သိုးရဲ့အူနဲ့ ဖန်တီးထားတဲ့ နှစ်ပေါင်း (၂၀၀ )ကျော် သက်တမ်းရှိ ကမ္ဘာ့စျေးအကြီးဆုံး ကွန်ဒုံး

ပရိသတ်ကြီးကို အခုတစ်ခါမှာ ထူးထူးဆန်းဆန်း အကြောင်းအရာလေးတစ်ခု ကို ပြောပြပေးချင်ပါတယ် ။ ဒါကတော့ သိုးရဲ့ အူနဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ ကမ္ဘာ့စျေးအကြီးဆုံး ကွန်ဒုံးအကြောင်းပါ ။ ဘယ်လို အချက်တွေက စျေးကြီးပြီး နာမည်ကြီးနေတဲ့ ကွန်ဒုံးဖြစ်နေရလဲဆိုတာကို အောက်က စာလေးတွေ ဖတ်ပြီး အတူတူလေ့လာကြည့်လိုက်ရအောင်နော်။ shwekhitonlinetv.com

အခုပြောပြမယ့် ကမ္ဘာ့စျေးအကြီးဆုံး ကွန်ဒုံးဟာ နှစ်ပေါင်း ( ၂၀၀ ) သက်တမ်းရှိပြီ ဖြစ်ပြီး လွန်ခဲ့တဲ့ ( ၁၈ ) ရာစုနှစ် နဲ့ ( ၁၉ ) ရာစုနှစ်ကြားက ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ် ။ ဒီကွန်ဒုံးတစ်ခုကို လေလံပွဲတစ်ခုမှာ ရောင်းချခဲ့ပြီး ပေါင် ( ၄၆၀ ) တန်ဖိုးပေးကာ အမည်မဖော်လိုသူတစ်ယောက်က  ဝယ်ယူသွားခဲ့တာပဲ ဖြစ်ပါတယ် ။ အဆိုပါ ကွန်ဒုံးစာဆိုရင် ယနေ့ခေတ် ကွန်ဒုံးတွေလိုမျိုး ရာဘာအစေးကို သုံးထားတာမဟုတ်ပဲ သိုးရဲ့ အူနဲ့ ဖန်တီးထားတာပါ ။ shwekhitonlinetv.com

လွန်ခဲ့တဲ့ အတိတ်ကာလတုန်းက လူတွေဟာ ကွန်ဒုံးကို သိုး ၊ ဝက် ၊ နွား ၊ ဆိတ် နဲ့ သမင် တို့ရဲ့ အူကို သုံးပြီး ကွန်ဒုံးအဖြစ် အသုံးပြုကြတာပဲ ဖြစ်ပါတယ် ။ နောက်ပြီး ထိုခေတ်အခါတုန်းက ကွန်ဒုံးဆိုတာ ချမ်းသာတဲ့ လူတန်းစား အလွှာတွေသာ အသုံးပြုကြတဲ့ ဇိမ်ခံပစ္စည်းတစ်မျိုးအဖြစ် သတ်မှတ်ထားကြတာပါ ။ ၁၉ ရာစုနှစ်အရောက်မှာတော့ ရာဘာနဲ့ ဖန်တီးထားတဲ့ ကွန်ဒုံးတွေ အစားထိုး ဝင်ရောက်လာတဲ့ အခါမှာတော့ တိရစ္ဆာန်တွေရဲ့ အူ နဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးကို အသုံးပြုသူ နည်းပါးလာကြပါတယ် ။ shwekhitonlinetv.com

ယခု ကမ္ဘာ့စျေးအကြီးဆုံး စာရင်းဝင်ထားတဲ့ ကွန်ဒုံးကိုတော့ ပြင်သစ်နိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး လေလံတင်ခဲ့ကာ အမ်စတာဒမ်မြို့မှာ နေထိုင်တဲ့ အမည်မဖော်လိုသူတစ်ယောက်က ဝယ်ယူသွားခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီကွန်ဒုံးရဲ့ အရွယ်အစားဟာ ၁၉ စင်တီမီတာ ( ၇ လက်မ ) ရှိတယ်လို့လည်း သိရပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာ့စျေးအကြီးဆုံး စာရင်းဝင်ထားတဲ့ ကွန်ဒုံးအကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။