ပေါက်ကရ ပုံစံတွေကြောင့် အသုံးပြုဖို့ အဆင်မပြေတော့တဲ့ ကုန်ပစ္စည်းများ

အခုတစ်ခါမှာတော့ ပရိသတ်ကြီးကို ပြောပြပေးချင်တဲ့ အကြောင်းအရာလေးတစ်ခု ရှိလို့နေပါတယ်။ ဒါကတော့ ကုန်ပစ္စည်းတွေအတွက် အိုင်ဒီယာ စဉ်းစားတာ များသွားလို့ ဗရုတ်သုတ်ခ ဖြစ်သွားရတဲ့ ဒီဇိုင်းတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဘယ်လို ပေါက်တက်ကရ ဒီဇိုင်းတွေဖြစ်မလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ ဂွကျနေတဲ့ လက်ကိုင်ကွင်း

ဒီပုံမှာတော့ ကော်ဖီခွက်လေးက ချစ်စရာကောင်းပေမယ့်လည်း လက်ကိုင်နေရာမှာတော့ တော်တော်လေးကို ဂွကျလို့နေပါတယ် ။ လက်ကိုင်ကွင်းနေရာက လက်သန်းနဲ့ တောင် ချိတ်မရလို့ ဒီကော်ဖီခွက်နဲ့ သောက်မယ်ဆိုရင် ကော်ဖီအေးတဲ့အထိ စောင့်ပြီးသောက်မှ အဆင်ပြေမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ မကောင်းတာကိုမှ သုံးမိသူ

National Geographic မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ပလက်စတစ်တွေ ရဲ့ အန္တရာယ်ဘယ်လောက်တောင် ကြီးမားလဲဆိုတာ ပြောပြထားတာပါတယ် ။ ဒါပေမယ့် ဒီစာအုပ်ကို အိမ်လာပို့တဲ့အခါမှာတော့ ပုံမှာ မြင်ရတဲ့အတိုင်း ပလက်စတစ်အိတ်ကလေးနဲ့ ထုတ်ပိုးပြီး လာပေးသွားတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ မှားယွင်းတဲ့ ပန်းချီဒီဇိုင်း

ဒီပုံကတော့ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် မှုခင်းဖြစ်ပွားတဲ့ နေရာလို့တောင် ထင်ချင်စရာပါ ။ တစ်ကယ်ကတော့ ဆေးရုံတစ်ခုရဲ့ လျှောက်လမ်းမှာ ဆွဲထားတဲ့ ပန်းချီပုံစံပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ မလိုတာကို ထည့်ထားသူ

တစ်ချို့အိမ်တံခါးတွေမှာ အပြင်ကဘယ်သူလာလဲဆိုတာ သိအောင်လို့ peephole လေးတွေ ထားလေ့ရှိပါတယ် ။ ဒါပေမယ့် ပုံထဲက တံခါးမှာတော့ မှန်ချပ်တစ်ခုရှိနေတာတောင်မှ peephole လေးတစ်ခု ထားပေးထားလို့ ဘယ်လိုစိတ်ကူးနဲ့ ထည့်ပေးထားလဲဆိုတာ စဉ်းစားချင်စရာပါ ။ shwekhitonlinetv.com

၅။ ဆေးထိုးထားတဲ့ ဆိုင်းဘုတ်

တစ်ခါတစ်လေ အပြင်ရောက်တုန်း အိမ်သာတက်ချင်လို့ ဆိုင်းဘုတ်သေချာ မကြည့်နိုင်တဲ့သူတွေဆိုရင် အခုပုံထဲက အိမ်သာနဲ့ဆို ပြသနာတက်သွားနိုင်ပါတယ် ။ ဖြစ်ပုံကတော့ အပေါ်မှာပြတဲ့ ကျား/မ ဆိုင်းဘုတ်နဲ့ အဝင်ဝမှာ ပြထားတဲ့ ပုံစံက ပြောင်းပြန်ဖြစ်နေလို့ အိမ်သာထဲဝင်ခါနီး ဘယ်ဟာအမှန်လဲဆိုတာ ခေါင်းခြောက်အောင် စဉ်းစားမိနေမှာပါ ။ shwekhitonlinetv.com

၆။ မျက်လုံးကို ဒုက္ခပေးတဲ့ ခွက်

ဒီခွက်ကလေးကတော့ အပြင်ပန်းကြည့်လိုက်ရင် တစ်ကယ့်ကို လှပလွန်းတဲ့ ခွက်ကလေး တစ်ခွက်ပါပဲ ။ ဒါပေမယ့် တစ်ကယ်တမ်း သောက်ကြည့်လိုက်မယ်ဆိုရင်တော့ ပုံထဲမှာ မြင်ရတဲ့အတိုင်း မျက်စိနှစ်လုံးကို အကြီးအကျယ် ဒုက္ခပေးနိုင်တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ အမျိုးသမီးအသုံးအဆောင်ပုံစံ ရေမြုပ်

အမှတ်တမဲ့ ကြည့်လိုက်ရင် မိန်းကလေး အသုံးဆောင် ပစ္စည်းတစ်ခုလို့တောင် ထင်သွားချင်စရာပါ ။ ဒါပေမယ့် တစ်ကယ်ရောင်းနေတာက ရေကူးကန်တွေမှာ အေးဆေးအနားယူလို့ရတဲ့ ရေမြုပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်တစ်ခါတစ်လေကျ ဒီဇိုင်းအထွင်လွန်သွားရင် ဘေးလူတွေကို မျက်စိပြူးသွားစေနိုင်ပါတယ်နော် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ဒီဇိုင်း အထွင်လွန်သွားလို့ ပေါက်တက်ကရ ဖြစ်သွားတဲ့ ကုန်ပစ္စည်းတွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေ ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Be the first to comment

Leave a Reply