ကမ္ဘာပေါ်က ကိုက်အား အပြင်းဆုံး သတ္တဝါ (၆) မျိုး

ပရိသတ်ကြီးကို အခုတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ သတ္တဝါတွေထဲမှာ ကိုက်အား အသန်ဆုံး နေရာကို ပိုင်ဆိုင်ထားတဲ့ အကောင်တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ လေ့လာတွေ့ရှိချက်များအရ လူတစ်ယောက်ရဲ့ ကိုက်အားဟာ ၁၆၂ PSI (Pound Per Square Inch) ရှိတယ်လို့ သိရပါတယ် ။ shwekhitonlinetv.com

ဒီကိုက်အားဟာ အခွံမာသီးကို ကိုက်နိုင်တဲ့ အစွမ်းရှိပါတယ် ။ အခုဖော်ပြပေးမှာကတော့ သတ္တဝါတွေထဲမှာ ကိုက်အားအပြင်းဆုံး အကောင်တွေ အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၁။ အဖြူရောင် ငါးမန်း ၄၀၀၀ PSI(281 kg/cm2)

၂၀၀၈ ခုနှစ်တုန်းက ဩစတေးလျ သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့ဟာ ငါးမန်း ရဲ့ အရိုးခေါင်းကို ကွန်ပျူတာ ပုံရိပ်တွေကို အသုံးပြုပြီး X-Ray ရိုက်ကြည့်တဲ့အခါမှာ ငါးမန်းဖြူတွေရဲ့ ကိုက်အားဟာ အတော်လေး ပြင်းထန်တာကို တွေ့ခဲ့ကြပါတယ် ။ ယေဘူယျ အားဖြင့်တော့ ငါးမန်း တွေရဲ့ ကိုက်အားဟာ အရွယ်အစားပေါ်လည်း မူတည်သေးပြီး အရှည် ( ၄ ) မီတာသာ ရှိသေးတဲ့ ငါးမန်းငယ်လေးတွေရဲ့ ကိုက်အားကတော့ အတော်လေး ပျော့ပါတယ် ။ shwekhitonlinetv.com

၂။ ရေငန် မိချောင်း ၃၇၀၀ PSI (260 kg/cm2)

ဖလော်ရီဒါ တက္ကသိုလ်က ဒေါက်တာ Gregory Erikson ဟာ မိချောင်းမျိုးစိတ် ( ၂၃ ) မျိူးရဲ့ မေးရိုးတွေကို ( ၁၀ ) နှစ်အကြာ သုတေသနလုပ်ခဲ့ပါတယ် ။ ထွက်လာတဲ့ ရလဒ်တွေအရ ရေငန်မိချောင်းတွေဟာ တစ်ခြား မိချောင်းတွေထက် ကိုက်အားပိုပြီး ပြင်းတယ်လို့ သိရပါတယ် ။

အကြီးဆုံး ရေငန်မိချောင်းရဲ့ အရှည်ဟာ ၇ မီတာ ( ၂၂.၉ ပေ ) ရှိပြီး အလေးချိန်အားဖြင့် ( ၂ ) တန် ရှိကာ ကိုက်အား အလွန်ကောင်းပါတယ်။ ဒါ့ကြောင့်လည်း တစ်ခါတစ်လေ မိချောင်းတွေက လှေတွေကို တိုက်ခိုက်တဲ့အခါ ကိုက်ပြီး တိုက်ခိုက်တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ အမေရိကန် မိချောင်း ၁၅၀၀ PSI (149 kg/cm2)

အမေရိကန် မိချောင်းတွေဟာ အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း တောနက်ထဲမှာ ကျက်စားကြပြီး ဖလော်ရီဒါ ပြည်နယ်နဲ့ လူးဝစ်စီယားနား ပြည်နယ်တို့မှာလည်း တွေ့နိုင်ပါသေးတယ် ။ အရွယ်ရောက်ပြီးသား မိချောင်း အထီးတစ်ကောင်ရဲ့ အရွယ်အစားဟာ ၁၁ ပေ ကနေ ၁၅ ပေ အထိ ရှိပြီး အလေးချိန်ကတော့ ပေါင် ( ၉၀၀ ) ကျော်ပါတယ် ။ ဒါပေမယ့်လည်း အမေရိကန် မိချောင်းတွေဟာ လူတွေကို ရန်ပြုခဲပြီး သူတို့ စားသုံးနေကျ အစားအစာတွေကတော့ ငါးနဲ့ လိပ်တွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ဂျာဂွာ ကျားသစ် ၁၅၀၀ PSI (105.4 kg/cm2)

ဂျာဂွာ ကျားသစ်တွေကတော့ တစ်ခြား ကြောင်ကြီး မျိုးနွယ်နဲ့ မတူပဲ ရေကူးတဲ့နေရာမှာ ကျွမ်းကျင်ကြတဲ့ အကောင်တွေပဲ ဖြစ်ပါတယ် ။ သူတို့ဟာ ငါးတွေ ၊ လိပ်တွေနဲ့ အမာဒီလို အကောင်လေးတွေကို အမဲလိုက်ကာ စားသောက်တတ်ပါတယ်။ ဒါ့အပြင် ကုန်းပေါ်မှာလည်း အမဲလိုက် ကျွမ်းကျင်ပြီး သမင်နဲ့ နွားတွေရဲ့ သူတို့ရဲ့ သန်မာလှသော မေးရိုးတွေနဲ့ ကိုက်ဖြတ်နိုင်ပါတယ် ။ shwekhitonlinetv.com

၅။ ရေမြင်း ၁၈၀၀ PSI (126.5 kg/cm2)

လူတော်တော်များများကတော့ ရေမြင်းတွေကို ကြင်နာတတ်တဲ့ အကောင်လေးတွေလို့ ထင်ကြမှာပါ ။ တစ်ကယ့် တောထဲမှာဆိုရင်တော့ သူတို့ဟာ အာဖရိကတိုက်ထဲက အန္တရာယ်အများဆုံး အကောင်အဖြစ် သတ်မှတ်ခံထားရပါတယ်။ သူတို့ရဲ့ ကိုက်အားဟာ ခြသေင်္ံ့နဲ့ ကျွဲလို အကောင်ကြီးတွေကို သေစေနိုင်ပါတယ်တဲ့ ။ နောက်တစ်ခုက ရေမြင်းတွေဟာ ဖရဲသီး တစ်ခုလုံးကို ခဏလေးအတွင်း ကြေညက်အောင် ဝါးနိုင်ပါသေးတယ် ။ shwekhitonlinetv.com

၆။ ဂေါ်ရီလာ မျောက်ဝံ ၁၃၀၀ PSI (91 kg/cm2)

ဂေါ်ရီလာ မျောက်ဝံတွေကတော့ ငှက်ပျောသီးအပြင် အခွံမာသီးတွေကိုလည်း အလွယ်တကူ ဝါးစားနိုင်ပါသေးတယ် ။ အရွက်နဲ့ အသီးပဲ စားတဲ့ သတ္တဝါတွေ ဖြစ်ပေမယ့်လည်း သူတို့ရဲ့ အုပ်စုကို ရန်လာမူတဲ့ အကောင်တွေကို လက်သည်းတွေပါ သုံးတဲ့ အပြင် တစ်ခါတစ်ရံ အလွန်အားကောင်းတဲ့ မေးရိုးနဲ့ပါ ကိုက်တတ်ကြပါတယ်တဲ့ ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ သတ္တဝါတွေထဲမှာမှ ကိုက်အားအပြင်းဆုံး အဖြစ် သတ်မှတ်ခံထားရတဲ့ အကောင်တွေကို ဗဟုသုတ အဖြစ် ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလို ဗဟုသုတရဖွယ် အကြောင်းအရာလေးတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။