ခိုးယူခံခဲ့ရတဲ့ ကမ္ဘာ့ဖလားကြီးကို ပြန်လည်ရှာဖွေပေးနိုင်ခဲ့တဲ့ သူရဲကောင်းခွေးကလေး

(၁၉၆၆) ခုနှစ် ကမ္ဘာ့ဖလားကို အင်္ဂလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရပြီး ဗိုလ်စွဲခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲမစတင်ခင်မှာ ထူးခြားတဲ့ဖြစ်ရပ်တစ်ခုကြောင့် အင်္ဂလန်တစ်နိုင်ငံလုံးနဲ့ တစ်ကမ္ဘာလုံးကဘောလုံးပရိသတ်တွေပါ ခေါင်းရှုပ်ခဲ့ရပါတယ်။ shwekhitonlinetv.com

အင်္ဂလန်ဟာ ပြည်သူတွေ၊ ဘောလုံးပရိသတ်တွေကို စိတ်ဓါတ်လှုံ့ဆော်နိုင်ဖို့ ပြိုင်ပွဲကြီး မကျင်းပခင် (၄) လ အလိုကတည်းက ဝက်မင်စတာနန်းတော်ရဲ့ ဗဟိုခန်းမကြီးမှာ တံဆိပ်ခေါင်းပြပွဲနဲ့အတူ ကမ္ဘာ့ဖလားကြီးကို ခင်းကျင်းပြသထားလိုက်ပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့ (၁၉၆၆) ခုနှစ် မတ်လ (၂၀) ရက်နေ့မှာ ကမ္ဘာ့ဖလားကြီးဟာ နေ့ခင်းကြောင်တောင်ကြီး ထူးထူးဆန်းဆန်းပျောက်ဆုံးသွားပါတယ်။ လုံခြုံရေး (၆) ယောက်လောက်ကိုရှောင်တိမ်းပြီး ခိုးသူက ခိုးယူသွားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ပြိုင်ပွဲစတင်ဖို့ကလည်းနီးကပ်နေပြီဖြစ်တာကြောင့် ပျောက်ဆုံးသွားခဲ့တဲ့ ဖလားကြီးကို ပြန်တွေ့ဖို့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေ၊ ရဲတွေ၊ စုံထောက်တွေ အမျိုးမျိုး ကြိုးစားခဲ့ကြပါတယ်။ shwekhitonlinetv.com

နည်းလမ်းပေါင်းစုံ ကြိုးစားပြီး မအောင်မြင်တဲ့အခါ တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေအနေနဲ့ ၁၉၃၀ ခုနှစ်ကတည်းက စတင်ချီးမြှင့်လာတဲ့ ဂျူးရီးမတ်စ်ကမ္ဘာ့ဖလားကြီးကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီလို့ ယူဆလိုက်ကြပြီး အသစ်ပြန်လည်ပြုလုပ်ရတော့မယ်လို့ သာထင်ခဲ့ကြပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် မတ်လ (၂၇) ရက်နေ့မှာတော့ မထင်မှတ်ထားဘဲပျောက်ဆုံးနေတဲ့ကမ္ဘာ့ဖလားကို ပြန်ရှာတွေ့ခဲ့ပါတယ်။ ရှာတွေ့ခဲ့တဲ့သူက လူသားတစ်ဦးမဟုတ်ဘဲ ခွေးကလေးတစ်ကောင်ဖြစ်နေပါတယ်။ shwekhitonlinetv.com

ပစ်ကယ်လို့အမည်ရတဲ့ အသက် (၄) နှစ်အရွယ် ခွေးလေးဟာ သခင်ဖြစ်သူ ဒေးဗစ်ကော်ဘတ်နဲ့ လမ်းလျှောက်ထွက်ရင်း လမ်းဘေးမှာ သတင်းစာစက္ကူနဲ့ ထုပ်ပြီး ပစ်ချထားတဲ့ ကမ္ဘာ့ဖလားကြီးကို ပြန်ရှာတွေ့ခဲ့တာပါ။ shwekhitonlinetv.com

ဒီအဖြစ်အပျက်ကြောင့် ဒေးဗစ် ကော်ဘတ်ကို ရဲအဖွဲ့က သံသယစာရင်းထဲ ထည့်ခဲ့ပေမယ့် ခွေးလေးပစ်ကယ်ကတော့ နေ့ချင်းညချင်း ကမ္ဘာကျော်သွားပါတော့တယ်။ shwekhitonlinetv.com

အဲဒီနှစ် ကမ္ဘာ့ဖလားကိုတော့ အိမ်ရှင်အင်္ဂလန်အသင်းက ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးနိုင်ခဲ့ပြီး သူတို့ရဲ့ ဂုဏ်ပြုပွဲမှာ ခွေးလေးပစ်ကယ်ကိုလည်း ဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့ပါတယ်။ shwekhitonlinetv.com

ဒါ့အပြင် ခွေးလေးပစ်ကယ်ကို ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံပေးအပ်ခဲ့ပြီး ရုပ်သံဇာတ်လမ်းတွေမှာလည်း ပါဝင်သရုပ်ဆောင်ခွင့် ရခဲ့ပါတယ်။ သူ့ရဲ့သခင်ဖြစ်သူ ကော်ဘတ်လည်း ဆုငွေ ပေါင်ငါးထောင်လောက် ရခဲ့ပြီး နောက်တနှစ်မှာ ကိုယ်ပိုင် အိမ်တလုံးဝယ်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

ဒါကတော့ ကမ္ဘာ့ဖလားသမိုင်းကြောင်းထဲက ထူးထူးခြားခြား အမှတ်ရစရာကောင်းတဲ့ တစ်ကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။