သာမန်ထက် ထူးခြားစွာ ဖန်တီး တည်ဆောက်ထားတဲ့ နာမည်ကြီး အဆောက်အအုံများ

Shwe Khit ပရိသတ်ကြီးကို အခုတစ်ခါမှာတော့ ကမ္ဘာကြီးပေါ်က ထူးထူးဆန်းဆန်း တည်ဆောက်ထားတဲ့ အဆောက်အအုံတွေအကြောင်း ပြောပြပေးချင်ပါတယ်။ သာမန်တည်ဆောက်ရေးတွေကနေ ခွဲထွက်ပြီး အမြင်တစ်မျိုးဖြစ်အောင် ဆောက်လုပ်ထားလို့ ဘယ်လို ဖြစ်နေမလဲဆိုတာ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ Metal wires တွေနဲ့ တည်ဆောက်ထားတဲ့ ဘုရားကျောင်း

ပုံထဲက ဘုရားကျောင်းကို အမှတ်တမဲ့ ကြည့်လိုက်မယ်ဆိုရင် အကြီးကြီး ဖြစ်နေတယ်လို့တောင် မြင်ယောင် မိသွားမှာပါ ။တစ်ကယ်တမ်းမှာတော့ သာမန်ပုံစံ အရွယ်အစားလောက်သာ ဖြစ်ပြီး အမြင်ဆန်းသွားအောင်လို့ Metal wires တွေနဲ့ တည်ဆောက်ထားခဲ့တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ခရစ်တကယ်ပုံစံ ဘုရားကျောင်း

အခုမြင်နေရတဲ့ ဘုရားကျောင်းကိုလည်း အမြင်နှစ်ခွဖြစ်အောင် တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ဘုရားကျောင်းရဲ့ အတွင်းပိုင်း တစ်နေရာလုံးကို ခရစ်စတယ်တွေနဲ့ တည်ဆောက်ထားတယ်လို့ ထင်သွားမှာပါ ။ တစ်ကယ်တမ်းမှာတော့ အုတ်နဲ့တည်ဆောက်ထားတာဖြစ်ပြီး မီးအလင်းရောင်နဲ့ ဆေးရောင်ကြောင့် ခရစ်စတယ် ပုံစံမျိုး ဖြစ်နေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ အရည်ပျော်ကျနေတဲ့ အဆောက်အဦး

ဒီအဆောက်အဦးကိုကြည့်လိုက်ရင် အရည်ပျော်ကျနေတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ မြင်သာအောင် ဒီဇိုင်းဖန်တီးပြီး ဆောက်လုပ်ထားတာပဲ ဖြစ်ပါတယ် ။ နောက်ပြီး ဒီအဆောက်အဦးဟာ ကမ္ဘာ့ဒီဇိုင်းအကောင်းဆုံး စာရင်းထဲမှာလည်း ပါဝင်ခဲ့ပါသေးတယ် ။ shwekhitonlinetv.com

၄။ မျိုးစေ့ဘဏ် အဆောက်အဦး

ဒါကတော့ ကမ္ဘာအနှံ့က အပင်တွေရဲ့ မျိုးစေ့တွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အဆောက်အဦးရဲ့ ပုံစံက အမြင့်ကနေ မြေအောက်ခြေအထိ ဆောက်လုပ်ထားတာ ဖြစ်ပြီး နော်ဝေးနိုင်ငံနဲ့ မြောက် ဝင်ရိုးစွန်းကြားမှာ တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ခြင်းတောင်း အဆောက်အဦး

အမေရိကန်နိုင်ငံ အိုဟိုင်းယိုး ပြည်နယ်မှာ ရှိတဲ့ ဒီ ခြင်းတောင်း အဆောက်အအုံကြီးဟာ မြင်သူတိုင်းကို အံ့အားသင့်သွားစေမိမှာပါ ။ Longaberger Company က ဒီဇိုင်းဆွဲ တည်ဆောက်ပေးထားတာ ဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ ဒီအဆောက်အအုံကြီးကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ shwekhitonlinetv.com

၆။ တော်တွင်း လေဆိပ်

အခုတွေ့နေရတာကတော့ တောတွင်းပုံစံမျိုး တည်ဆောက်ထားတဲ့ စင်ကာပူနိုင်ငံက ချန်ဂီလေဆိပ်ပဲ ဖြစ်ပါတယ်။ အသစ်ပြန်လည်တည်ဆောက်ထားတဲ့ ချန်ဂီလေဆိပ်ရဲ့ ကုန်ကျစရိတ်ဟာ အမေရိကန် ဒေါ်လာ ၁. ၂၅ ဘီလီလျံ ကုန်ကျခဲ့ပါတယ်။ ဒီလေဆိပ်ကို ဒီဇိုင်းဆွဲထားသူက Moshe Safdie ဖြစ်ပြီး ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ အချိန်ယူ တည်ဆောက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာတစ်ဝှမ်းက ထူးခြားဆန်းပြားလှတဲ့ အဆောက်အအုံ ဒီဇိုင်းတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း ထူးဆန်းတဲ့ အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့ လို့Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။