တစ်ခြားကမ္ဘာက သက်ရှိတွေလို့တောင် အထင်မှားသွားစေနိုင်တဲ့ အကောင်လေးများ

အခုဖော်ပြပေးမှာကတော့ အပြင်လောက မှ ပုံပန်းသဏ္ဍာန်ထူးခြားတဲ့ အကောင်လေးတွေ အကြောင်း ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ် ။ သူတို့လေးတွေရဲ့ ပုံစံက ထူးခြားလွန်းလို့ တစ်ခြား ကမ္ဘာက အကောင် များလားလို့တောင် အထင်မှားသွားစေနိုင်ပါတယ် ။ တစ်ကယ်ရော ပုံစံက ထူးခြားရဲ့လားဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်ပြီး ဆုံးဖြတ်ပေးကြပါဦးနော် ။ shwekhitonlinetv.com

၁။ သမင်ဖြူ

အခုပုံမှာ မြင်ရတဲ့ သမင်အဖြူလေးကိုတော့ အမျိုးသားတစ်ယောက်ဟာ လေ့လာရေး ခရီးထွက်ရင်း တွေ့လို့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ ဒီ သမင်လေးဟာဆိုရင် အသားရည် အဖြူစွဲတဲ့ ရောဂါ ကို ခံစားနေရတာဖြစ်ပြီး ညနေခင်းမှာ ခြုံတွေကြားထဲကနေ ရုတ်တရက် တွေ့ခဲ့ရတာဖြစ်လို့ အနည်းငယ်တော့ လန့်သွားမှာ အသေအချာပါပဲ ။ shwekhitonlinetv.com

၂။ ခြေထောက်အပြာရောင် ငှက်ကလေး

ပုံထဲက ခြေထောက်မှာ အပြာရောင်ဖြစ်နေတဲ့ ငှက်ကလေးတွေကို Galapagos ဆိုတဲ့ ကျွန်းကနေ ဖမ်းဆီးလာခဲ့တာပဲ ဖြစ်ပါတယ် ။ ခေါင်းပိုင်းကနေ ကိုယ်လုံးပိုင်းအထိ သာမန် ပုံစံဖြစ်ပြီး ခြေထောက် အရောင်ကသ ဒီငှက်လေးတွေကိုသာမန်ထက်ပိုပြီး ထူးခြားစေခဲ့တာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ ခွေးတစ်ကောင် အရွယ်အစားလောက်ရှိတဲ့ ဧရာမ ယုန်ကြီး

ဒီယုန်လေးကို ကြည့်လိုက်တာနဲ့ ကိုယ့်မျက်လုံးကို မယုံနိုင်အောင် ဖြစ်သွားမှာပါ ။ အရွယ်အစားက အိမ်မွေး ခွေးနဲ့ ရွယ်တူနီးပါးလောက်ရှိပြီး ကမ္ဘာ ပေါ်မှာ အခုလိုမျိုး အရွယ်အစား ကြီးမားတဲ့ ယုန် အကောင်ရေ အနည်းငယ်ခန့်ရှိတယ်လို့လည်း သိရပါတယ် ။ shwekhitonlinetv.com

၄။ ပင့်ကူ အဖြူရောင်

ဒါကတော့ ပြင်သစ်နိုင်ငံမှာ တွေ့ခဲ့တဲ့ ပင့်ကူအဖြူရောင်လေးပဲ ဖြစ်ပါတယ် ။ ဒီပင့်ကူလေးဟာလည်း အယ်ဘိုင်းနို ဖြစ်နေတာကြောင့် သူ့ရဲ့ ခန္ဒာကိုယ် တစ်ခုလုံးဟာ စွတ်စွတ်ဖြူနေပြီး အပြင်မှာ တွေ့ရခဲလှတဲ့ ပင့်ကူ အမျိုးအစားပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။ လင်းနို့ငါး

လင်းနို့ငါးတွေရဲ့ ထူးခြားတဲ့ အသွင်အပြင်ကတော့ သူတို့ရဲ့ အနီရောင် နှုတ်ခမ်းကြောင့်ပဲ ဖြစ်ပါတယ် ။ ငါးမျိုးစိတ် တစ်မျိုး ဖြစ်ပေမယ့်လည်း ရေ ကောင်းစွာ မကူးနိုင်တာကြောင့် ရေအောက် မြေကြီးပေါ်မှာ လမ်းလျှောက်သွားနေရတာက များပါတယ် ။ shwekhitonlinetv.com

၆။ အဝါရောင် လိပ်

ဒီ အဝါရောင် လိပ်ကလေးကတော့ အိန္ဒိယ လိပ်မျိုးစိတ် အနွယ်ဖြစ်ကာ Burdwan အရပ်က ရေကန်ထဲမှာ ရှာတွေ့ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ များသောအားဖြင့်ကတော့ ဒီလိပ်မျိုးနွယ်အများစုရဲ့ အခွံပေါ်မှာ အဝါရောင် အစက်အပြောက်လေးတွေသာ ပါလေ့ရှိပေမယ့်လည်း ပုံထဲက လိပ်ကလေးကတော့ စင်းလုံးချော အဝါရောင် ဖြစ်နေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ တစ်ခြားကမ္ဘာက သက်ရှိတွေလို့တောင် အထင်မှားသွားစေနိုင်တဲ့ ထူးထူးဆန်းဆန်း အကောင်လေးတွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။