ပရိသတ်တွေ ရင်ထဲရောက်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ အကောင်းဆုံး ဗီလိန် သရုပ်ဆောင်များ

ပရိသတ်ကြီးကို အခုတစ်ခါမှာတော့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ် ။ ဒါကတော့ နာမည်ကြီး ဇာတ်ကားတွေ ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး ဗီလိန်သရုပ်ဆောင်တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီအထဲမှာ ဘယ်သူတွေပါမလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။

၁။ Heath Ledger ( Joker )

ဩစတေးလျနိုင်ငံသားတစ်ဦး ဖြစ်တဲ့ Heath Ledger ကတော့ ( ၂၀၀၈ ) ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Dark Night ဆိုတဲ့ ဇာတ်ကားထဲမှာ ဗီလိန် ဇာတ်ကောင် အဖြစ် Joker နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ် ။ Heath Ledger ဟာ Joker ဇာတ်ရုပ်အတွက် ပီပြင်စွာ သရုပ်ဆောင်နိုင်အောင် ဇာတ်ကား မရိုက်ကူးခင်ကတည်းက လန်ဒန် က ဟိုတယ်အခန်း တစ်ခုထဲမှာ တစ်ယောက်ထဲ ရက်သတ္တပတ်ပေါင်း များစွာနေထိုင်ပြီး လေ့ကျင်ခဲ့တာပါ ။ shwekhitonlinetv.com

ဒါ့အပြင် သူဟာ Comic ထဲက Joker ပါဝင်တဲ့ အခန်းတိုင်းကို ဖတ်ရှုခဲ့ပြီး သူ့ရဲ့ ကိုယ်ပိုင်စတိုင် တစ်မျိုးထွက်အောင် ကြိုးစားခဲ့ကာ စကားပြောပုံ နဲ့ ရယ်သံက အစ ပိုပြီး အသက်ဝင်အောင် လေ့ကျင့်ခဲ့ရပါသေးတယ် ။ ဒီလိုကြိုးစားမှုတွေကြောင့် Oscar ဆုရခဲ့တဲ့အတွက် သူ့အတွက်တော့ တစ်ကယ့်ကို ထိုက်တန်တယ်လို့ပဲ ပြောရမှာပါ ။ shwekhitonlinetv.com

၂။ Tom Hardy (John Fitzgerald )

ဗြိတိန်နိုင်ငံသား တစ်ဦး ဖြစ်တဲ့ Tom Hardy ကတော့ ( ၂၀၀၅ ) ခုနှစ်က ထွက်ရှိခဲ့တဲ့ The Revenant ဆိုတဲ့ ဇာတ်ကားထဲမှာ လီယိုနာဒို နဲ့ အတူ သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီဇာတ်ကားထဲမှာဆိုရင် Tom Hardy ရဲ့ သရုပ်ဆောင်မှုတွေက ပြောင်မြောက် လွန်းလှပြီး ဗီလိန် ဇာတ်ကောင် နေရာကနေ ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပါတယ် ။ shwekhitonlinetv.com

လူတော်တော်များများကတော့ The Revenant ဇာတ်ကားကြီး အောင်မြင်ရတဲ့ အကြောင်းရင်းတွေထဲမှာ Tom Hardy ရဲ့ သရုပ်ဆောင်ကောင်းတာတွေ လည်း ပါဝင်တယ်လို့ ပြောကြပါတယ် ။ shwekhitonlinetv.com

၃။ Ralph Fiennes (Lord Voldemort )

Harry Potter လို့ ပြောလိုက်တာနဲ့ မသိသူမရှိလောက်အောင် ဒီဇာတ်ကားကြီးရဲ့ အောင်မြင်မှုက ကြီးလွန်းလှပါတယ် ။ Ralph Fiennes ကတော့ ဒီဇာတ်ကားထဲမှာ Lord Voldermort ဆိုတဲ့ အဓိက ဗီလိန်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ သရုပ်ဆောင်ကောင်းလွန်းတာတွေ ကြောင့် Harry Potter ဇာတ်ကားကြည့်သူတွေထဲမှာ Lord Voldermort ရဲ့ Fan တွေက ဒုနဲ့ဒေးပါပဲ ။ shwekhitonlinetv.com

၄။ Glenn Close (Cruella de Vil )

Glenn Close အကြောင်းပြောရမယ်ဆိုရင်တော့ အသက် ( ၃၀ ) ကျော်မှ အနုပညာလောကထဲ လျှောက်လမ်းခဲ့တာကနေ ပြောရမှာပါ ။ သူမဟာ ( ၁၉၉၆ ) ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ 101 Dalmatians ဆိုတဲ့ ဇာတ်ကားထဲမှာ ဗီလိန်နေရာကနေ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကို အမှတ်ရနေစေအောင် လုပ်နိုင်ခဲ့ပါတယ် ။ ဒီဇာတ်ကားကြောင့်ပဲ သူမဟာ ပိုပြီးအောင်မြင်လာခဲ့ပြီး အနုပညာ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ် ။ shwekhitonlinetv.com

၅။ Helena Bonham Carter (The Queen of Hearts )

Helena Bonham Carter ကတော့ Harry Potter ဇာတ်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ အပြင် Alice in Wonderland ဆိုတဲ့ ဇာတ်ကားထဲမှာလည်း ပါဝင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ( ၂၀၁၀ ) ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Alice in Wonderland ဇာတ်ကားထဲမှာတော့ အဓိက ဗီလိန်ဇာတ်ကောင်ဖြစ်တဲ့ The Queen of Hearts နေရာကနေ သရုပ်ဆောင်ခဲ့တာပါ ။ shwekhitonlinetv.com

ဒီဇာတ်ကားထဲမှာဆိုရင် Helena ရဲ့ သရုပ်ဆောင်ချက်တွေက ပီပြင်ချက်ကတော့ တစ်ကယ့်ကို လက်ဖျားခါလောက်စရာပါ ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ပရိသတ်တွေရဲ့ ရင်ထဲရောက်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ ထာ၀ရ အကောင်းဆုံး ဗီလိန်ဇာတ်ဆောင်တွေထဲကမှ အချို့ကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။