပြသခဲ့တဲ့ ခွေးလည်ပတ်ပေါင်း ၆၀ ထက်မနည်းရှိပြီး များသောအားဖြင့် ၁၆ရာစုနဲ့ ၁၉ရာစုအတွင်းက ဥရောပတိုက်မှာအသုံးပြုခဲ့တဲ့ ခွေးလည်ပတ်တွေပဲ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ တခြားသောခွေးလည်ပတ်စုဆောင်းသူများကပါ သူတို့ရဲ့စုဆောင်းထားသမျှကို လာရောက်လှူဒါန်းခဲ့တဲ့အတွက်ကြောင့် ခွေးလည်ပတ်ပေါင်းများစွာ ပြသနိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

၄။ ဗြိတိသျှမြက်ရိတ်စက်ပြတိုက် ( အင်္ဂလန် )

မြက်ရိတ်စက်တွေရဲ့ ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်းတလျှောက်ကို လေ့လာချင်တယ်ဆိုရင်တော့ အင်္ဂလန်မှာရှိတဲ့ မြက်ရိတ်စက်ပြတိုက်ကို သွားရောက်လည်ပတ်သင့်ပါတယ်။ နေရောင်ခြည်စွမ်းအင်သုံး ပထမဆုံးစက်ရုပ်မြက်ရိတ်စက်အပါအဝင် ရှေးခေတ်သုံးမြက်ရိတ်စက်တွေကိုပါ ခင်းကျင်းပြသထားတာကို တွေ့ရမှာပါ။ ဗြိတိန်တော်ဝင်မင်းသား Charles နဲ့ မင်းသမီး Diana တို့ပိုင်ဆိုင်တဲ့ တော်ဝင်မြက်ရိတ်စက်တွေကနေစပြီး ကမ္ဘာ့စျေးအကြီးဆုံး မြက်ရိတ်စက်တွေပါ ပါဝင်ပါတယ်။ shwekhitonlinetv.com

၅။ ဆံပင်ပြတိုက် ( တူရကီနိုင်ငံ ၊ အာဗနိုစ်မြို့ )

အမျိုးသမီးအယောက်ပေါင်း ၁၆,၀၀၀ ကျော်ရဲ့ ဆံပင်တွေကို ခင်းကျင်းပြသထားတဲ့ ကမ္ဘာ့အကြီးမားဆုံးဆံပင်ပြတိုက်ပဲဖြစ်ပါတယ်။ အာဗနိုစ်မြို့လေးဟာ တူရကီနိုင်ငံအလယ်ပိုင်းမှာတည်ရှိတဲ့ မြို့ငယ်လေးတခုဖြစ်ပြီး ထူးဆန်းလှတဲ့ဆံပင်ပြတိုက်ကြောင့် လူသိများတဲ့ မြို့လေးဖြစ်ပါတယ်။ အဆိုပါဆံပင်ပြတိုက်ကို ပထမဆုံးတည်ထောင်တဲ့သူကတော့ အိုးလုပ်ငန်းလုပ်ကိုင်သူ တူရကီလူမျိုး Chez Galip ပဲဖြစ်ပါတယ်။ ပြတိုက်ကို Chez Galip ရဲ့ အိုးဆိုင် အောက်ထပ်မှာဖွင့်လှစ်ထားပါတယ်။ ဆံပင်ပြတိုက်ရဲ့ မျက်နှာကျက်နဲ့ နံရံတိုင်းမှာ Chez Galipရဲ့ အိုးဆိုင်ကို လာရောက်လည်ပတ်သူ အမျိုးသမီးအများစုရဲ့ ဆံပင်တွေကို ပြသထားပြီး ဆံပင်တိုင်းမှာ နာမည်နဲ့ လိပ်စာတွေကို တွဲချိတ်ထားပါတယ်။ shwekhitonlinetv.com

ဒီပြတိုက်လေးဖြစ်ပေါ်လာခဲ့တာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က Chez Galip ရဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသမီးလေးဟာ မြို့ငယ်လေးကနေ ထွက်ခွာသွားခဲ့တာကြောင့် Chez Galip ဟာအရမ်းကို ဝမ်းနည်းခဲ့ရပါတယ်။ ထို့နောက်မှာတော့ သူမကို အမှတ်ရစေဖို့အတွက် ဆံပင်အချို့ကို ဖြတ်ပြီး Chez Galip ကိုပေးခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Chez Galip ဟာသူ့ဆိုင်ကိုလာရောက်သူ အမျိုးသမီးများရဲ့ ဆံပင်များကို သူတို့ရဲ့နာမည် လိပ်စာနဲ့တကွ သိမ်းယူထားခဲ့ပြီး အခုချိန်မှာတော့ အကြီးမားဆုံးဆံပင်ပြတိုက်ကြီး ဖြစ်လာခဲ့ပါတော့တယ်။ shwekhitonlinetv.com

၆။ လိင်အင်္ဂါပြတိုက် ( အိုက်စ်လန် )

ထူးဆန်းပြီး ပေါက်ကရပြတိုက်တွေထဲမှာ အိုက်စ်လန်ရဲ့ လိင်အင်္ဂါပြတိုက်ကလည်း တခုအပါအဝင်ဖြစ်ပါတယ်။ သတ္တဝါအထီးတွေရဲ့ အမျိုးမျိုးသောလိင်အင်္ဂါများကို ပြသထားတဲ့ပြတိုက်ဖြစ်ပြီး အသေးဆုံး hamster လေးရဲ့ ၂ မီလီမီတာပဲရှိတဲ့ လိင်အင်္ဂါအသေးလေးကနေ ဝေလငါးကြီးတကောင်ရဲ့ ၁.၇ မီတာရှိတဲ့ လိင်အင်္ဂါထိ ပြသထားပါတယ်။ ပထမဆုံးအမျိုးသား လိင်အင်္ဂါအနေနဲ့ ၂၀၁၁ ခုနှစ်က အသက် ၉၅ နှစ်ရှိပြီဖြစ်တဲ့ အိုက်စ်လန်အမျိုးသားကြီးရဲ့ အင်္ဂါကိုပြသထားပါတယ်။ လိင်အင်္ဂါအမျိုးအစားပေါင်း ၂၇၆ ခုအထိရှိပြီး ညစ်ညမ်းတဲ့စိတ်ကူးများနဲ့ တည်ဆောက်ထားတဲ့ ပြတိုက်တော့ မဟုတ်ပါဘူးလို့ဆိုပါတယ်။ shwekhitonlinetv.com

၇။ အသင့်စားခေါက်ဆွဲခြောက်ဗူးပြတိုက် ( ဂျပန်နိုင်ငံ ၊ အိုဆာကာမြို့ )

အသင့်စားခေါက်ဆွဲခြောက်ဗူးတွေရဲ့ မူလအစပထမမြို့ဖြစ်တဲ့ အိုဆာကာမြို့မှာတည်ရှိတဲ့ ထူးထူးဆန်းဆန်းပြတိုက်တခုဖြစ်ပါတယ်။ ခေါက်ဆွဲခြောက်ပြတိုက်မှာတော့ အမျိုးမျိုးသော စိတ်ဝင်စားဖွယ်ရာများနဲ့ နာမည်ကြီးခေါက်ဆွဲခြောက်တွေရဲ့ နက်နဲလှတဲ့ ဗဟုသုတများကိုပါ လေ့လာနိုင်ပါတယ်။ အမျိုးအစားပေါင်း ၈၀၀ ကျော်ရှိတဲ့ ခေါက်ဆွဲခြောက်ဗူးတွေနဲ့ ပြုလုပ်ထားတဲ့ လှိုဏ်ခေါင်းပုံစံအမိုးတခုတည်ရှိပြီး အဆိုပါအမိုးခုံးဟာ ရာစုနှစ်တဝက်သက်တမ်းရှိတဲ့ ကမ္ဘာ့အစားအသောက်ယဥ်ကျေးမှုဆိုင်ရာသမိုင်းကြောင်းကို ပြသနေပါတယ်။ အသင့်စားခေါက်ဆွဲခြောက်ဗူးထုတ်လုပ်တဲ့ လုပ်ဆောင်မှုအဆင့်ဆင့်ကိုလည်း ထိုပြတိုက်မှာ လေ့လာနိုင်ပါတယ်။ ဒါတင်မကသေးပဲ ခေါက်ဆွဲခြောက်ပြတိုက်မှာ သင်ကိုယ်တိုင်ပြုလုပ်ထားတဲ့ ခေါက်ဆွဲခြောက်ကို ဗူးပုံစံအမျိုးမျိုးနဲ့လည်း ထုတ်လုပ်နိုင်ပါတယ်။ shwekhitonlinetv.com

၈။ အိမ်သာပြတိုက် ( အိန္ဒိယနိုင်ငံ ၊ ဒေလီမြို့ )

လွန်ခဲ့တဲ့နှစ်ပေါင်း ၄၅၀၀ လောက်က လူသားတွေအနေနဲ့ ဘယ်လိုအိမ်သာအမျိုးအစားကို အသုံးပြုခဲ့လဲဆိုတာ သိချင်တယ်ဆိုရင်တော့ အိန္ဒိယနိုင်ငံမှာရှိတဲ့ အိမ်သာပြတိုက်မှာ သွားရောက်လေ့လာနိုင်ပါတယ်။ အဆိုပါပြတိုက်မှာတော့ ရှားပါးလှတဲ့ အိမ်သာဆိုင်ရာ အချက်အလက်များ ၊ ဓာတ်ပုံများသာမက ရိုးရိုးရေလောင်းအိမ်သာများကနေစပြီး ဗစ်တိုးရီးယားဘုရင်မကြီးရေချိုးခန်းအတွင်းက အထက်တန်းကျကျ အိမ်သာများကိုပါ ပြသထားပါတယ်။ အလယ်ခေတ်အိမ်သာများ ၊ ရတနာသေတ္တာပုံစံအိမ်သာများ ၊ စာအုပ်စင်ပုံစံအိမ်သာများ အပါအဝင်စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ပြသထားတာကြောင့် ဗဟုသုတရသလို အပျင်းလည်းပြေစေမယ့် အိမ်သာပြတိုက်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ နိုင်ငံတကာစပိုင်ပြတိုက် ( အမေရိကန်နိုင်ငံ ၊ ဝါရှင်တန်ဒီစီ )

Jason Bourne ကနေပြီး James Bond ထိ ဘယ်လိုအလုပ်အကိုင်မျိုးကမှ စပိုင်လုပ်ငန်းလောက် အထာကျမယ်မထင်ပါဘူးနော်။ စပိုင်တွေရဲ့ အသွင်အပြင်နဲ့ လုပ်ဆောင်ချက်တွေဟာ ရုပ်ရှင်ဇာတ်လမ်းတွေထဲကနေပြီး အပြင်လက်တွေ့ကမ္ဘာအထိ သက်ရောက်မှုကြီးလှပါတယ်။ ဒီစပိုင်ပြတိုက်မှာတော့ လူတွေအနေနဲ့ လက်တွေ့ဘဝမှာ တွေ့မြင်ရဖို့မလွယ်ကူတဲ့ စပိုင်တို့ရဲ့ အသုံးအဆောင်ပစ္စည်းများကို ခင်းကျင်းပြသထားပါတယ်။ သမိုင်းကြောင်းတလျှောက်မှာ ပါဝင်ခဲ့ကြတဲ့ စပိုင်တွေရဲ့ အခန်းကဏ္ဍကို မြင်ယောင်နိုင်တဲ့အတွက် လာရောက်လည်ပတ်သူများအနေနဲ့ အသိပညာ ဗဟုသုတတိုးပွားစေတဲ့ ပြတိုက်လည်း ဖြစ်ပါတယ်။ ပြသထားတဲ့စပိုင်ပစ္စည်းများမှာတော့ နှုတ်ခမ်းနီပုံစံပြုလုပ်ထားတဲ့ ပစ္စတိုသေနတ်များ ၊ စပိုင်ကင်မရာများ ၊ စက်သေနတ်များနဲ့ ခေတ်မှီနည်းပညာများပါဝင်တဲ့ စပိုင်ကားများ ၊ အသံသွင်းစက်များ ကွယ်ဝှက်တပ်ဆင်ထားတဲ့ ရှုးဖိနပ်များ နဲ့ ပိုက်ဆံအတုများ စသည်တို့ပါဝင်ပါတယ်။ shwekhitonlinetv.com

၁၀။ ရေအောက်ပြတိုက် ( မက်စီကို )

မက်စီကိုနိုင်ငံ Cancún မြို့မှာတည်ရှိတဲ့ ရေအောက်ပြတိုက်ကတော့ မယုံနိုင်စရာမြင်ကွင်းနဲ့ ရင်သပ်ရှုမောဖွယ်ရာ တင်ဆက်မှုများကို ပြသနေတဲ့ ထူးဆန်းတဲ့ပြတိုက်တခုဖြစ်ပါတယ်။ ကြည်လင်နေတဲ့ ရေအောက်ပြတိုက်မှာတော့ ရုပ်ထုပေါင်း ၅၀၀ ကျော် အပါအဝင် ရေအောက်ပန်းပုလက်ရာများကို ရေအောက်ကြမ်းပြင်မှာ ခင်းကျင်းပြသထားပါတယ်။ အဆိုပါပြတိုက်ကို ဖောက်ထွင်းမြင်နေရတဲ့ မှန်အကြည်တွေနဲ့ ပြုလုပ်ထားတဲ့ သင်္ဘောများနဲ့ ကြည့်ရှုနိုင်သလို ရေငုတ်ပြီးလည်း ကြည့်ရှုနိုင်ပါတယ်။ ရေအောက်ပြတိုက်ဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံပညာရပ်နဲ့ အနုပညာတို့ ပေါင်းစပ်ထားတဲ့ အလှတရားကို ပြသနေတာ ဖြစ်သလို ကမ္ဘာပေါ်မှာလူတို့ပြုလုပ်ထားတဲ့ အကြီးမားဆုံးကျောက်တန်းအတုကို ပြသထားတဲ့ ပြတိုက်ဆိုလည်း မမှားပါဘူး။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။