စာသင်ခန်းထဲမှာ စိတ်ကူးကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ အရာလေးများ

အခုတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ စာသင်ခန်းတစ်ချို့မှာ ဖန်တီးထားတဲ့ ထူးထူးဆန်းဆန်း လက်ရာတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ကျောင်းသားတွေ ကျောင်းနေပျော်အောင် ဘယ်လိုမျိုးထားပေးထားလဲဆိုတာ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁။ သင်္ချာစာသင်ခန်း ရှေ့က စက်ဝိုင်းခြမ်း

အခုမြင်နေရတဲ့ သင်္ချာစာသင်ခန်း တံခါးရှေ့မှာ ဆွဲထားတဲ့ စက်ဝိုင်းခြမ်း ဒီဇိုင်း ပုံစံပဲ ဖြစ်ပါတယ်။ သင်္ချာစာသင်ခန်းမှန်းသိသာစေရန် ဒီလိုမျိုး အိုင်ဒီယာနဲ့ ဒီဇိုင်းဆွဲပေးထားတဲ့သူရဲ့ စိတ်ကူးကတော့ တစ်ကယ့်ကို လေးစားစရာပါပဲ ။ shwekhitonlinetv.com

၂။ Calculator မပျောက်စေဖို့

ဒါကတော့ ကျောင်းတစ်ကျောင်းမှာ ကျောင်းသားတွေ သုံးဖို့ပေးထားတဲ့ Calculator ပဲ ဖြစ်ပါတယ်။ ဘယ်လို ဖြစ်လို့ Calculator ကို သစ်သားပြားနဲ့ ကပ်ထားပေးတာလဲဆိုရင် ကျောင်းသားတွေက အိမ်ကို ယူသွားပြီး ပြန်မယူလာလို့ အခုလို ထားပေးတာ ဖြစ်ပါတယ်တဲ့ ။ shwekhitonlinetv.com

၃။ မဆူညံစေဖို့

နာမည်ကြီး ကျောင်းတစ်ခုရဲ့ စာကြည့်တိုက်ထဲမှာ ပုံထဲက မြင်ရတဲ့ noise-level guides ဆိုတဲ့ စက်ကလေးကို ထားပေးထားပါတယ် ။ ဒီစက်အလုပ်လုပ်ပုံကတော့ စာကြည့်တိုက်ထဲက အသံဆူညံတာပေါ်မူတည်ပြီး အရောင်ပြောင်းကာ သတိပေးတာပဲ ဖြစ်ပါတယ်။ အသံအရမ်းဆူနေပြီဆိုရင် အနီရောင်ပြောင်းကာ သတိပေးမှာ ဖြစ်ပြီး အစိမ်းရောင်ဆိုရင်တော့ ပုံမှန်တိတ်တိတ်ဆိတ်ဆိတ် ရှိနေလို့ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ စကိတ်တွေ မပျောက်စေဖို့

အလယ်တန်းကျောင်းတစ်ခုမှာ စကိတ်စီးပြီး ကျောင်းလာတက်တဲ့ ကလေးတွေ အတွက် အဆင်ပြေစေရန် စကိတ်ထားတဲ့ Locker လေးတွေ ထားပေးထားတာပဲ ဖြစ်ပါတယ်။ ကလေးတွေ အတွက် အခုလိုမျိုး အသေးစိတ်က အစ စဉ်းစားပေးတတ်တဲ့ စိတ်ကူးကတော့ တစ်ကယ်ကို ကောင်းမွန်လွန်းလှပါတယ် ။ shwekhitonlinetv.com

၅။ မေ့ကျန်ခဲ့လဲ ပူစရာမလို

နောက်တစ်ပုံကတော့ စာသင်ကျောင်းတစ်ခုမှာ စာရေးကရိယာတွေ ရောင်းတဲ့ Vending – machine လေးတစ်ခု ထားပေး ထားပါတယ် ။ တစ်ကယ်လို့ စာမေးပွဲဖြေတဲ့နေ့မှာ စာရေးကရိယာ မေ့ကျန်တတ်တဲ့ သူတွေ အဖို့ စိတ်ပူစရာမလိုပဲ ကျောင်းက ဒီစက်လေးထဲကနေ အလွယ်တကူ ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ အပေါ်စီးက မြင်စေဖို့ မှန်

အချက်အပြုတ် သင်တန်းတစ်ခုမှာ ဆရာရဲ့ စားပွဲအပေါ်က မျက်နှာကျက်မှာ မှန်အကြီးကြီး တစ်ခုထားပေးထားပါတယ်။ ကျောင်းသားတွေဟာ ဒီမှန်ကနေ တစ်ဆင့် ဆရာ ဘာတွေလုပ်နေလဲဆိုတာ အကုန်လုံး မြင်ရမှာပဲ ဖြစ်ပါတယ် ။ ဒီစာသင်ခန်းကတော့ တော်တော်လေးထူးခြားနေတာ အမှန်ပါပဲ ။ shwekhitonlinetv.com

၇။ လျှောစီးပြီး အောက်ထပ်ဆင်းမယ်

ဂျာမနီနိုင်ငံ မြူးနစ်မြို့က နည်းပညာ တက္ကသိုလ်တစ်ခုမှာ လှေကားဆင်းရမှာ မကြိုက်တဲ့ ကျောင်းသားတွေ တွက် အခုလိုမျိုး Slides လေးတစ်ခု လုပ်ပေးထားပါတယ်။ တစ်ကယ်လို့ သင်ဟာ အောက်ထပ်ကို လှေကားကနေ မဆင်းချင်ဘူးဆိုရင် ဒီ Slides လေးက နေ အသာလေး လျှောစီးပြီး သွားလိုက်ယုံပါပဲ ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ နိုင်ငံအချို့က စာသင်ခန်းတွေမှာ အိုင်ဒီယာကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ လက်ရာတစ်ချို့ကို စုစည်းဖော်ပြပေးတာပဲ ဖြစ်ပါတယ် ။နောက်ပိုင်းတွေမှာလည်း ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ဆက်ပေးမှာမို့လို့ Shwe Khit ကိုစောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်… shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။