ကမ္ဘာပေါ်မှာမှီတင်းနေထိုင်ကြတဲ့ သက်ရှိသတ္တဝါတွေဟာမျိုးစိတ်တစ်ခုနဲ့တစ်ခုရှင်သန်နေထိုင်နိုင်တဲ့ သက်တမ်းအားဖြင့်မတူညီကြပါဘူး။ တစ်ချို့မျိုးစိတ်တွေက နှစ်ပေါင်းရာချီ ရှင်သန်နေထိုင်နိုင်ကြပေမယ့် တစ်ချို့မျိုးစိတ်တွေကတော့ သက်တမ်းအားဖြင့် ရက်ပိုင်းလောက်ပဲရှင်သန်နိုင်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ကမ္ဘာပေါ်မှာသက်ဆိုင်ရာမျိုးစိတ်အလိုက် သက်တမ်းအတိုတောင်းဆုံး သက်ရှိ (၇) မျိုးအကြောင်းဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com
၇။ Bernese Mountain Dog

ဆွစ်ဇာလန်နိုင်ငံမျိုးရင်းဖြစ်တဲ့ Bernese Mountain Dog လေးတွေကတော့ ခွေးမျိုးစိတ်တွေအားလုံးထဲမှာ သက်တမ်းအတိုဆုံးမျိုးစိတ်ဖြစ်ပါတယ်။ သူတို့အနေနဲ့ အများဆုံးအဖြစ်သက်တမ်း (၅.၇) နှစ်လောက်ထိသာ ရှင်သန်နေထိုင်နိုင်ကြပါတယ်။ shwekhitonlinetv.com
၆။ Paedophryne Amanuensis

ပါပူအာနယူးဂီနီနိုင်ငံရဲ့ အရှေ့ပိုင်းမှာတွေ့ရတက်တဲ့ အလွန်သေးငယ်တဲ့ Paedophryne Amanuensis ဖားမျိုးစိတ်လေးတွေကတော့ အရွယ်အစားအားဖြင့် (ဝ.၃၀) လက်မလောက်ပဲကြီးထွားကြသလို သက်တမ်းအားဖြင့်လည်း (၁) နှစ်သာသာပဲအများဆုံး ရှင်သန်နိုင်ကြပါတယ်။ shwekhitonlinetv.com
၅။ Giant Sunda Rat

ကမ္ဘာပေါ်မှာရှိတဲ့နို့တိုက်သတ္တဝါတွေရဲ့ တစ်ဝက်လောက်ကတော့ကြွက်တွေဖြစ်ပါတယ်။ ကြွက်တွေဟာမျိုးပွားနှုန်းမြန်ဆန်လှတဲ့ နို့တိုက်သတ္တဝါတွေဖြစ်ပြီး နေရာဒေသမရွေးရှင်သန်နေထိုင်နိုင်တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့သက်တမ်းအရမ်းမရှည်တာက ကမ္ဘာကြီးကိုကြွက်တွေလွှမ်းမိုးမယ့်ဘေးကနေ ကင်းဝေးစေတာပဲဖြစ်ပါတယ်။ သာမန်တွေ့နေကြကြွက်မျိုးစိတ်တွေကတော့ သက်တမ်းအားဖြင့် နှစ်အနည်းငယ်ရှင်သန်နေထိုင်နိုင်ပေမယ့် Giant Sunda Rat လို့ခေါ်တဲ့ကြွက်ကြီးတွေကတော့ (၆) လကနေ (၁) နှစ်လောက်ထိပဲသက်တမ်းရှည်ကြပါတယ်။ shwekhitonlinetv.com
၄။ Labord’s Chameleon

အာဖရိကတိုက်ရဲ့ မာဒါဂတ်စကာကျွန်းမှာတွေ့ရတက်တဲ့ Labord’s Chameleon ကတော့ ပုတ်သင်အနွယ်ဝင် သတ္တဝါလေးတွေဖြစ်ပါတယ်။ ဒါပေမယ့်သူတို့ရဲ့သက်တမ်းကတော့ အလွန်တရာမှတိုတောင်းလှပြီး လေးလ ကနေ ငါးလလောက်သာရှင်သန်နေထိုင်နိုင်ကြပါတယ်။ ပုတ်သင်အနွယ်ဝင်ထဲမှာတော့ သက်တမ်းအတိုဆုံးမျိုးစိတ်လို့ဆိုနိုင်ပါတယ်။ shwekhitonlinetv.com
၃။ American Copper

American Copper လို့ ဇီဝအမည်ရှိတဲ့ ဒီလိပ်ပြာကလေးတွေကတော့ ရှိရှိသမျှလိပ်ပြာမျိုးစိတ်တွေထဲမှာ သက်တမ်းအားဖြင့်အတိုဆုံးလိပ်ပြာကလေးတွေဖြစ်ကြပါတယ်။ သူတို့ဟာ ပိုးတုံးလုံးဘဝကိုပါထည့်တွက်မှ စုစုပေါင်း ရက်သတ္တပတ် (၂) ပတ်ကျော်လောက်ပဲရှင်သန်နိုင်ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Sign Eviota

အင်ဒို-အနောက်ပစိဖိတ်အပူပိုင်းရေပြင်တစ်လျှောက် နေထိုင်ကျက်စားကြတဲ့ Sign Eviota
ငါးကလေးတွေကတော့ ပျမ်းမျှအားဖြင့် သက်တမ်း (၅၉) လောက်ပဲရှင်သန်နိုင်ကြတဲ့ငါးကလေးတွေဖြစ်ပါတယ်။ သူတို့ဟာ သန္တာကျောက်တန်းတွေမှာနေထိုင်ကြပြီး တစ်ခါဥချရင် အကောင် (၄၀၀) နီးပါးပေါက်လေ့ရှိတဲ့ ငါးကလေးတွေဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ Mayfly

ကမ္ဘာပေါ်မှာရှိရှိသမျှ သတ္တဝါတွေထဲမှာသက်တမ်းအားဖြင့်အတိုတောင်းဆုံး သတ္တဝါကတော့ Mayfly လို့ခေါ်တဲ့ အင်းဆက်လေးတွေပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိသမျှ သက်ရှိသတ္တဝါတွေထဲမှာ သက်တမ်းအားဖြင့် (၂၄) နာရီပဲရှင်သန်နိုင်တဲ့ Mayfly တွေဟာ သက်တမ်းအဆိုဆုံးသက်ရှိတွေဖြစ်ကြောင်းဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။
Be the first to comment